Monday, May 26, 2014

ဟန်ပြလွှတ်တော်မဟုတ်၍ ဝေဖန်အကြံပြုမှုများကို ကြိုဆိုဟု သူရ ဦးရွှေမန်းဆို


လက်ရှိလွှတ်တော်သည် ဟန်ပြလွှတ်တော်မဟုတ်ကြောင်း၊ ပြည်သူ့အကျိုးဆောင်ရွက်နေခြင်း ဖြစ်သည့် အတွက် ဝေဖန်အကြံပြု မှုများအပေါ် ကြိုဆိုကြောင်း၊ မေလ ၂၄ ရက်နေ့၌ ရေဆင်း တက္ကသိုလ် တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လွှတ်တော်၏လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ ကြောင်းပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ဆိုသည်။

ထို့ပြင် နိုင်ငံသားတိုင်းသည် နိုင်ငံရေးနှင့် သက်ဆိုင်သော ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံရေးကို ပိုမိုလေ့လာဆန်းစစ် သင့်ကြောင်းကိုလည်း ““ဘယ် နိုင်ငံသားပဲဖြစ်စေ နိုင်ငံရေးနဲ့ တော့ ကင်းလို့မရကြ ပါဘူး။နိုင်ငံ ရေးဆိုတာ နိုင်ငံ့အရေးဖြစ်တဲ့ အတွက် နိုင်ငံအတွင်းမှာရှိကြတဲ့ ပြည်သူများရဲ့အရေးပဲဖြစ် ပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားအလေး မထားရင် နိုင်ငံကြာလေ နောက် ကျလေဖြစ်သွားမယ်။ ဒါကြောင့် နိုင်ငံရေးကို စိတ်ဝင်စားကြပါ””ဟု ၎င်းင်းနိုင်ငံရေးကို မိမိအတွက်၊ မိမိ ပါတီအတွက် အသုံးပြုမည်ဆိုလျှင် နိုင်ငံရေးသည် မကောင်းသည့် နိုင်ငံရေးဖြစ်သွားနိုင်ကြောင်းလည်း ““နိုင်ငံနဲ့ နိုင်ငံသားရဲ့အရေးကို စိတ်ဝင်စား၊ စေတနာထားတယ် ဆိုတဲ့လုပ်ငန်းဟာတကယ်ကောင်း မွန်တဲ့လုပ် ငန်းဖြစ်ပါတယ်။ 

စစ် စစ် မှန်မှန်တကယ်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်တဲ့သူတွေ၊ ပါတီတွေဟာကောင်းမယ်။ အဲ့လို မဟုတ်ဘဲ နိုင်ငံရေးကိုမိမိအတွက်၊ မိမိပါတီအတွက် အသုံးပြုမယ်ဆို ရင်  နိုင်ငံရေးဟာ မကောင်းတဲ့ နိုင်ငံရေးဖြစ်သွားမယ်””ဟု သူရ ဦးရွှေမန်းကပြောကြောင်း သိရ သည်။

Hot News Journal

No comments:

Post a Comment

My Blog List