Thursday, December 12, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့်စပ်လျဉ်း၍ တက်ရောက်ရှင်းလင်းပြောကြား

Image may contain: 5 people, indoorImage may contain: one or more people, crowd and indoor

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အတွက် နှုတ်ဖြင့် လျှောက်လဲခြင်း(Oral Proceedings)ဒုတိယနေ့ အစီ အစဉ်သို့ တက်ရောက်၍ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခဲ့သည့်အမှုနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ရှင်းလင်းပြော ကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရှင်းလင်းပြောကြားချက်ကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေပါမောက္ခ မစ္စတာ William Schabas က Lack of a Plausible Claim နှင့် စပ်လျဉ်း၍ လျှောက်ထားမှုပြုလုပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ မစ္စတာ Christopher Staker က Lack of prima facie Jurisdiction of the Court; lack of prima facie standing of The Gambia; inappropriateness of the provisional measures requested နှင့်စပ်လျဉ်း၍ လျှောက်ထားမှုပြုလုပ်သည်။
ယင်းနောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ပါမောက္ခ မစ္စ Phoebe Okowa က Lack of real and imminent risk of irreparable prejudice to the rights in dispute နှင့် စပ်လျဉ်း၍ လျှောက်ထားမှုပြုလုပ်သည်။
အဆိုပါ ဒုတိယနေ့အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြုအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ယနေ့သည် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုအပေါ် မြန်မာနိုင်ငံမှ ပထမအကြိမ် နှုတ်ဖြင့် လျှောက်ထားသည့်နေ့ ဖြစ်သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးဝန်းရံကြသော မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြားနိုင်ငံများမှ လာရောက်ကြသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရှေ့၌ လာရောက် ထောက်ခံအားပေး ဝန်းရံကြသည်။
(Unicode Version)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့်စပ်လျဉ်း၍ တက်ရောက်ရှင်းလင်းပြောကြား

သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၁

Image may contain: 3 people, wedding and suit
Image may contain: 8 people, people standing and suit
Image may contain: 1 person
Image may contain: 4 people, people standing and suit

Image may contain: 6 people, suit
Image may contain: one or more people, people sitting and indoor
Image may contain: 2 people, people sitting, table, child, outdoor and indoor
Image may contain: 6 people, indoor
Image may contain: 3 people, people sitting, wedding, suit and indoor
Image may contain: 2 people, indoor
Image may contain: one or more people, tree, car and outdoor
Image may contain: 2 people, people smiling, crowd, tree, child, sky and outdoor
Image may contain: one or more people, crowd, tree, sky and outdoor
Image may contain: one or more people, motorcycle, tree and outdoor
(Zawgyi Version)

No comments:

Post a Comment

My Blog List