Monday, May 26, 2014

တရုတ်တောင်ပိုင်းတွင် ရေကြီး၊ ၁၉ ဦး သေဆုံး



တရုတ်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မိုးသည်းထန်ပြီးနောက် ရေကြီးမှုအတွင်း လူ ၁၉ ဦး သေဆုံး သွားတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။စီစီတီဗွီရုပ်သံမှာ ကယ်ဆယ်နေတဲ့ပုံတွေကို ပြသထားပြီး မိုးသည်းထန်လွန်းတာကြောင့် ဂွမ်ဇူးမြို့က နှစ် ၈၀ သက်တမ်းရှိတဲ့ တံတား ၁ စင်းလည်း ပြိုကျသွားတယ်လို့ ဆိုပါတယ်။
ဂွမ်ဇူးခရိုင်ထဲက တချို့ ဒေသတွေမှာ ရေ ၂ ပေအထိ မြင့်တက်နေပြီး လူ ၇ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

ဒီ ၁ ပတ်အတွင်းမှာ နောက်ထပ် မိုးသည်းထန်ဦးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List