Tuesday, May 27, 2014

နိုင်ငံတကာရွေ့ ပြောင်းလုပ်သားများလူမှု့ကွန်ယက်မှ တတိယအကြိမ်မြောက် ပုဒ်မ(၄၃၆)၊၅၉(စ/ဃ) ပြင်ဆင်ရေး ဆန္ဒပြ







၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသောပုဒ်မ(၄၃၆)၊ ၅၉(စ/ဃ)ပြင်ဆင်ရေးအား နိုင်ငံ တကာရွေ့ ပြောင်းလုပ်သားများလူမှု ကွန်ယက်မှ မေ(၂၇)ရက်ကကျောက်တံတားမြို့ နယ်ရဲစခန်းခွင့်ပြု ချက်ဖြင့် မဟာဗန္တုလပန်းခြံအနောက်ဘက်မှစတင်၍ပန်းဆိုးတမ်း၊ ကုန်သည်လမ်းတို့ရှေ့၌ စီးတန်းလှည့် လည်ဆန္ဒထုတ်ဖော်ခြင်းများ တတိယအကြိမ် မြောက်အဖြစ်ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြင့်ဖို့အတွက် ဒီနေ့ ပုဒ်မ(၄၃၆)၊၅၉(စ/ဃ)ကို ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ဒီပုဒ်မတွေဟာဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်ရေးအတွက် ရးဆွဲထား တဲ့ပုဒ်မတွေဖြစ်လို့ ကျွန်တော်တို့မဖြစ် ဖြစ်တဲ့နည်းနဲ့ရအောင်ပြင်ဆင်ဖို့လုပ်ဆောင်မယ်။ 

လွဲတော့ မလွဲဘူးပေါ့။ ဒါပေမဲ့ မလုပ်ပဲနဲ့ထိုင်နေလို့လည်းမရဘူး ပြည်ပမှာရောက်နေတဲ့ ရွေ့ပြောင်း လုပ်သားတွေအားလုံးကလည်းဒီပုဒ်တွေ ပြင်ဆင်ရေးစွဲဖို့အတွက် ဆန္ဒထုတ်ဖော်တာကို အားလုံး ထောက်ခံကြတယ်။

မြန်မာပြည်မှာလည်းအားလုံးပါဝင်ဖို့ဒီနေရာကနေ ကျွန်တော်တို့ နိုင်ငံတကာရွေ့ပြောင်း လုပ်သားများ လူမှု ကွန်ယက်ကနေတိုက်တွန်းပါတယ် ဒါမှ ဒီလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်ပါ တယ်”ဟု နိုင်ငံတကာ ရွေ့ပြောင်းလုပ်သားများ လူမှုကွန်ယက် ကိုယ်စားလှယ်ဦးစန်းဝင်းအောင် မှပြောပြ ခဲ့သည်။

နိုင်ငံတကာရွေ့ပြောင်းလုပ်သားများလူမှု့ကွန်ယက်အနေဖြင့် ၃.၁.၂၀၁၄ရက်က ပထမအကြိမ် ပုဒ်မ(၄၃၆)၊၅၉(စ/ဃ) ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆန္ဒပြခဲ့သလို ၂၉.၃.၂၀၁၄ရက်က ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး (ယနေ့) မေလ(၂၇)မှာတော့တတိယအကြိမ်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ပုဒ်မ(၄၃၆)ကို နိုင်အောင်တိုက်ရမယ် ဒါမှ ပြည်သူတွေရဲ့ အခန်းကဏ္ဍတွေကို အသက် ဝင်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်။ပုဒ်မ(၄၃၆)ဟာ ပြည်သူတွေရဲ့  အခွင့်အရေး (၃)ပုံပါတယ်။ တပ်မတော်ရဲ့ အခွင့်အရေး(၁)ပုံပဲပါတယ်။ဒါကြောင့် ပြည်သူတွေရဲ့  အခွင့်အရေးကိုရအောင် လုပ်ရမှာဖြစ် လို့ ဒီပုဒ်မ (၄၃၆)ကို ပြင်ဆင်ဖို့ဆန္ဒပြခြင်းဖြစ်တယ်”ဟု ဦးဘမြင့် (ဒီမိုကရေစီအင်အားစု)မှ ပြောပြခဲ့သည်။

တတိယအကြိမ်ဆန္ဒထုတ်ဖော်ခြင်းတွင် ဒီမိုကရေစီအင်အားစုများအပြင် မြန်မာနိုင်ငံရှေ့ နေများ ကွန်ယက်၊ အရပ်ဖက် အဖွဲ့အစည်းများ ၊NLD အဖွဲ့ဝင်များပါ ပါဝင်ခဲ့ကြောင်းသိရှိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List