Tuesday, December 10, 2019

ဆူးလေစေတီတော် အင်္ဂါထောင့်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဆုတောင်းပွဲပြုလုပ်

Image may contain: 1 person, crowd and outdoor
ရန်ကုန်မြို့ ၊ ဆူးလေစေတီတော် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မွေးနေ့ထောင့်ဖြစ်သည့် အင်္ဂါထောင့်တွင် ဒီဇင်ဘာ ၁၀ရက်မနက်ပိုင်းက ဆုတောင်းမေတ္တာပို့ပွဲတရပ်ပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲ တွင် ပရိတ်ရွတ်ဖတ်ခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အားဆုတောင်းမေတ္တာပို့သခြင်းတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှုကျင်းပပြီး အမျိုးသမီး ၂၅၀နီးပါး တက်ရောက် ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က နယ်သာလန်သွားပြီးတော့ ဖြေရှင်းတာပေါ့နော်။ ရည်ရွယ်ချက် ၃ခုရှိပါတယ်။ လုပ်ငန်းတွေအောင်မြင်ဖို့ရယ်။ ဘေးအန္တရာယ်ကင်းရှင်းဖို့ရယ်။ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းသာဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်။ နိုင်ငံအတွက် အကျိုးစီးပွားကို ကာကွယ်တဲ့အတွက် ကျွန်မတို့ကတော့ နိုင်မယ်လို့ထင်ပါတယ်။ ဘယ်လက်ထက်မှာပဲဖြစ်ခဲ့သည်ဖြစ်စေ လက်ရှိအစိုးရမှာလည်းတာဝန်ရှိပါတယ်။ လက်ရှိအစိုးရကတော့ နိုင်ငံသူနိုင်ငံသားတွေကို စီမံအုပ်ချုပ်နေရတာဖြစ်တဲ့အတွက် လက်ရှိအစိုးရက နေပဲတာဝန်ယူပြီးတော့ ဖြေရှင်းတာဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့်ကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ်က အင်္ဂါနေ့တိုင်း ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း၊ ယခုဆိုတောင်းပွဲမှာ လည်း မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် သွားရောက်ဖြေရှင်းသည့် နိုင်ငံခေါင်းဆောင်အား မေတ္တာပို့သခြင်းဖြစ်ကြောင်း ၊ မေတ္တာအရင်းခံ၍ သွားရောက်ဖြေရှင်းခြင်းဖြစ်သည့်အတွက် အောင်မြင်နိုင်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂလီအရေးနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားသည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ကာ သွားရောက်ဖြေရှင်းလျှက်ရှိပြီး ယနေ့ ဒီဇင်ဘာ၁၀ရက် ညနေ့၃နာရီမှာ ၆နာရီခွဲအထိ ဂမ်ဘီယာနိုင်ငံကို စတင်စစ်ဆေးမည်ဖြစ်သည်။
Image may contain: 2 people
Image may contain: one or more people, people standing and indoor
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, smiling
Image may contain: 1 person, standing and outdoor
Image may contain: 16 people, people smiling, people standing
Image may contain: 2 people, people standing
Image may contain: 3 people, people standing and outdoor
TCM

No comments:

Post a Comment

My Blog List