Friday, May 30, 2014

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေငြာချက်အား ကန့်ကွက်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မေ ၂၃ရက် ကြေးမုံသတင်းစာတွင်ပါဝင်သော ကြေငြာချက်နှင့် ပတ်သက်၍လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇေယျာ မှမေ၂၆ ရက်နေ့တွင်ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေငြာချက်တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အမည်၊ပါတီအလံ၊တံဆိပ်နှင့်အသုံးပြုထားသောအရောင် အားလုံးတူညီနေခြင်းကြောင့် ကန့်ကွက်ခဲ့ ခြင်းဖြစ်သည် ဟု သိရသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ခုနှစ်တွင် တရားဝင်စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဦးအောင်ဇော်မိုးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် ဦးဇေယျ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့က နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုရန်ရွေးကောက်ပွဲကော်မရှင်သို့တင်ပြထားပြီး ပြည်တွင်း အင်အားစု၊ ပြည်ပ အင်အားစုများ တရားဥပဒေအရ ဖြေရှင်းညှိနှိုင်းခြင်းမပြုလုပ်ရသေးသဖြင့် ပါတီအမည်၊ အလံ ၊တံဆိပ် နှင့် ဒီဇိုင်းများကို တရားဝင်သုံးစွဲခွင့် မပြုရန်  ကန့်ကွက်ကြောင်းကြေငြာခဲ့သည်။

“၁၉၉၁ ခုနှစ်ထဲက ကျွန်တော်ဒီပါတီမှာ ဥက္ကဌအဖြစ်ဆောင်ရွက်နေတာပါ။ ၂၀၁၂ခုနှစ် ဇန်နဝါရီ၁၃ရက် ထောင်ကထွက်တော့ဘယ်နိုင်ငံရေးပါတီမှာ ပြန်လည်လုပ်ကိုင်မလဲဆိုတော့ ကျွန်တော်လူကဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။

ဒီပါတီမှာပဲ ရပ်တည်ဆောင်ရွက်သွားမှာပါ။ ဘယ်နိုင်ငံရေးပါတီကိုမှ ဝင်ရောက်လုပ်ကိုင်မှာမဟုတ်ပါဘူး” ဟု ဦးဇေယျမှ သူ၏သဘောထားကို ပြောဆိုခဲ့သည်။

“ဦးအောင်မိုးဇော် ကိုကျွန်တော်တို့ပါတီဝင်အဖြစ်မှ တရားဝင်အစည်းအဝေးခေါ်ပြီး ပါတီဝင်အဖြစ်မှ ထုတ်ပါယ်ထားတာပါ။ ဒါပေမယ့်အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့တံခါးဖွင့်ထားပါတယ်။ ညီညွတ်ရေးကိုလည်း ကြိုးစားလုပ်ဆောင်သွားမှာပါ ” ဟု ၄င်းကဆက်လက်ပြောကြားသည်။

“ကျွန်တော်ကလူဘောင်သစ်ကလွဲရင် ဘယ်နိုင်ငံရေးပါတီကိုမှ ဥပဒေအကြံပေးမလုပ်ပါဘူး။ဘယ်ဖက် မှလည်း ဘက်မလိုက်ဘူး။ကျွန်တော်ပါတီဝင်လည်းမဟုတ်ဘူး။ ပြည်တွင်းအင်အားစုမှာ ဥပဒေအကြံပေး ဆောင်ရွက်ရတာကတော့ သူတို့ကအခုအချိန်အထိညီညွတ်ရေးကို လိုလားနေလို့ပါ။ 

လူ့ဘောင်သစ် ခေါင်းဆောင်တွေက ပါတီရဲ့အတိတ်ကအစိတ်အပိုင်းတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ကိုက်ညီရဲ့လားလို့စဉ်းစားရပါမယ်”ဟု လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ မှဥပဒေအကြံပေး ဦးတင်သန်းဦးမှပြောကြားခဲ့သည်။

လင်းလင်း(MMA)
The Myanmar Age

No comments:

Post a Comment

My Blog List