Friday, December 13, 2019

ဂမ်ဘီယာရဲ့စွဲချက်ကိုပြန်ရုတ်သိမ်းပေးဖို့နဲ့ ကြားဖြတ်ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေလုပ်ဖို့တောင်းဆိုတာ ကိုပယ်ချဖို့ မြန်မာတောင်းဆို

Image may contain: 21 people, people sitting
မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံကစွပ်စွဲခဲ့ပြီး ကြားဖြတ်ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေလုပ်ဖို့ နိုင်ငံတကာတရားရုံး ICJမှာတောင်းဆိုတာကို ပယ်ချဖို့နဲ့ ဂမ်ဘီယာနိုင်ငံရဲ့စွဲချက်ကို ရုတ်သိမ်းပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန်လျှောက်ထားမှုကြားနာမှုအပြီးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်းဆိုလိုက်တာပါ။
အခုလိုစွဲချက်ကြောင့် နိုင်ငံရဲ့ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့နောက်ဆုံးလျှောက် ထားမှုမှာပါဝင်ပါတယ်။
ဂူတာပြင်ဖြစ်စဉ်ကို လက်ရှိမှာစစ်ခုံရုံးက စစ်ဆေးနေပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်းဦးဆောင်ပြီး ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းရေးကော် မရှင်(ICOE)ရဲ့အစီရင်ခံစာ မကြာခင်ထွက်လာပြီးရင်လည်း စစ်ခုံရုံးမှာ ကြားနာစစ်ဆေးမှုတွေ ရှိလာနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ၆ မိနစ်ကျော် ကြာလျှောက် လဲမှုမှာပြောပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ရခိုင်မြောက်ပိုင်း မှာဖြစ်ခဲ့တဲ့ပြည်တွင်းစစ်လိုမျိုးပြန်မဖြစ်အောင် ရှောင်ဖို့လည်း အရေးကြီးတယ်ဆိုပြီးပြောပါတယ်။
Photo-State Counsellor Office
_______________________________________
(Zawgyi)
ဂမ္ဘီယာရဲ႕စြဲခ်က္ကိုျပန္႐ုတ္သိမ္းေပးဖို႔နဲ႔ ၾကားျဖတ္ႀကိဳတင္ ကာကြယ္ေရး အစီအစဥ္ေတြလုပ္ဖို႔ေတာင္းဆိုတာ ကိုပယ္ခ်ဖို႔ ျမန္မာေတာင္းဆို
ဒီဇင္ဘာ ၁၃
ဥကၠာ

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြက်ဴးလြန္ခဲ့တယ္လို႔ ဂမ္ဘီယာႏိုင္ငံကစြပ္စြဲခဲ့ၿပီး ၾကားျဖတ္ႀကိဳတင္ကာကြယ္ေရး အစီအစဥ္ေတြလုပ္ဖို႔ ႏိုင္ငံတကာတရား႐ံုး ICJမွာေတာင္းဆိုတာကို ပယ္ခ်ဖို႔နဲ႔ ဂမ္ဘီယာႏိုင္ငံရဲ႕စြဲခ်က္ကို ႐ုတ္သိမ္းေပးဖို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁၂ ရက္ ၾကာသပေတးေန႔မွာ ေတာင္းဆိုခဲ့ပါတယ္။
ႏွစ္ဖက္အျပန္အလွန္ေလွ်ာက္ထားမႈၾကားနာမႈအၿပီးမွာ ျမန္မာကိုယ္စားလွယ္အဖြဲ႔ေခါင္းေဆာင္ျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေတာင္းဆိုလိုက္တာပါ။
အခုလိုစြဲခ်က္ေၾကာင့္ ႏိုင္ငံရဲ႕ရင္ၾကားေစ့ေရးလုပ္ငန္းစဥ္ေတြကို ထိခိုက္ႏိုင္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ေနာက္ဆံုးေလွ်ာက္ ထားမႈမွာပါ၀င္ပါတယ္။
ဂူတာျပင္ျဖစ္စဥ္ကို လက္႐ွိမွာစစ္ခံု႐ံုးက စစ္ေဆးေနၿပီး ဖိလစ္ပိုင္ႏိုင္ငံျခားေရးဒုတိယ၀န္ႀကီးေဟာင္းဦးေဆာင္ၿပီး ၂၀၁၈ ခုႏွစ္မွာ ဖြဲ႔စည္းခဲ့တဲ့ လြတ္လပ္ေသာစံုစမ္းေရးေကာ္ မ႐ွင္(ICOE)ရဲ႕အစီရင္ခံစာ မၾကာခင္ထြက္လာၿပီးရင္လည္း စစ္ခံု႐ံုးမွာ ၾကားနာစစ္ေဆးမႈေတြ ႐ွိလာႏိုင္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ၆ မိနစ္ေက်ာ္ ၾကာေလွ်ာက္ လဲမႈမွာေျပာပါတယ္။
၂၀၁၆ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ရခိုင္ေျမာက္ပိုင္း မွာျဖစ္ခဲ့တဲ့ျပည္တြင္းစစ္လိုမ်ိဳးျပန္မျဖစ္ေအာင္ ေ႐ွာင္ဖို႔လည္း အေရးႀကီးတယ္ဆိုၿပီးေျပာပါတယ္။
#TheFifthWaveNews
Photo-State Counsellor Office

No comments:

Post a Comment

My Blog List