Tuesday, May 27, 2014

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဦးစားပေးလုပ်မည်ဟု လစ်ဗျား ၀န်ကြီးချုပ်သစ်ပြော


လစ်ဗျားနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာတဲ့ အာမက် မိုင်းတီခ် (Ahmed Maiteeq)က သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ လစ်ဗျားတပ်မတော်ကို ပြန်လည် ဖွဲ့စည်းရေးလုပ်ငန်းတွေ ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ မေ ၂၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

လစ်ဗျားပါလီမန်ကို ဗိုလ်ချုပ်ဟောင်း ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar)ကို သစ္စာခံတဲ့တပ်တွေ တိုက်ခိုက်ခဲ့ပြီး ၁ ပတ်အကြာမှာ အာမက် မိုင်းတီခ်ဟာ လစ်ဗျားနိုင်ငံရဲ့ တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာတာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံဟာ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရပြီး လက်တွေ့အကျဆုံးပြဿ   နာကို အရင်ဆုံး ဖြေရှင်း ရမှာဖြစ်ပြီး အကြမ်းဖက်မှုပြဿနာက အဓိကအကျဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်သစ်ဟာ ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပညာ သင်ကြားခဲ့သူတဦး ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံရဲ့ အဓိကရေနံဆိပ်ကမ်း ၄ ခုကို ထိန်းချုပ်ထားတဲ့ သူပုန်ခေါင်းဆောင်က ၀န်ကြီးချုပ်သစ်ကို လက်မခံပေမယ့် ၀န်ကြီးချုပ်သစ်က ဆက်ပြီး ဆွေးနွေး ညှိနှိုင်းမယ်လို့ ဆိုပါတယ်။

လစ်ဗျားစစ်တပ်ကို ပြန်လည်တည်ဆောက်နေပြီး အကြမ်းဖက်တွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဟတ်ဖ်တာရဲ့ လုပ်ရပ်ကို ထောက်ခံခဲ့ပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ညီညွတ်ရမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်သစ်က ဆိုပါတယ်။

နိုင်ငံတကာရဲ့ အားပေးကူညီမှုနဲ့ လစ်ဗျားအာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချနိုင်ခဲ့ပေမယ့် ဖရိုဖရဲဖြစ် ကျန်ခဲ့တဲ့ လစ်ဗျားနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ကိုလည်း နိုင်ငံတကာရဲ့ အားပေးကူညီမှုနဲ့ လုပ်ဆောင် သွားမယ်လို့ လစ်ဗျားဝန်ကြီးချုပ်သစ်က ပြောဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List