Tuesday, May 27, 2014

ရက်ပေါင်း ၅၄ ရက်ကြာပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ခြင်း တစ်နိုင်ငံလုံး၌ ယနေ့စတင်မည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂) မှ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေး ထိုးဆန္ဒထုတ်ဖော်မှုကို တစ်နိုင်ငံလုံး၌ ယနေ့ (မေ ၂၇ ရက်)တွင် စတင်ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တစ်နိုင်ငံလုံး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခြင်းကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်ထိ ရက်ပေါင်း ၅၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်ဥတ္တရသီရိမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုးလှုပ်ရှားမှုအတွက် စာအုပ်တွေကို ဖြန့်ဝေပြီးသွားပြီ။ ဒါအားလုံးနဲ့သက်ဆိုင်တဲ့ လုပ်ငန်း တစ်ခုပါ။ မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်တယ်။ ပြည်သူတွေအားလုံးအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ "လက်မှတ်ရေးထိုးလှုပ်ရှားမှုအတွက် စာအုပ်တွေကို ဖြန့်ဝေပြီးသွားပြီ။ ဒါအားလုံးနဲ့သက်ဆိုင်တဲ့ လုပ်ငန်း တစ်ခုပါ။ မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်တယ်။ ပြည်သူတွေအားလုံးအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်လိုသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး စိတ်ပေါ့သွပ်သူမဟုတ်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရာတွင် အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာတို့ကို ဖော်ပြရမည်ဖြစ်ကာ မိမိဆန္ဒသဘောအလျောက် တစ်ကြိမ်သာ လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် တစ်နိုင်ငံလုံးလက်မှတ်ရေးထိုးနိုင်ရန် မေ ၁၇ ရက်၊ မေ ၁၈ ရက်နှင့် မေ ၂၅ ရက်တို့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ဟင်္သာတမြို့တို့တွင် ဟောပြောပွဲများပြုလုပ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်၍ ဥပဒေဘောင်အတွင်း လွှတ်တော်နည်းဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူများနှင့်အတူ တပ်မတော်သားများပါ ပါဝင်ဆောင်ရွက်ပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါဟောပြောပွဲများတွင် တိုက်တွန်းပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအ၀င် နိုင်ငံအနှံ့တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှလည်း ဖိအားပေးလျက်ရှိသည်။  

အနုပညာရှင်များအနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List