Thursday, May 29, 2014

အမေရိကန်သံတမန်ရေး အောင်မြင်မှုအဖြစ် မြန်မာကို သမ္မတ အိုဘားမား နမူနာပြ



အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွေဟာ မှန်ကန်တဲ့လမ်းကြောင်းမှာရှိနေတာကို မြန်မာနိုင်ငံ ကို နမူနာအဖြစ်နဲ့ ကြည့်နိုင်တဲ့အကြောင်း သမ္မတ ဘရက်ခ်အိုဘားမား က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စစ်အာဏာရှင် စနစ်အောက်မှာ ရှိနေခဲ့ပြီး အမေရိကန်ကိုလည်း ရန်လိုတဲ့ သဘောထားရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ လူထုရဲ့ သတ္တိရှိရှိ ပြုပြင်ပြောင်းလဲလိုစိတ်တွေနဲ့ အမေရိကန်ရဲ့ သံတမန်ရေးရာ ချဉ်းကပ်မှုတွေကြောင့် သေနတ်တချက် မဖောက်ရဘဲ ပြောင်းလဲလာခဲ့တဲ့ အကြောင်း အမေရိကန်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်လို့ အမေရိကန် စစ်တက္ကသိုလ် West Point မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ ဆက်ဆံလိုတဲ့အတွက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကိုလည်း တဖြည်းဖြည်းချင်း ခွာချလာနေတာ တွေ့ရတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အမေရိကန်အနေနဲ့ အားပေးသလို၊ အကြီးအကျယ် လိုအပ်နေတဲ့ အမျိုးသားပန်လည် သင့်မြတ်ရေး မှာလည်း ကူညီထောက်ပံ့မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောက်ခံမှု ပေးနေတယ်လို့ သမ္မတက ပြောဆိုခဲ့တာပါ။

VOA

No comments:

Post a Comment

My Blog List