Sunday, September 29, 2013

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးပါက ပြည်နယ်/တိုင်းဒေသကြီးများတွင် စားသုံးသူ တိုင်တန်းမှုများကို ဖြေရှင်းပေးမည့် ဌာနများ ဖွင့်လှစ်သွားမည်

Sunday, September 29, 2013
စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးပါက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စားသုံးသူ တိုင်တန်းမှုများကို ဖြေရှင်းပေးမည့် ဌာနများ ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

Photo: စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးပါက ပြည်နယ်/တိုင်းဒေသကြီးများတွင် စားသုံးသူ တိုင်တန်းမှုများကို ဖြေရှင်းပေးမည့် ဌာနများ ဖွင့်လှစ်သွားမည်
Sunday, September 29, 2013

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးပါက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စားသုံးသူ တိုင်တန်းမှုများကို ဖြေရှင်းပေးမည့် ဌာနများ ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း)ကို ရေးဆွဲထားပြီးဖြစ်ကာ အတည်ပြု ပြဋ္ဌာန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် စားသုံးသူ အကာအကွယ်ပေးရေး နည်းဥပဒေများကို ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဌာနများ ဖွင့်လှစ်ပြီး စားသုံးသူ တိုင်တန်းမှုများကို ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း)ကို စားသုံးသူများအား ဥပဒေဘောင် အတွင်းမှ လုံခြုံစွာ အကာအကွယ် ပေးနိုင်ရန်အတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းတွင် အခန်း (၁၃) ခန်း ပါဝင်ပြီး ပုဒ်မ ၃၄ ခု ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းတွင် အမျိုးသား စားသုံးသူ အကာအကွယ်ပေးရေး ဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး ကုန်စည်နှင့် ၀န်ဆောင်မှုဘေး အန္တရာယ် ကင်းရှင်းရေး၊ အငြင်းပွားမှု ဖြေရှင်းရေး၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး၊ စားသုံးသူများအား သတင်းအချက်အလက် ဖြန့်ဝေရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်စပ်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံ အချို့မှ ကျန်းမာရေး ထောက်ခံချက် မပါရှိသည့် စားသောက်ကုန် ပစ္စည်းများ တရားမ၀င် ၀င်ရောက်နေမှုများ ရှိနေကြောင်း သိရသည်။ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအောက်ရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းအား ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အ၀န်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပြီး အာဆီယံ စားသုံးသူ ကာကွယ်ရေး ကော်မတီနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List