Friday, May 30, 2014

ရှမ်းပြည်နယ်မှာ သိမ်းဆည်းလယ်ဧက ၂၀၀၀ တောင်သူတွေထံ လွှဲပြောင်း



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ လင်းခေးခရိုင်အတွင်းမှာ သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧက ၂၀၀၀လောက်ကို ဒီနေ့ တောင်သူတွေထံ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။အဲဒီ လွှဲပြောင်းပေးအပ်ပွဲမှာ အမှန် တကယ် အသုံးပြုနေတဲ့မြေတွေကိုတော့ စွန့်လွှတ်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောပါတယ်။
အဲဒီအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ရွာငံ၊ တောင်ကြီး၊ ရပ်စောက်၊ ကလော၊ လင်းခေး၊ ဟိုပုံး စတဲ့မြို့နယ်တွေက မြေသိမ်းခံ တောင်သူတွေအပါအဝင် လူ ၇၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ပြန်လည်ပေးအပ်မယ့် မြေယာဧက တစ်သောင်းနှစ်ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ပြန်လည်ပေးအပ်တဲ့ မြေယာဧက ၂၀၀၀ လောက်ဟာ စစ်တပ်၊ အစိုးရဌာနဆိုင်ရာတွေနဲ့ အစိုးရရဲ့ စီမံကိန်းတွေ အတွက် သိမ်းဆည်းခဲ့တဲ့မြေတွေဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List