Thursday, May 29, 2014

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမည့် ကျွန်းတုတည်ဆောက်ရေး တရုတ်စီစဉ်


တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင်အထူးစီးပွားရေးဇုန် (EEZ)မိုင် ၂ဝဝ အကွာအဝေးအတွင်း ရှိ စပရတ်တလီ ကျွန်းစု၌အမေရိကန် ဒေါ်လာ ၅ ဘီလီယံကုန်ကျမည့် ကျွန်းတုတစ်ခုတည်ဆောက်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း၏ အမှတ်(၉)ဒီဇိုင်းရေးဆွဲရေးနှင့် သုတေ သနရေးဌာနသည် စပရတ်တလီကျွန်းစုအတွင်းရှိတရုတ်ကထိန်းချုပ်ထားသောFiery Cross ကျောက်တန်း တွင် တည်ဆောက်မည့် ကျွန်းတုပုံစံကို ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း Qianzhan အွန်လိုင်းသတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အဆိုပါ Fiery Cross ကျောက်တန်းအနီးတွင်ပင်လယ်ရေမျက်နှာပြင်အထက် ၃ မီတာမြင့်ပြီး ၅ စတုရန်း ကီလိုမီတာကျယ်ဝန်းသောစစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံရှိမည်ဖြစ်ပြီး ၁ဝ နှစ်တာကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းနှင့်အဆိုပါတည်ဆောက်မှုမှာ အလေးချိန်တန် ၁ဝဝ,ဝဝဝ ရှိ နျူကလီးယား စွမ်းအင်သုံးလယာဉ်တင်သင်္ဘော တစ်စင်းတည်ဆောက်မှုကုန်ကျစရိတ်နှင့်တူညီနေကြောင်း ၎င်းဝက်ဘ် ဆိုက်၌ ဖော်ပြခဲ့သည်။ 

အဆိုပါကျွန်းတုမှာ တရုတ်နိုင်ငံအတွင်းမဟာဗျူဟာမြောက် အရေးပါသော စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီးအရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှုကဏ္ဍကိုခိုင်မာစေမည်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းသြဇာချဲ့ထွင်ရေးကြီးမားသည့်အခွင့်အလမ်းရရှိစေမည်ဖြစ်ကြောင်း၎င်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံPalawan ပြည်နယ်အနီးရှိ Panganiban (Mischief) ကျောက်တန်းတွင်လည်းကျွန်းတုတစ်ခုတည်ဆောက်ရေး စီစဉ်ထားကြောင်းနှင့် အဆိုပါကျွန်းကိုစစ်ရေး ရည်မှန်းချက်အတွက် အသုံးပြုရေးအပြင် တောင်တရုတ်ပင်လယ်အတွင်းရှိငါးဖမ်းလုပ်ငန်းစင်တာတစ်ခု အသွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ၎င်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်ဟု သိရသည်။

Source; Qianzhan
The Myanmar Age

No comments:

Post a Comment

My Blog List