တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အချောသပ်ရေးဆွဲနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ သဘောထားရယူရန် ထိပ်သီးခေါင်းဆောင်များ ညီလာခံခေါ်ယူသည့် နည်းလမ်း(သို့မဟုတ်) လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီအား သွားရောက်ရှင်းလင်းသည့်နည်း စသည့်နည်း လမ်းနှစ်မျိုးအနက် နည်းလမ်းတစ်မျိုးဖြင့် ဆောင်ရွက်ရန်စဉ်းစားနေသည်ဟု NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။
မူလက တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးညီလာခံခေါ်ယူပြီး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCCT အဖွဲ့ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း (ဒုတိယအဆင့်)ကို ရှင်းပြကာ ယင်းမူကြမ်းကို အချောသပ်ရေး ဆွဲနိုင်ရေးအတွက် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ၏ အဆုံးအဖြတ်ရယူသွားမည်ဟု စီစဉ်ထားသော် လည်း အပစ်ရပ်စဲရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရေးအတွက် NCCT အဖွဲ့ဝင်များ လူစုခွဲကာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီထံသို့ သွားရောက်ရှင်းလင်းသည့်နည်းကို စဉ်းစားနေခြင်းဖြစ် ကြောင်း သိရသည်။
တကယ်လို့ အစည်းအဝေးခေါ်ဖို့ အချိန်မရဘူးဆိုရင် ကျွန်တော်တို့ NCCT အဖွဲ့တွေ လူခွဲပြီးတော့မှ တစ်ဖွဲ့ချင်းကိုသွားတွေ့မယ်။ ဇွန်လအတွင်းမှာ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ "ကျွန်တော်တို့က ဖြစ်နိုင်လို့ရှိရင် ထိပ်သီးအစည်းအဝေးခေါ်မယ်။ အစည်းအဝေးကနေပြီးမှ ဆုံးဖြတ်ချက်ချမယ်။ တကယ်လို့ အစည်းအဝေးခေါ်ဖို့ အချိန်မရဘူးဆိုရင် ကျွန်တော်တို့ NCCT အဖွဲ့တွေ လူခွဲပြီးတော့မှ တစ်ဖွဲ့ချင်းကို သွားတွေ့မယ်။ ဇွန်လအတွင်းမှာ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အစည်းအဝေးအဖြစ်နဲ့ခေါ် မလား တစ်ဖွဲ့ချင်းတွေ့မလားဆိုပြီးတော့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့အချိန်မရှိတဲ့ အပေါ်မှာ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုနေတဲ့အတွက်ကြောင့်ပါ။ သူတို့နဲ့ (အစိုးရနဲ့) မတွေ့ခင် ထိပ်သီးတွေ နဲ့တွေ့ဖို့လိုတယ်လေ။ အဲဒီအတွက်ကြောင့် ဘယ်ဟာပိုမြန်မလဲ ကျွန်တော်တို့စဉ်းစားနေတယ်။ နှစ်မျိုးဖြစ်နိုင်တယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် နှစ်ဖက်ပူးတွဲရေးဆွဲသော တစ်နိုင်ငံလုံးအပစ် ရပ်စဲရေး စာချုပ်တစ်ခုရရှိရန် ညှိနှိုင်းလျက်ရှိရာ ဧပြီလဆန်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မူကြမ်း(ပထမအဆင့်) ကိုရရှိခဲ့ပြီး မေ ၂၁ရက် မှ ၂၃ရက်အထိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မူကြမ်း (ဒုတိယအဆင့်)ကို အတည်ပြုနိုင်ခဲ့ကာ မူကြမ်းအချောသပ်ရေးဆွဲနိုင်ရေးအတွက် လာမည့်ဇွန်လအတွင်း ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။
"ဇွန်လမှာတွေ့ဆုံတဲ့အခါ ပိတ်ဆို့နေတဲ့ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အရာအားလုံးကို ဖြေလျှော့ဖို့ အတွက်မှာ အခုလက်ရှိအဆင့်မှာ NCCT နဲ့ UPWC ကနေ ဆွေးနွေးလို့ ညှိလို့ရတဲ့အပိုင်းကတော့ ကျွန်တော်တို့ တော်တော်များများ ညှိထားပြီးပြီ။ ကျွန်တော်တို့သဘောထားကိုလည်း သူတို့ကိုပြောပြီးပြီ။ သူတို့သဘောထားကိုလည်း ကျွန်တော်တို့သိပြီးပြီ။ ဆိုတော့ နှစ်ဖက်သော ထိပ်သီးတွေက ဆုံးဖြတ် ချက်ပေးဖို့လိုပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။
တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပြုသဘောဆောင် အထောက် အကူပေးနိုင်သော ညီလာခံများ၊ တွေ့ဆုံဆွေးနွေးမှုများအား တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များကြား ပြုလုပ်လိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဟု မေ ၂၃ရက်က ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲအပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအား ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment