Monday, May 26, 2014

လာမည့် ဒသမအကြိမ် လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အပါ အ၀င် ဥပဒေကြမ်း ၅၁ ခု ဆွေးနွေးအတည်ပြုမည်


လာမည့် ဒသမအကြိမ် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေကြမ်းပေါင်း ၅၁ ခု ဆွေးနွေးအတည်ပြု မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက မေ ၂၄ ရက် တွင် ပြောကြားသည်။ ဒသမအကြိမ် လွှတ်တော်အစည်းအဝေးများကို မေ ၂၈ ရက်တွင် ပြန်လည် စတင်ရန် ရှိပြီး ဥပဒေများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများကို ပိုမိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


“ဥပဒေကြမ်းတွေ ဆောင်ရွက်တဲ့အခါမှာ ဒသမအကြိမ်မှာ ယခုထက် ပိုမိုပွင့်လင်းမြင်သာရှိပြီး အများပြည် သူတွေရဲ့ အကြံပြုချက်တွေ၊ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေနဲ့အညီ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ဟာတွေ ဆောင်ရွက်သွားဖို့ ဥက္ကဋ္ဌကြီးက လမ်းညွှန်ဆုံးဖြတ်ထားတယ်။ ဥပဒေကြမ်းပေါင်း ၅၁ ခုကို ဆွေးနွေးအတည်ပြုသွားမယ်။ အရေးကြီးတဲ့ လျှပ်စစ်ဥပဒေကြမ်း၊ စံချိန်စံညွန်း သတ်မှတ်ချက်ဆိုင်ရာ ဥပဒေကြမ်းတို့၊ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေတို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေတို့ ပါမယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက မေ ၂၄ ရက်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်အနေဖြင့် ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တောင်းဆိုထားသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်သန်းသန်းရီက လွှတ်တော်သက်တမ်းအတွင်း ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို အပြီးပြင် ဆင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ပြောကြားသည်။ 

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခတ် အရေးယူခြင်းများ ပါဝင်သည့် အကျဉ်းထောင်ဥပဒေကို လာမည့်လွှတ်တော်တွင် ပြင်ဆင်နိုင်ရန် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောကြားသည်။

လွှတ်တော်သက်တမ်း သုံးနှစ်ဝန်းကျင်အတွင်း ပြည်ထောင်စုလွှတ်တော်မှ ဥပဒေစုစုပေါင်း ၉၈ ခုကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်သည်။ 

eleven media group

No comments:

Post a Comment

My Blog List