Wednesday, May 28, 2014

ထိုင်းစစ်တပ်က နေဝင်မီးငြိမ်းအမိန့်ကို တစ်နေ့လေးနာရီလျှော့ချ


ထိုင်းနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသားရေး ကောင်စီက နေဝင်မီးငြိမ်း အမိန့်သတ်မှတ်ချိန် ခုနစ်နာရီကြာ သတ်မှတ်ထားရာမှ လေးနာရီ လျှော့ချ လိုက်ကြောင်း မေ ၂၇ ရက်တွင် ကြေညာခဲ့သည်။ေ နဝင်မီးငြိမ်းအမိန့်သစ်မှာ မေ ၂၈ ရက် နေ့စတင် အသက်ဝင်မည်ဖြစ်သည်။

နိုင်ငံတော်အာဏာသိမ်းလိုက်ပြီး ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားလိုက်ကြောင်း ထိုင်း စစ်ဘက်ဆိုင်ရာအကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာ လိုက်ပြီးနောက် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ (ခုနစ်နာရီကြာ) နေဝင်မီးငြိမ်းအမိန့်ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခလိပ်ခဲတည်းလည်းအခြေအနေဖြစ်နေစဉ် အကြမ်းဖက်မှုများ ထပ်မံမဖြစ် ပွားရေးကာကွယ်ရန်ဆိုကာ ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် သုံးရက်အကြာတွင် နေဝင်မီးငြိမ်းအမိန့်သတ်မှတ်ချိန်ကို ယင်းကဲ့သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။

Ref: Strait Times
7Day News Journal

No comments:

Post a Comment

My Blog List