Thursday, May 29, 2014

ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂျပန်တပ်မတော် မျှော်လင့်


ဂျပန်တပ်မတော်က မြန် မာ့တပ်မတော်နှင့် ရေကြောင်းလုံ ခြုံရေး၊ ဘေးအန္တရာယ်ကယ် ဆယ်ရေးအပါ အ၀င် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့် ကြောင်း ဂျပန် ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရှီဂဲယုအီဝါဆာကီက ပြောကြားလိုက်သည်။

ထို့ပြင် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်စစ်သမိုင်း ပြတိုက်တွင် လေ့လာစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့် ၎င်းကိုကူညီခဲ့သည့် ဂျပန်လူမျိုးများကြား နက်ရှိုင်းစွာ ချည်နှောင်ထားသော သံ ယောဇဉ် များနှင့် နှစ်နိုင်ငံကြားက တူညီသည့် အကြောင်းအရာများကို သတိပြုမိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှိ ဂဲယုသည် မေလ ၂၆ မှ ၂၈ ရက် အထိ သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်တွင် နေပြည်တော်၌ မြန် မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မ တဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့ သည်။ ရန်ကုန်မြို့သို့ မေလ ၂၈ ရက်က ရောက်ရှိခဲ့ပြီး ဂျပန်စစ် သားများ မြှုပ်နှံထားရာ ရေဝေးရှိ ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက် ခြင်း၊ ရွှေတိဂုံစေတီတော်သို့ သွားရောက်ကြည်ညိုခြင်းတို့ ပြုလုပ်ခဲ့ သည်။

‘‘ဂျပန်နဲ့မြန်မာဟာ မိတ် ဆွေကောင်းလည်းဖြစ်သလို မိတ် ဆွေသစ်လည်းဖြစ်တယ်။ မိတ် ဆွေဟောင်းဆို ရတာက မြန်မာ နိုင်ငံက လွတ်လပ်ရေးရပြီး တိုင်း ပြည်ထူထောင်တဲ့အခါမှာ ဂျပန် က နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခဲ့လို့ဖြစ်တယ်။ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၀ မှာ ဂျပန်ကိုလာရောက်ပြီး စစ်ပညာကိုသင်ယူခဲ့တယ်။ အဲဒီ နောက်မှာတော့ ဗမာ့လွတ်လပ် ရေး တပ်မတော်ကို တည်ထောင်ခဲ့တယ်’’ ဟု ဗိုလ်ချုပ်ကြီး ရှီဂဲယု က ပြောသည်။

ဂျပန်မြန်မာနှစ်နိုင်ငံသည် အကြောင်းကြောင်းကြောင့် ဆက်ဆံရေးအခိုက်အတန့်အဆက် ပြတ်သွားသော် လည်း လက်ရှိ ဒီမိုကရေစီဖော်ဆောင်နေသည့် မြန်မာနိုင်ငံထံ ၎င်းအနေဖြင့် ပထမဆုံးအကြိမ် လာရောက် လည်ပတ် ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်၏ ဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် တိုးတက်လာအောင် လုပ်ဆောင်နိုင်ရန် အလေးအနက် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်ကြား ချစ်ကြည်ရေးခရီးစဉ်များ အပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် ဆက်ဆံရေးတိုးမြှင့်သွားမည်ဟု ပါရှိရာ မြန်မာကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ပြန်လည် ဖိတ်ခေါ်ခဲ့ဖွယ် ရှိနေသည်။

ဂျပန်စစ်ဦးစီးချုပ်၏ ယခုခရီးစဉ်မှာ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် ပထမဆုံး အကြိမ် ဂျပန်စစ်ဘက်ထိပ်တန်းအရာရှိတစ်ဦး လာရောက်ခြင်းဖြစ်ပြီး ဂျပန်တပ် မတော်သည် ငလျင်၊ ဆူနာမီစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းများတွင် အတွေ့အကြုံပြည့်ဝသည့် တပ်မ တော်ဖြစ်ရာ မြန်မာအပါအ၀င် အာဆီယံဒေသတွင်း လက်တွေ့ အထောက်အပံ့ပေးရေး အစီအ စဉ်များကို အကောင်အထည်ဖော် ရန် အလားအလာရှိနေသည်။

ဂျပန်−မြန်မာနှစ်နိုင်ငံ တပ်မတော်ချစ်ကြည်ရင်းနှီးမှုမှာ အာဆီယံဒေသတွင်း နိုင်ငံများ၏ တည်ငြိမ်အေးချမ်း မှုကိုလည်း အ ထောက်အကူပြုမည်ဟု ယုံကြည် ကြောင်း စစ်ဦးစီးချုပ်က ခရီးစဉ်အပြီးထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။


7Day Daily

No comments:

Post a Comment

My Blog List