Tuesday, May 27, 2014

နိုင်ငံတကာခုံရုံးသို့တင်သွင်းမည့် ဆီးရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း ရုရှားနှင့်တရုတ်က ဗီတိုအာဏာသုံးပယ်ချ


ဆီးရီးယား ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး နိုငံတကာခုံရုံးကိုတင်သွင်းဖို့ ရည်ရွယ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ကြေညာချက်မူကြမ်းဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က  ဗီတိုအာဏာ သုံးပြီး ပယ်ချလိုက်ပါတယ်။

အခုအကြိမ် ပယ်ချမှုဟာ လူပေါင်း ၁၅ဝဝဝဝ ကျော် သေဆုံးစေခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယားနိုင်ငံနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်မှုများကို ရုရှားနဲ့တရုတ်တို့က လေးကြိမ်မြောက်ပယ်ချလိုက်တာပါ။

ဒီ ဆုံးဖြတ်ချက်မူကြမ်းကိုပင်သစ်နိုင်ငံက ရေးဆွဲခဲ့တာဖြစ်ပြီး ပူးတွဲအဆိုတင်သွင်းသူ ၆ဝ ကျော်ကအဆို တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ဆုံးဖြတ်ချက်မူကြမ်းကိုရုရှားနဲ့တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပေ မယ့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ အခြားအဖွဲ့ဝင် ၁၃ နိုင်ငံကထာက်ခံထားတယ်လို့ သိရပါတယ်။

source; Zee News
The Myanmar Age

No comments:

Post a Comment

My Blog List