Friday, May 30, 2014

"Sewol သင်္ဘောပျက်မှ ရုပ်အလောင်းများ ရှာဖွေရင်း ရေငုပ်သမား တစ်ဦးသေဆုံး"



လူပေါင်း(၃၀၀)မျှ သေဆုံးခဲ့သည့် Sewol ရေယာဉ် နစ်မြုပ်မှုတွင် လက်ကျန် အလောင်းများကို ရေငုပ် ရှာဖွေနေရင်း အသက်(၄၆)နှစ်အရွယ် လူတစ်ဦး သေဆုံးကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ 

ကင်မ်ဟုသာ အမည်ဖော်ပြသည့် ရေငုပ်သမားသည် သင်္ဘောကိုယ်ထည်တွင် အပေါက်ဖောက်နေရင်း အသိမဲ့ မေ့မြောသွားသလို ၎င်း၏ မျက်နှာတဝိုက်မှ သွေးများ ထွက်လာသဖြင့် ရေပြင်ပေါ်သို့ အရေးပေါ် သယ်ဆောင်လာခဲ့သည်။

သို့သော်လည်း ဆေးရုံအရောက်တွင်မူ ၎င်းသေဆုံးသွားခြင်း ဖြစ်သည်။ သောကြာနေ့က ဖြစ်ရပ်တွင် ကင်မ်အနေဖြင့် အဘယ်ကြောင့် သေဆုံးရသည်ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း ကြေညာချက် ထွက်ပေါ် မလာသေးချေ။ 

(၆၈၂၅)တန် အလေးချိန်ရှိ ရေယာဉ်ကြီး နစ်မြုပ်ပြီးသည့်နောက် ရုပ်အလောင်းများ ရှာဖွေနေရာတွင် ကင်မ် သည် ဒုတိယမြောက် အသက်ပေးခဲ့ရသည့် ရေငုပ်သမားလည်း ဖြစ်လာခဲ့သည်။ 

Sewol နစ်မြုပ်မှုတွင် အလောင်း(၂၈၈)လောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်သော်လည်း မေလ(၂၁) ရက်နေ့ နောက်ပိုင်း မည်သည့် ရုပ်အလောင်းမျှ ထပ်မံမတွေ့ရသေးဘဲ ဖြစ်နေသည်။ 

လက်ရှိအချိန်ထိ ပျောက်ဆုံးစာရင်းဖြင့် အလောင်းမတွေ့သေးသူ အရေအတွက်မှာ (၁၆)ဦး ရှိနေကြောင်း လည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List