Wednesday, December 11, 2019

ICJတွင် ဘူးခံငြင်းပယ်ခြင်းထက် တရားမျှတမှု ရှိရေး ဒေါ်အောင်ဆန်းစုကြည် အဓိက ဖြေရှင်းသင့်ဟုဆို

Image may contain: 3 people
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်သည်ဆိုသော စွပ်စွဲမှုများဖြင့် တရားစွဲဆိုထားပြီး အဆိုပါစွပ်စွဲမှုကို လာမည့် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ သွားရောက် ဖြေရှင်းရတော့မည်ဖြစ်သည်။ ပြည်တွင်းရှိ မြန်မာမွတ်စလင်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်၍ အမြင်သဘောထား မေးမြန်းထားပါသည်။

ဦးဇော်မင်းလတ်
နိုင်ငံ့ခေါင်းဆောင် တစ်ဦးအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိပြီး သွားရောက် ဖြေရှင်းရမယ့် ကိစ္စကို သွားရောက်ဖြေရှင်းတာ ကျနော်တို့ ဝမ်းသာကြိုဆိုပါတယ်။ ပြည်တွင်းမှာလည်း နောက်နောင် ဒီလိုမဖြစ်အောင်။ ဖြစ်ခဲ့တာတွေကို အကောင်းဆုံး ဘယ်လိုကြိုးပမ်းဆောင်ရွက်ကြမလဲ။ အဲဒါတွေ အရမ်းအရေးကြီးတယ်။ လက်တွေ့မှာ ပြီးခဲ့တာတွေကို ပြန်လည်ပြီးတော့ အစားထိုး ကုစားပေးဖို့ လိုတာပေါ့။ ဥပမာဆိုရင် ရခိုင်ပြည်နယ်မှာ ဒီလိုဖြစ်ခဲ့တယ်။ ကျူးလွန်ထားတဲ့သူလည်းရှိတယ်။ ကျူးလွန်တဲ့သူကတော့ ဥပဒေကြောင်းအရ အရေးယူခြင်းခံရမှာပေါ့လေ။ သို့သော် လက်ရှိ နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်ပေးလို့ရမယ့်ဟာတွေက ကျနေ်ာတို့ဒီမှာ ဒုက္ခသည်စခန်းမှာ နှစ်ရှည်ကြာရှည် လများ နေထိုင်တဲ့သူတွေကို မူလ သူ့နေရာ အမြန်ဆုံး ပြန်လည် နေထိုင်ပြီးတော့ မူလနေရာမှာ ပြန်လည် လုပ်ပေးမယ်ဆိုရင် ကျနော်တို့ စိတ်သက်သာရာရပြီးတော့ အကောင်းဘက်ကို ပိုမြင်တယ်ပေါ့။
ဘူးခံငြင်းမယ်ဆိုရင်တော့ ဟိုဘက်ကလည်း သက်သေအထောက်အထားနဲ့ ပြောခြင်းဖြစ်မယ်။ ဒီဘက်မှာလည်း ငြင်းပိုင်ခွင့်ရှိတယ်၊ ဟိုဘက်မှာလည်း သက်သေ အထောက်အထားနဲ့ ပြမှာပဲပေါ့။ သက်သေပြထားတော့ တရားရုံး ဆိုတော့ အမှန်တရားတော့ ပေါ်မှာပဲလေ။ အမှန်တရားအတိုင်းတော့ သွားကြမှာပဲ။ ဟိုဘက်မှာလည်း စွဲတယ်ဆိုကတည်းက ဘာအထောက်အထားရှိလဲ ကျနော်တို့ မမြင်နိုင်ဘူးပေါ့။ အဲဒါလေးတော့ ရှိတာပေါ့။
ဦးတင်ထွန်းဦး
နည်းနည်းတော့ ဒီကိစ္စက Controversial ဖြစ်တယ် ။ ကျနော်တစ်ဦးတည်း အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာက သိပ်ပြီးတော့ မကွဲပြားဘူး။ ဒေါ်အောင်ဆန်းစုကြည်က ICJ ကို သွားပြီးတော့ တို့တိုင်းပြည်မှာ အစိုးရ ၂ ရပ်ဖြစ်နေတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး စစ်ဆေးတာကို Welcome ပဲလို့ သူသွားရောက်ပြီး တရားမျှတမှု အတွက် ဖြေရှင်းမယ်ဆိုရင် ကျနော်တို့က အပြည့်အဝ ထောက်ခံတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဘားအံမှာတောင်မှ ဗီနိုင်းတွေ ထွက်လာပြီ။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလိုလိုနဲ့ လူသတ်ကောင်တွေ စစ်ရာဇဝတ်ကောင်တွေကို ဒါတွေကို ရောပြီး ကျနေ်ာတို့က ထောက်ခံရတဲ့ပုံစံမျိုးဆိုရင် ကျနေ်ာတို့ မထောက်ခံနိုင်ဘူး။ အားတော့ နာပါရဲ့ ။ ဒေါ်အောင်ဆန်းစုကြည်ကို မချစ်လို့ မဟုတ်ဘူး။ မထောက်ခံလို့မဟုတ်ဘူး။ ဒါပေမယ့် ရောပြီးတော့ မြန်မာနိုင်ငံမှာ ဘာရာဇဝတ်မှုမှ မရှိဘူး။ ဘာ Crime မှ မရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့တော့ ကျနေ်ာတို့ မထောက်ခံနိုင်ဘူး။ သူ့လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ ထောက်ခံမှာပဲ။ သူဘာလုပ်မှာလဲ။
ဦးျမေအး
နိုင်ငံဂုဏ်သိက္ခာမြင့်မားဖို့ဆိုတာ တရားပေါ်မှာ ဘယ်လောက်ထိ ရပ်တည်လဲ ဆိုတာအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီကိစ္စတွေဟာ ရိုဟင်ဂျာ ဖြစ်ခြင်းမဖြစ်ခြင်း နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ ဒီကိစ္စကလူသားဖြစ်မှု တည်ရှိမှုဆိုင်ရာ ကိစ္စရပ်ကြီးဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။ ဒါတွေကကြည့်တဲ့အခါမှာ ကိုးကွယ်တဲ့ဘာသာတွေ လူဖြူခြင်းမဲခြင်း ဒါတွေနဲ့ချိန်ဆရမှာ မဟုတ်ဘူးဗျ။
ကျွန်တော်နားလည်တာကတော့လေ အဲဒါကတော့ရိုးရိုးရှင်းရှင်းလေး ဂုဏ်သိက္ခာကိုပြန်ဆည်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်သည် နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကျွန်တော်တို့ လက်မှတ် ထိုးထားတဲ့အတိုင်းပဲ လူ့အခွင့်အရေးပဋိညာဉ် တွေနဲ့အညီ နောက်တစ်ခုက လူသားတန်ဖိုး ဒီမိုကရက်တစ် တန်ဖိုးတွေနဲ့အညီ ဒီပြဿနာတွေကိုဖြေရှင်းရတော့မယ်လို့ ထင်ပါတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့က ရှိတဲ့ဟာ ကိုပိတ်ငြင်းနေရင် ရှိတဲ့အချက်အလက်တွေထုတ်ပြရင် ကျွန်တော်တို့ငြင်းလို့ မရတဲ့အခြေအနေရောက်သွားရင် ဘယ်နှယ့်လုပ်ကျမလဲ။ ကျွန်တော်မှန်တယ်မှားတယ်ဆိုပြီး ကျွန်တော်မပြောဘူးနော်။
Genocide(လူမျိုးတုန်းသတ်ဖြတ်မှု) ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကလည်း ကျွန်တော်နဲ့မဆိုင်ဘူး။ ဒီတရားရုံးကဆုံးဖြတ်မယ့်ကိစ္စလေ အဲဒါကြီးကို တော်ကြာ ကိုယ့်ဘက်က အချက်အလက်တွေ မမှန်မကန်ဘဲ သွားရင် ရှေ့ကတော့သွားပါရဲ့။ အောက်ကတော့ ဖင်ဟောင်းလောင်းဆိုရင် ပိုပြီးတော့ ဂုဏ်သိက္ခာကျလိမ့်မယ်
ဦးမျိုးဝင်း
လူတွေ သိန်းပေါင်းများစွာ အတိဒုက္ခရောက်ပြီးတော့မှ အိုးအိမ်တွေ ကို စွန့်ခွာပြီးတော့ မိမိရဲ့ အသက်တွေကို လုပြီးတော့ ပြေးရတဲ့ Process မှာ ဘယ်သူတာဝန်ရှိလဲ။ ဒီကိစ္စက Criminal Process နဲ့ သွားနေတဲ့ကိစ္စဖြစ်တယ်။ Criminal Process နဲ့ သွားနေတဲ့ ကိစ္စအပေါ်မှာတော့ အမြင်အမျိုးမျိုးရှိကြတယ်။ ကျနော်တို့ကတော့ ထောက်ခံတာလည်းမဟုတ်ဘူး၊ ဆန့်ကျင်တာလည်းမဟုတ်ဘူး။
