Tuesday, May 27, 2014

ထိုင်းသို့ပေးအပ်မည့် စစ်ဘက်အကူအညီ ဒေါ်လာ ၃ ဒသမ ၅ သန်းကို အမေရိကန်ရပ်ဆိုင်း


အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံကိုပေးအပ်မယ့် စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ၃ ဒသမ ၅ သန်းကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ အမေရိကန်က ထိုင်းကိုပေးအပ်မယ့် အကူအညီ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်က ထိုင်းကိုခရီးသွားဖို့စီစဉ်ထားတဲ့ သူ့နိုင်ငံသား များကိုလည်း ပြန်လည်စဉ်းစားကြရန် တောင်းဆိုလိုက်ပါတယ်။

နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး ဂျူလီဘစ်ရှော့ကထိုင်းနိုင်ငံကို ပေးအပ်မယ့် ဒေါ်လာ ၁ဝ ဒသမ ၅ သန်းတန်ဖိုးရှိကျန်အကူအညီများပေးရန်ကိုလည်း ပြန်လည်သုံးသပ်နေကြောင်း ပြောကြားပါတယ်။

သူက“ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ဖို့နဲ့ ထိုင်းစစ်တပ်ကို လေ့ကျင့်ပေးဖို့ကိစ္စကို ရပ်ဆိုင်းလိုက်ပါပြီ။ ကျန်တဲ့ အကူအညီတွေကိုလည်း ရပ်ဆိုင်းဖို့သုံးသပ်နေပါတယ်” ဟု သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။ 

သူမက ထိုင်းနိုင်ငံကို ဦးတည်ရောက်ရှိသွားနိုင်တဲ့ ငွေကြေးများကိုသတ်မှတ်ရန် ၁ဝနိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအတွက်၎င်းတို့ရဲ့ ရန်ပုံငွေချထားပေးမှုတွေကိုလည်း 
အသေးစိတ်ပြန်လည် စစ်ဆေးနေတယ်လို့ ပြောပါတယ်။

source;AFP
The Myanmar Age

No comments:

Post a Comment

My Blog List