Thursday, May 29, 2014

အပျိုကြီးတော့ ဘယ်သူမှ မဖြစ်ချင်ဘူးလို့ ဆိုလိုက်တဲ့ ခင်လေးနွယ်



လီဆူးတိုင်းရင်းသားသူလေး ခင်လေးနွယ်ကတော့ ခုနောက်ပိုင်း ဇာတ်ကားမရိုက်ဖြစ်တော့တာနဲ့ ပတ်သက်ပြီး သူမရဲ့အသက်အရွယ်အရကြောင့်ရော နောက်တစ်ခြားစီးပွားရေးလည်း လုပ်ချင်တဲ့အတွက် မရိုက်ဖြစ်တော့တာလို့ ဆိုပါတယ်။ သူမဟာ ခုလတ်တလော နယ်ရှိုးတွေမှာ သီချင်းတွေ ဆိုဖြစ်နေတယ်လို့ သိရတဲ့အပြင် တစ်ကိုယ်တော်အခွေ
အတွက်လည်း သီချင်းတွေသွင်းနေပါပြီတဲ့။
အပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့ ခင်လေးနွယ်ရဲ့အချစ်ရေးကိုလည်း သူမနဲ့တွေ့တုန်း မေးမြန်းကြည့်တဲ့အခါ “ကိုယ်နဲ့ အတူတူ အနုပညာလောကကို လျှောက်လှမ်းလာကြတဲ့သူတွေ မင်္ဂလာဆောင်ကုန်ကြပြီ။ အခု နောက်ပိုင်း သူတို့က မင်္ဂလာတွေပဲ ဆောင်နေကြတော့ နင်တို့တွေ သိပ်မဆောင်ကြနဲ့။ ငါအရမ်းမေးခံရတယ်ဆိုပြီး ပြောရတယ်။ 

ဖူးစာရှိတဲ့သူနဲ့ တစ်ချိန်ချိန်တော့ သူ့အလိုလို ဆုံလာမှာပေါ့။ လုပ်ယူလို့ရတဲ့အရာမှ မဟုတ်တာ။ အချိန်တန်ရင် တော့ သူ့အလိုလိုဖြစ်လာမှာပါ။ အပျိုချည်းတော့ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ 

ဒါပေမယ့် ကံစီမံရာပေါ့။ တကယ်လို့ ဖူးစာရှင်နဲ့တွေ့မယ်ဆိုရင်တော့ အိမ်ထောင်ပြုဖြစ်မယ်။ မတွေ့ခဲ့ဘူးဆိုရင်တော့ အပျိုကြီးဖြစ်ချင်ဖြစ်မှာပေါ့။ သိပ်ပြီး ကန့်သတ်ထားတာမရှိဘူး။ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့ အရည်အချင်းမျိုးရှိ ရမယ်။ နားလည်မှုရှိတဲ့သူတစ်ယောက်ဖြစ်ရမယ်”လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List