တစ်ပိုင်းကတော့ Stand for Justice တရားမျှတမှုရှိရမယ်။ တရားမျှတမှုကို ဖော်ဆောင်နိုင်ရင် တိုင်းပြည်ဂုဏ်တက်မယ်။ တရားမျှတမှုကို ဆိတ်သုန်းရင် တိုင်းပြည်ဂုဏ်ငယ်မယ်။ ဟိုလူ့ကို Stand လုပ်တယ်။ ဒီလူနဲ့ အတူ ရပ်တည်ဆိုတာမျိုးမဟုတ်ဘဲ တရားမျှတမှု နဲ့ Accountability ကို ကောင်းကောင်းရပ်တည်နိုင်ပေးဖို့ အဆင်ပြေပါတယ်။
ပြည်တွင်းမှာလည်း အစ္စလမ်ဘာသာဝင်တွေ ခွဲခြားဆက်ဆံခံနေရတာအများကြီးပဲ။ အခုအချိန်အထိပဲ။ မနေ့တစ်နေ့ကပဲ ကျနော့်သူငယ်ချင်းတစ်ယောက် မွတ်စလင် Passport ရုံးမှာ ခွဲခြားဆက်ဆံခံရတယ်။ ခွဲခြားဆက်ဆံမှုတွေက စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မှာ ရှိနေတော့ ဟိုးဝေးလံခေါင်သီတဲ့ နေရာတွေမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့အတွက် သံသယဖြစ်စရာမရှိဘူး။ အစ္စလမ်ဘာသာဝင်တွေကြားထဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီး နားမလည်တဲ့ သဘောမျိုးလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ အဲဒါလေးတော့ ထည့်ပြောချင်တယ် ။
Photo Credit – ICJ
Unicode Version
ICJတွင် ဘူးခံငြင်းပယ်ခြင်းထက် တရားမျှတမှု ရှိရေး ဒေါ်အောင်ဆန်းစုကြည် အဓိက ဖြေရှင်းသင့်ဟုဆို
By ရန်ကုန်ခေတ်သစ်
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်သည်ဆိုသော စွပ်စွဲမှုများဖြင့် တရားစွဲဆိုထားပြီး အဆိုပါစွပ်စွဲမှုကို လာမည့် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ သွားရောက် ဖြေရှင်းရတော့မည်ဖြစ်သည်။ ပြည်တွင်းရှိ မြန်မာမွတ်စလင်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်၍ အမြင်သဘောထား မေးမြန်းထားပါသည်။
ဦးဇော်မင်းလတ်
နိုင်ငံ့ခေါင်းဆောင် တစ်ဦးအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိပြီး သွားရောက် ဖြေရှင်းရမယ့် ကိစ္စကို သွားရောက်ဖြေရှင်းတာ ကျနော်တို့ ဝမ်းသာကြိုဆိုပါတယ်။ ပြည်တွင်းမှာလည်း နောက်နောင် ဒီလိုမဖြစ်အောင်။ ဖြစ်ခဲ့တာတွေကို အကောင်းဆုံး ဘယ်လိုကြိုးပမ်းဆောင်ရွက်ကြမလဲ။ အဲဒါတွေ အရမ်းအရေးကြီးတယ်။ လက်တွေ့မှာ ပြီးခဲ့တာတွေကို ပြန်လည်ပြီးတော့ အစားထိုး ကုစားပေးဖို့ လိုတာပေါ့။ ဥပမာဆိုရင် ရခိုင်ပြည်နယ်မှာ ဒီလိုဖြစ်ခဲ့တယ်။ ကျူးလွန်ထားတဲ့သူလည်းရှိတယ်။ ကျူးလွန်တဲ့သူကတော့ ဥပဒေကြောင်းအရ အရေးယူခြင်းခံရမှာပေါ့လေ။ သို့သော် လက်ရှိ နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်ပေးလို့ရမယ့်ဟာတွေက ကျနေ်ာတို့ဒီမှာ ဒုက္ခသည်စခန်းမှာ နှစ်ရှည်ကြာရှည် လများ နေထိုင်တဲ့သူတွေကို မူလ သူ့နေရာ အမြန်ဆုံး ပြန်လည် နေထိုင်ပြီးတော့ မူလနေရာမှာ ပြန်လည် လုပ်ပေးမယ်ဆိုရင် ကျနော်တို့ စိတ်သက်သာရာရပြီးတော့ အကောင်းဘက်ကို ပိုမြင်တယ်ပေါ့။
