Wednesday, May 28, 2014

ထိုင်း ပညာရေးဝန်ကြီးဟောင်းကို ထိုင်းစစ်တပ်ဖမ်း


ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရပ်ဖို့စစ်တပ်အကြီးအကဲရဲ့ သတိပေးချက်ကို အာခံပြီး ဘန်ကောက်မြို့မှာရာနဲ့ချီတဲ့လူအုပ်တွေ စုဝေးခဲ့ကြပါတယ်။ စစ်တပ်ရဲ့ခြိမ်းခြောက်မှုကို မကြောက် လို့ အခုလို လမ်းပေါ်ထွက် ဆန္ဒပြနေရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကဆိုကြပါတယ်။ 

စစ်အာဏာသိမ်းမှုကို တရားမ၀င်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့တဲ့ပညာရေးဝန်ကြီးဟောင်း Chaturon Chaisang ကိုလည်း ဝေဖန်ပြီးမိနစ်ပိုင်းအကြာမှာပဲ နိုင်ငံခြားသတင်းထောက်တွေရှေ့မှောက်မှာဖမ်းဆီးလိုက်ပါတယ်။ 

စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မဖြစ်ပွားခင်အစောပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီရဲ့အကြီးအကဲတာဝန်ယူဖို့ 
ဘုရင်ကိုယ်တိုင်က သူ့ကိုထောက်ခံထားတာဖြစ်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ 

တကယ်လို့ ဆန္ဒပြပွဲတွေတဖန်ပြန်ပြီး ထကြွလာမယ်ဆိုရင် အင်အားသုံးဖြေရှင်းဖို့ကလွဲလို့တခြားနည်းလမ်း မရှိတော့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောခဲ့ပါတယ်။

Source;Xinhua
The Myanmar Age

No comments:

Post a Comment

My Blog List