Wednesday, May 28, 2014

အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း



အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြား ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဆက်လက် ရှာဖွေသွားကြဖို့အစ္စရေးနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတိုက်တွန်း ပြောကြားလိုက်ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းလုံခြုံစွာနေထိုင်သလို ပါလက်စတိုင်း အနေနဲ့လည်း အလားတူဆန္ဒများရှိပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ 
ဒါ့အပြင် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘာ့စ် တို့ကို ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ဖို့ အတွက် ပုပ်ရဟန်းမင်းကြီးနေထိုင်ရာပရိဝုဏ်ကို အလည်အပတ်လာရောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး က ဖိတ်ကြားခဲ့ ပါတယ်။ 

ပီရက်စ်အနေနဲ့ ဖိတ်ကြားမှုကိုကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မည်သည့်ကြိုးပမ်းမှုကိုမဆို ထောက် ခံကြောင်းပြောကြားခဲ့ ပါတယ်။ 

ပုပ်ရဟန်းမင်းကြီး အလည်အပတ် လာရောက်ခြင်းဟာ အစ္စရေးနိုင်ငံရဲ့အမှန်တရားတွေကို ဖော်ထုတ်ပြသနိုင်မယ့် အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း ပြောပါတယ်။

Source; Washington Post
The Myanmar Age

No comments:

Post a Comment

My Blog List