Wednesday, December 11, 2019

တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မည်သည့်အချိန်ကမျှ မတားဆီးခဲ့ဟု ဆို

No photo description available.
တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မည်သည့် အချိန်ကမျှ မတားဆီးခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဦးစိုင်းသန်းနိုင် ကရင်ပြည်နယ် မဲဆန ္ဒနယ် အမှတ်(၅) အပါအဝင်ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြ ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အခုလည်း မတားဆီး သလို ဘယ်တုန်းကမှလည်း မတားဆီးခဲ့ပါဘူး။ ဥပဒေ နည်းဥပဒေများနှင့် အညီ ပြင်ဆင်ဆောင်ရွက် ဖို့သာ ပွင့်ပွင့်လင်းလင်း ပြတ်သားတိကျစွာ ဝေဖန် ထောက်ပြ ခဲ့တာမို့ ဆွေးနွေးချက်တွေမှာ အဆိုးမြင်စော်ကား ပုတ်ခတ်နေတယ်လို့ မထင်ကြ မမြင်ကြစေလိုကြောင်း” ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ပြောသည်။
ထို့အတူ ပြင်ဆင်ရန် တင်ပြထားသည့် ဥပဒေကြမ်း ငါးရပ်စလုံးကို ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောလျင်စွာ ပြင်ဆင်နိုင်ရေးကို ဆောင်ရွက်ပေးရန် နှင့် ပြင်ဆင်ချက် တစ်ခုချင်းစီကို ကိုယ်စားလှယ် အားလုံး ပါဝင်ဆွေးနွေးခွင့်ပြုရန်လည်း ၎င်းက ဆက်လက်ပြောသည်။
“မြန်မြန် ပြီးပြတ်လျှင် မြန်မြန်အကျိုးရှိမယ့် ကိစ္စဖြစ်တာကြောင့် ဘယ်လို အကြောင်းနဲ့မှ အချိန်နှောင့်နှေးအောင် မလုပ်သင့်ပါကြောင်း၊ ပြောမှသိ ထိမှနာ ဆိုတာမျိုး လွှတ်တော်တွင်း မဖြစ်စေချင်ပါကြောင်း၊ ဒါကြောင့် ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်ရန် မသင့်ပါကြောင်းနှင့် ဥပဒေ နည်းဥပဒေ များနှင့် အညီ ဆောင်ရွက်တဲ့ လွှတ်တော်အဖြစ် ဆက်လက် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ၇၅/၂၀၁၉ အား ကန့်ကွက်ကြောင်း” ဒုတိယဗိုလ်မှုးကြီး သန့်ဆွေက ဆွေးနွေးပြောကြားခဲ့သည်။
The Ladies News
#Unicode
တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မည်သည့်အချိန်ကမျှ မတားဆီးခဲ့ဟု ဆို
--- --- ---
တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မည်သည့် အချိန်ကမျှ မတားဆီးခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဦးစိုင်းသန်းနိုင် ကရင်ပြည်နယ် မဲဆန ္ဒနယ် အမှတ်(၅) အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြ ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အခုလည်း မတားဆီး သလို ဘယ်တုန်းကမှလည်း မတားဆီးခဲ့ပါဘူး။ ဥပဒေ နည်းဥပဒေများနှင့် အညီ ပြင်ဆင်ဆောင်ရွက် ဖို့သာ ပွင့်ပွင့်လင်းလင်း ပြတ်သားတိကျစွာ ဝေဖန် ထောက်ပြ ခဲ့တာမို့ ဆွေးနွေးချက်တွေမှာ အဆိုးမြင်စော်ကား ပုတ်ခတ်နေတယ်လို့ မထင်ကြ မမြင်ကြစေလိုကြောင်း” ဒုတိယဗိုလ်မှူးကြီး သန့်ဆွေက ပြောသည်။
ထို့အတူ ပြင်ဆင်ရန် တင်ပြထားသည့် ဥပဒေကြမ်း ငါးရပ်စလုံးကို ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောလျင်စွာ ပြင်ဆင်နိုင်ရေးကို ဆောင်ရွက်ပေးရန် နှင့် ပြင်ဆင်ချက် တစ်ခုချင်းစီကို ကိုယ်စားလှယ် အားလုံး ပါဝင်ဆွေးနွေးခွင့်ပြုရန်လည်း ၎င်းက ဆက်လက်ပြောသည်။
“မြန်မြန် ပြီးပြတ်လျှင် မြန်မြန်အကျိုးရှိမယ့် ကိစ္စဖြစ်တာကြောင့် ဘယ်လို အကြောင်းနဲ့မှ အချိန်နှောင့်နှေးအောင် မလုပ်သင့်ပါကြောင်း၊ ပြောမှသိ ထိမှနာ ဆိုတာမျိုး လွှတ်တော်တွင်း မဖြစ်စေချင်ပါကြောင်း၊ ဒါကြောင့် ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်ရန် မသင့်ပါကြောင်းနှင့် ဥပဒေ နည်းဥပဒေ များနှင့် အညီ ဆောင်ရွက်တဲ့ လွှတ်တော်အဖြစ် ဆက်လက် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ၇၅/၂၀၁၉ အား ကန့်ကွက်ကြောင်း” ဒုတိယဗိုလ်မှုးကြီး သန့်ဆွေက ဆွေးနွေးပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List