Ooredoo မြန်မာသည် မြန်မာနိုင်ငံအတွင်းရှိ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင်မြို့ နယ်ပေါင်း(၂၀)နှင့်ကျေးရွာပေါင်း(၁၈၀၀)ကျော်ရှိ ပြည်သူ(၆)သောင်းကျော် အားကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း Ooredoo မြန်မာ၏ အလုပ် အမှုဆောင် Mr.Ross Cormack ကပြောသည်။
“ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ဆက်သွယ်ရေးကိုပဲလုပ်နေတာမဟုတ်ပါဘူးOoredoo၏ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့အခန်းဏ္ဍကိုလည်း လုပ်ဆောင်နေပါတယ်။ Ooredoo ရဲ့  ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းတွေ ကျွန်တော်တို့ လုပ်ငန်းလည်ပတ်နေတဲ့နေရာတွေမှာ ဆောင်ရွက်လျှက်ရှိ ပါတယ်။
ဒါကြောင့် မြန်မာပြည်မှာကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍဟာ လိုအပ်နေတာကိုတွေ့ရတဲ့ အတွက် ပထမဦးဆုံးတိုင်းဒေသကြီး (၃)ခုက မြို့ နယ်တွေ ကျေးလက် ဒေသတွေမှာသွားရောက် ကုသနိုင်ဖို့အတွက် အစီစဉ်တွေရေးဆွဲထားပါပြီ ” ဟု Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Mr.RossCarmackက ဆိုသည်။
Ooredoo မြန်မာသည် ၎င်းကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့ နယ်ပေါင်း(၂၀)နှင့်ကျေးရွာပေါင်း(၁၈၀၀)ကျော်ရှိ ပြည်သူ (၆)သောင်းကျော်အား (၂)နှစ်အတွင်းကျန်းမာရေး ချို့ တည့်နေသူများကို ကုသပေးသွား မည်ဖြစ်သည်။
ယင်းကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နိုင်ရန်အတွက် (APCT) မြန်မာနှင့် ပူးပေါင်းကာ မိခင်နှင့် ကလေးကျန်းမာစေရေး၊ အဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရောဂါရှာဖွေကုသခြင်းများကို လုပ်ဆောင် ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့  များ၌ (FHI360)အဖွဲ့နှင့် ပူးပေါင်း၍တစ်နှစ်အတွင်း လူဦးရေ (၃၆၀၀၀)ခန့် ကုသပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်တွင် ဆရာဝန်တစ်ဦး၊သူနာပြုတစ်ဦး၊ ဓါတ်ခွဲခန်း ကျွမ်းကျင်သူတစ်ဦး၊ ပါဝင်မည်ဖြစ်ပြီး ရောဂါရှာဖွေရေး၊ ကုသရေး၊ကာကွယ်ဆေး ထိုးခြင်း၊ရောဂါကာကွယ် ခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း Ooredoo မြန်မာမှ သိရသည်။
ချစ်မင်းထွန်း
The Myanmar Age
No comments:
Post a Comment