ဘူးခံငြင်းမယ်ဆိုရင်တော့ ဟိုဘက်ကလည်း သက်သေအထောက်အထားနဲ့ ပြောခြင်းဖြစ်မယ်။ ဒီဘက်မှာလည်း ငြင်းပိုင်ခွင့်ရှိတယ်၊ ဟိုဘက်မှာလည်း သက်သေ အထောက်အထားနဲ့ ပြမှာပဲပေါ့။ သက်သေပြထားတော့ တရားရုံး ဆိုတော့ အမှန်တရားတော့ ပေါ်မှာပဲလေ။ အမှန်တရားအတိုင်းတော့ သွားကြမှာပဲ။ ဟိုဘက်မှာလည်း စွဲတယ်ဆိုကတည်းက ဘာအထောက်အထားရှိလဲ ကျနော်တို့ မမြင်နိုင်ဘူးပေါ့။ အဲဒါလေးတော့ ရှိတာပေါ့။
ဦးတင်ထွန်းဦး
နည်းနည်းတော့ ဒီကိစ္စက Controversial ဖြစ်တယ် ။ ကျနော်တစ်ဦးတည်း အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာက သိပ်ပြီးတော့ မကွဲပြားဘူး။ ဒေါ်အောင်ဆန်းစုကြည်က ICJ ကို သွားပြီးတော့ တို့တိုင်းပြည်မှာ အစိုးရ ၂ ရပ်ဖြစ်နေတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး စစ်ဆေးတာကို Welcome ပဲလို့ သူသွားရောက်ပြီး တရားမျှတမှု အတွက် ဖြေရှင်းမယ်ဆိုရင် ကျနော်တို့က အပြည့်အ၀ ထောက်ခံတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဘားအံမှာတောင်မှ ဗီနိုင်းတွေ ထွက်လာပြီ။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလိုလိုနဲ့ လူသတ်ကောင်တွေ စစ်ရာဇဝတ်ကောင်တွေကို ဒါတွေကို ရောပြီး ကျနေ်ာတို့က ထောက်ခံရတဲ့ပုံစံမျိုးဆိုရင် ကျနေ်ာတို့ မထောက်ခံနိုင်ဘူး။ အားတော့ နာပါရဲ့ ။ ဒေါ်အောင်ဆန်းစုကြည်ကို မချစ်လို့ မဟုတ်ဘူး။ မထောက်ခံလို့မဟုတ်ဘူး။ ဒါပေမယ့် ရောပြီးတော့ မြန်မာနိုင်ငံမှာ ဘာရာဇဝတ်မှုမှ မရှိဘူး။ ဘာ Crime မှ မရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့တော့ ကျနေ်ာတို့ မထောက်ခံနိုင်ဘူး။ သူ့လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ ထောက်ခံမှာပဲ။ သူဘာလုပ်မှာလဲ။
ဦးမြအေး
နိုင်ငံဂုဏ်သိက္ခာမြင့်မားဖို့ဆိုတာ တရားပေါ်မှာ ဘယ်လောက်ထိ ရပ်တည်လဲ ဆိုတာအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီကိစ္စတွေဟာ ရိုဟင်ဂျာ ဖြစ်ခြင်းမဖြစ်ခြင်း နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ ဒီကိစ္စကလူသားဖြစ်မှု တည်ရှိမှုဆိုင်ရာ ကိစ္စရပ်ကြီးဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။ ဒါတွေကကြည့်တဲ့အခါမှာ ကိုးကွယ်တဲ့ဘာသာတွေ လူဖြူခြင်းမဲခြင်း ဒါတွေနဲ့ချိန်ဆရမှာ မဟုတ်ဘူးဗျ။
