Monday, May 26, 2014

အကျဉ်းကျ အိန္ဒိယငါးဖမ်းလုပ်သား ၁၅၀ ခန့်ကို ပါကစ္စတန် ပြန်လွှတ်


ပါကစ္စတန်နိုင်ငံမှာ အကျဉ်းချခံထားရတဲ့ အိန္ဒိယငါးဖမ်းလုပ်သား အယောက် ၁၅၀ လောက်ကို နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်နဲ့ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ အကျဉ်းသား ၅၂ ဦးကို ပထမအသုတ်အဖြစ် ကရာချီမြို့ အကျဉ်းထောင်တခုက လွှတ်ပေးလိုက်ပြီး ဒုတိယအသုတ်အဖြစ် အကျဉ်း သား ၉၂ ဦးကို ဟိုက်ဒရာဘတ်အကျဉ်းထောင်က လွှတ်ပေးမှာ ဖြစ်ပါတယ်။

အကျဉ်းသားတွေကို လာဟိုးမြို့ကနေတဆင့် နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယအာဏာပိုင်တွေဆီ ဒီနေ့ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ပင်လယ်ပြင်နယ်နိမိတ် သတ်သတ်မှတ်မှတ်လည်း မရှိတော့ နှစ်နိုင်ငံ ငါးဖမ်းလုပ်သားတွေဟာ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ အပြန်အလှန် မကြာခဏ အဖမ်းဆီး ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီဘ၀မှာ အိန္ဒိယနဲ့ ပါကစ္စတန် ခွဲထွက်ခဲ့တဲ့ ၁၉၄၇ နောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ ၃ ကြိမ်တိုင်တိုင် စစ်မက် ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ဘုံဘေမြို့ အကြမ်းဖက်မှု နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ် ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်အဖြစ် တက်လာပြီးနောက်ပိုင်း အိန္ဒိယနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနှစ် အိန္ဒိယရွေးကောက်ပွဲမှာ ဘီဂျေပီပါတီမှာ ဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း နာရင်းဒရာ မိုဒီ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ ပါတယ်။

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဖြစ်လာတဲ့ နာရင်းဒရာ မိုဒီရဲ့ ကျမ်းသစွာ ကျိန်ဆိုပွဲကို ပါကစ္စတန် ၀န်ကြီးချုပ် နာဝပ်ရှရစ် တက်ရောက်ဖို့ မေ ၂၆ ရက် ဒီနေ့မှာ နယူးဒေလီမြို့တော်ကို ရောက်ရှိလာတာကြောင့် နျူးကလီယား ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး တက်ရောက်မှုလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List