Sunday, September 29, 2013
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များနှင့် ၀င်ခွင့်ပြု ဦးရေများအား စိစစ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အသေးစိတ် အချက်အလက်များ
အကြောင်းကို ရန်ကုန်မြို့၊ သထုံလမ်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန
(အောက်မြန်မာပြည်)ရှိ တက္ကသိုလ်များကောင်စီ အစည်းအဝေး ခန်းမတွင် စက်တင်ဘာ ၂၆
ရက်က ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲ၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်
စာမေးပွဲ အောင်မြင်သူများအတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ကောလိပ်၊
သိပ္ပံများ၊ ၀ိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်များ ပို့ချသည့် တက္ကသိုလ်၊
ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သင်ကြားခွင့်ပြုမည့် အနိမ့်ဆုံး ၀င်ခွင့်ပြု
အမှတ်စာရင်း၊ လက်ခံသင်ကြားပေးမည့် ကျောင်းသားကျောင်းသူ အရေအတွက်
စသည်တို့အား ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ရလဒ်များအား မကြာမီ ကာလအတွင်း
သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
"တက္ကသိုလ်၊ ဒီဂရီကောလိပ်၊
ကောလိပ်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ သက်ဆိုင်ရာ ကျောင်းတွေအလိုက်
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် လက်ခံခွင့်ပြုမည့်
အနိမ့်ဆုံး ၀င်ခွင့်ပြု အမှတ်စာရင်းနဲ့ ကျား/မ အလိုက် လိုအပ်သည့်
အရေအတွက်တွေကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အစည်းအဝေးပွဲမှာ
အသေးစိတ် ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲ ရလဒ်တွေကို မကြာမီ ရက်ပိုင်းမှာတော့
သိနိုင်မှာပါ" ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက
ပြောပြခဲ့သည်။
၂၀၁၃-၂၀၁၄ ခုနှစ်၊ ပညာသင်နှစ်အ တွက် ၀င်ခွင့်ရ
အမှတ်စာရင်းများအား စိစစ်နေဆဲဖြစ်ပြီး ယခင်နှစ်က ရန်ကုန်နည်းပညာ တက္ကသိုလ်၏
အနိမ့်ဆုံး ၀င်ခွင့်ရမှတ်မှာ ဆေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ်များ အားလုံး၏
အမြင့်ဆုံးနေရာ၌ ရပ်တည်ခဲ့သည်။
ယခု ပညာသင်နှစ်၌ ပညာရေး ၀န်ကြီးဌာန
အနေဖြင့် ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်အလိုက် ၀ိဇ္ဇာချွန်၊ သိပ္ပံချွန်
ကျောင်းသားများအတွက် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့တွင်
ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များ ရှိနေသည့်အတွက် ယခုပညာသင်နှစ်အတွက်
အမြင့်ဆုံး နေရာတွင် ရှိလာမည့် တက္ကသိုလ်အား ပညာရေး အသိုင်းအ၀ိုင်းမှ
စိတ်ဝင်စားလျက် ရှိကြသည်။
၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်အတွက်
အမှတ်မြင့် ရရှိခဲ့သည့် ကျောင်းသားအများစု တက္ကသိုလ်ဝင်ခွင့်
လျှောက်ထားရာတွင် ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များ အပါအ၀င်
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့်
တိုင်းဒေသကြီးများအလိုက် ဦးစားပေး လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြကြောင်း
သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment