Wednesday, December 11, 2019

တပ်ကိုယ်စားလှယ်တစ်ဦးနှင့်NLDအမတ်တစ်ဦးတို့၏ ပြောကြားချက်အချို့လွှတ်တော် မှတ်တမ်းမှနုတ်ပယ်ခံရပြန်

Image may contain: 4 people, people standing and text

“ယခင်ကတက်ကြွစွာဆွေးနွေးခဲ့ကြသည့် ပါတီကြီးတစ်ခုမှ ကိုယ်စားလှယ်များ ယခုထူးဆန်းစွာဖြင့် တိတ်ဆိတ်နေ“ဆိုသည့် စကားရပ်ပြောကြားခဲ့သည့် တပ်ကိုယ်စားလှယ်ဗိုလ်မှူးကျော်စိုးဦးနှင့်၊“ကာလုံကို ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘယ်သူက မဲအသာစီးယူထားသလဲ ဆိုတာ အားလုံးအသိပါ“၊ဟုဆိုသည့် စကားရပ်ပြောကြားခဲ့သည့် NLDအမတ်ဦးအောင်ကျော်လွင်၏ စကားရပ်တို့ကို လွှတ်တော် မှတ်တမ်းမှနုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်က ယနေ့တွင်ကြေညာသည်။

လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခံလိုက်ရသည့် ကိုယ်စားလှယ် ၂ဦးသည် ကြံံခိုင်ရေးအမတ်ဦးစိုင်းသန်းနိုင်တင်သွင်းထားသည့် ခြေဥပြင်ရေးဥပဒေမူကြမ်းနှင့်ပါတ်သတ်ပြီး ဆွေးနွေးစဉ် နုတ်ပယ်ခံလိုက်ရသည့် စကားရပ်များကို ပြောဆိုဆွေးနွေးခဲ့ကြ၍ဖြစ်သည်။

လွှတ်တော်ထဲ ပြောဆိုဆွေးနွေးစဉ်အချိန်တွင်လည်း တပ်ကိုယ်စားလှယ်ဗိုလ်မှူးကျော်စိုးဦးကို NLD အမတ်ဦးအောင်ကြည်ညွှန့်က လည်းကောင်း၊NLDအမတ်ဦးအောင်ကျော်လွင်ကို တပ်ကိုယ်စားလှယ်တစ်ဦးက လည်းကောင်း အသီးသီးထကန့်ကွက်ခဲ့ကာ ပြောကြားချက်များအား လွှတ်တော်မှတ်တမ်းမှနုတ်ပယ်ပေးရန်အသီးသီးတောင်းဆိုခဲ့ကြပြီးလည်းဖြစ်သည်။

ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းသန်းနိုင် တင်သွင်းထားသည့် ခြေဥပြင်ရေးဥပဒေမူကြမ်းသည် နိုင်ငံတော်သမ္မတမှ ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်ရာတွင် သမ္မတမှ ကာလုံ၏ ထောက်ခံချက်ဖြင့် လွှတ်တော်အား ဖျက်သိမ်းနိုင်သည့်အထိ အခွင့်အရေးကို ရရှိနိုင်သည့် ဥပဒေကြမ်းဖြစ်သည်ဟုသိရသည်။
စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်အောင်လွင်က“ကာလုံကို ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘယ်သူတွေက မဲအသာစီးယူထားသလဲ ဆိုတာ အားလုံးအသိပါ“၊“ လူတစ်စုတစ်ဖွဲ့က အသာစီးရယူ ဆောင်ရွက်ထားသည်“၊ ၎င်းက“ တစ်နိုင်ငံလုံးပြည်သူတစ်ရပ်လုံးမဲပေးရွေးချယ်ထားခဲ့တဲ့ ပါတီအစု အဖွဲ့အားလုံးက၊လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံရင်တောင် တပ်မတော်အစုအဖွဲ့က မထောက်ခံရင် လုံးဝပြင်လို့မရတဲ့ ကမ္ဘာမှာပြင်လို့ အခက်ဆုံးဖွဲ့စည်းပုံ ပြင်ဖို့ကိစ္စဟာ အခက်အခဲ၊အကျပ်အတည်း၊အဟန့်အတားစိန်ခေါ်မှုပေါင်းစုံ ကြုံတွေ့တာ မထူးဆန်းပါဘူး“ဟုဆိုသည့် စကားများပါ ပြောဆိုဆွေးနွေးသွားခဲ့သော်လည်း ထိုစကားများမှာမူ မှတ်တမ်းမှနုတ်ပယ်မခံရပေ။
ဗိုလ်မှူးကျော်စိုးဦး၏ ပြောကြားချက်ထဲမှ အဲဒီ့အချိန်တုန်းကစပြီး------ထပ်တူမဖြစ်ပါ ဆိုသည့် စကားရပ်တစ်ပိုဒ်လုံး နုတ်ပယ်ခံခဲ့ရသည်။
ဗိုလ်မှူးကျော်စိုးဦးသည် လွှတ်တော်ကိုယ်စားလှယ် ၅ဦး ဦးဆောင်တင်သွင်းထားသည့် ခြေဥပြင်ရေးဥပဒေမူကြမ်း ၅ရပ်သည် ယနေ့ခေတ်၊ယနေ့အချိန်အခါအရ သင့်တော်သည့် မူကြမ်းများဖြစ်ပြီး၊လွှတ်တော်တင်ကာ ဆွေးနွေးဆုံးဖြတ်သင့်ကြောင်း၊၄၅ဦးကော်မတီထဲ ထည့်သွင်းဆောင်ရွက်ခြင်းက မသင့်တော်ကြောင်း၊ပြီးခဲ့သည့် ပထမအကြိမ်ခြေဥပြင်ဆင်ချိန် ပါတီကြီးတစ်ခု(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆိုလိုခြင်းဖြစ်သည်)မှ ကိုယ်စားလှယ်များ တက်ကြွစွာဆွေးနွေးခဲ့ကြသည့် အချက်များ ယခုတင်ထားသည့် မူကြမ်းထဲ ပါနေသော်လည်း ယခုအခါ ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေကြောင်း၊ထိုစဉ်အချိန်က တိုင်းရင်းသားများကို မျှော်လင့်ချက်ပေးခဲ့သည့်အကြောင်း၊လက်ရှိတွင် ကိုယ်နှင့်မဆိုင်သကဲ့သို့ နေနေကြောင်း စသည်ဖြင့် ပြောဆိုကာ တစ်အုပ်လုံးမဟုတ်ဘဲ အချက်ချင်းစီအလိုက် ပြင်ဆင်ခဲ့ကြသည့် အမေရိကန်၊အိန္ဒိယ စသည့် နိုင်ငံများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အတုယူလိုကြောင်းပြောဆိုဆွေးနွေးခဲ့သည်ဟု သိရသည်။
ခြေဥပြင်ဆင်ရေးဥပဒေကြမ်းများနှင့် ပါတ်သတ်ပြီး ဆွေးနွေးစဉ် နာယကက ကိုယ်စားလှယ်များ၏ ပြောကြားချက်များအပေါ် အကြိမ်ကြိမ်သတိပေးနေရသည်ကို တွေ့ရသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List