ကျွန်တော်နားလည်တာကတော့လေ အဲဒါကတော့ရိုးရိုးရှင်းရှင်းလေး ဂုဏ်သိက္ခာကိုပြန်ဆည်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်သည် နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကျွန်တော်တို့ လက်မှတ် ထိုးထားတဲ့အတိုင်းပဲ လူ့အခွင့်အရေးပဋိညာဉ် တွေနဲ့အညီ နောက်တစ်ခုက လူသားတန်ဖိုး ဒီမိုကရက်တစ် တန်ဖိုးတွေနဲ့အညီ ဒီပြဿနာတွေကိုဖြေရှင်းရတော့မယ်လို့ ထင်ပါတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့က ရှိတဲ့ဟာ ကိုပိတ်ငြင်းနေရင် ရှိတဲ့အချက်အလက်တွေထုတ်ပြရင် ကျွန်တော်တို့ငြင်းလို့ မရတဲ့အခြေအနေရောက်သွားရင် ဘယ်နှယ့်လုပ်ကျမလဲ။ ကျွန်တော်မှန်တယ်မှားတယ်ဆိုပြီး ကျွန်တော်မပြောဘူးနော်။
Genocide(လူမျိုးတုန်းသတ်ဖြတ်မှု) ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကလည်း ကျွန်တော်နဲ့မဆိုင်ဘူး။ ဒီတရားရုံးကဆုံးဖြတ်မယ့်ကိစ္စလေ အဲဒါကြီးကို တော်ကြာ ကိုယ့်ဘက်က အချက်အလက်တွေ မမှန်မကန်ဘဲ သွားရင် ရှေ့ကတော့သွားပါရဲ့။ အောက်ကတော့ ဖင်ဟောင်းလောင်းဆိုရင် ပိုပြီးတော့ ဂုဏ်သိက္ခာကျလိမ့်မယ်
ဦးမျိုးဝင်း
လူတွေ သိန်းပေါင်းများစွာ အတိဒုက္ခရောက်ပြီးတော့မှ အိုးအိမ်တွေ ကို စွန့်ခွာပြီးတော့ မိမိရဲ့ အသက်တွေကို လုပြီးတော့ ပြေးရတဲ့ Process မှာ ဘယ်သူတာဝန်ရှိလဲ။ ဒီကိစ္စက Criminal Process နဲ့ သွားနေတဲ့ကိစ္စဖြစ်တယ်။ Criminal Process နဲ့ သွားနေတဲ့ ကိစ္စအပေါ်မှာတော့ အမြင်အမျိုးမျိုးရှိကြတယ်။ ကျနော်တို့ကတော့ ထောက်ခံတာလည်းမဟုတ်ဘူး၊ ဆန့်ကျင်တာလည်းမဟုတ်ဘူး။
တစ်ပိုင်းကတော့ Stand for Justice တရားမျှတမှုရှိရမယ်။ တရားမျှတမှုကို ဖော်ဆောင်နိုင်ရင် တိုင်းပြည်ဂုဏ်တက်မယ်။ တရားမျှတမှုကို ဆိတ်သုန်းရင် တိုင်းပြည်ဂုဏ်ငယ်မယ်။ ဟိုလူ့ကို Stand လုပ်တယ်။ ဒီလူနဲ့ အတူ ရပ်တည်ဆိုတာမျိုးမဟုတ်ဘဲ တရားမျှတမှု နဲ့ Accountability ကို ကောင်းကောင်းရပ်တည်နိုင်ပေးဖို့ အဆင်ပြေပါတယ်။
ပြည်တွင်းမှာလည်း အစ္စလမ်ဘာသာဝင်တွေ ခွဲခြားဆက်ဆံခံနေရတာအများကြီးပဲ။ အခုအချိန်အထိပဲ။ မနေ့တစ်နေ့ကပဲ ကျနော့်သူငယ်ချင်းတစ်ယောက် မွတ်စလင် Passport ရုံးမှာ ခွဲခြားဆက်ဆံခံရတယ်။ ခွဲခြားဆက်ဆံမှုတွေက စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မှာ ရှိနေတော့ ဟိုးဝေးလံခေါင်သီတဲ့ နေရာတွေမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့အတွက် သံသယဖြစ်စရာမရှိဘူး။ အစ္စလမ်ဘာသာဝင်တွေကြားထဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီး နားမလည်တဲ့ သဘောမျိုးလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ အဲဒါလေးတော့ ထည့်ပြောချင်တယ် ။
Photo Credit – ICJ

No comments:

Post a Comment

My Blog List