Thursday, May 29, 2014

ထိန်းသိမ်းထားသူ ၂၅၀ ကျော် ထိုင်းစစ်တပ်ပြန်လွှတ်


ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ် စစ်အာဏာသိမ်းပြီးနောက်ထိန်းသိမ်းထားသူများနှင့်ပတ်သက်၍ ထိန်းသိမ်း ထားသူအများစုကိုပြန်လွှတ်ပေးလိုက်ပြီဟု ထိုင်းစစ်တပ်က ပြောဆိုလိုက်သည်။နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့်ပညာရှင်များအပါအ၀င် လူပေါင်း ၂၅၃ ယောက်ကို စစ်တပ်က ဆင့်ခေါ်ခဲ့ပြီးအခုထိုအထဲက ၁၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

၇၆ ယောက်ကိုတော့ထိန်းသိမ်းထားဆဲဖြစ်ပြီး ကျန် ၅၃ ယောက်ကိုမူဆင့်ခေါ်ချိန်တွင်ရာက်မလာခဲ့ဟု ထိုင်းစစ်ဘက်ပြောခွင့်ရသူ Werachon Sukondhapatipak ကပာခဲ့သည်။

ပြန်လွှတ်ပေးလိုက်သူတွေအပေါ် စစ်တပ်က ဖိနှိပ်ဆက်ဆံခဲ့ခြင်းမရှိကြောင်း အဆိုပါလူတွေက ပြောဆို ပြခြင်းကိုလည်း ရုပ်မြင်သံကြားကတဆင့်ပြသခဲ့သည်။ 

အစိုးရကို ထောက်ခံသူနှင့်ဆန့်ကျင်သူ နှစ်ဘက်စလုံးကဆန္ဒပြသူတို့သည် စစ်တပ်ကဖမ်းဆီးမှု လုပ်သွား မည်ဟု ခြိမ်းခြောက်ထားသော်လည်း၎င်းကိုအာခံ၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်လက် ဆန္ဒပြခဲ့ကြ သည်။

နိုင်ငံရေးတင်းမာမှုများ ရှိနေသည့်တိုင်အောင် မြို့တော် ဘန်ကောက်တွင်အခြေအနေများ ပုံမှန်အတိုင်း လည်ပတ်နေပြီး ည ၁၀ နာရီမှ မနက် ၅နာရီအထိအပြင်မထွက်ရအမိန့်ကို လျှော့ချ၍ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိအပြင်မထွက်ရဟု အမိန့်လျှော့ချပေးခဲ့သည်။

Source;AP
The Myanmar Age

No comments:

Post a Comment

My Blog List