Tuesday, December 10, 2019

ခြေဥအားလုံးပြင်လိုသူများ ဖခင်ကိုသတ်သည့် အဇာတသတ်မင်းသားလို မှားယွင်းနိုင်ဟု ကြံ့ခိုင်ရေးအမတ်ပြောဆို

Image may contain: 1 person
ခြေဥနှင့်နေရာရလာသူများ၊နေရာရပြီးကာမှ ခြေဥကို အားလုံးပြင်ရန်၊ပယ်ဖျက်ရန် လုပ်ဆောင်နေသူများအား ဖခင်ကိုသတ်သည့် အဇာတသတ်မင်းသားလို မှားယွင်းနိုင်ဟု ကြံ့ခိုင်ရေးအမတ်ဦးသောင်းအေးက ယနေ့ပြောဆိုဆွေးနွေးသွားခဲ့သည်။

၎င်းက လက်ရှိသမ္မတ၊တရားသူကြီးချုပ်၊လွှတ်တော်ဥက္ကဌ၊ပါတီ စသည်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးဌာနနေရာရလာသူများဟု ပြောပြီး၊ထိုသူများက ဥပဒေကိုအားလုံးပြင်ရန်ပယ်ဖျက်ရန်လုပ်ဆောင်နေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးသောင်းအေးက နိုင်ငံ၏ ပင်မဥပဒေ၊မိခင်ဥပဒေဟု ညွှန်းဆိုခဲ့သည်။
“စီစစ်ရေးပူးပေါင်းကော်မတီက နိဒါန်းကနေ ဇယားအထိ ပြင်မယ်ဆိုတော့ ဥပဒေနဲ့ ညီညွှတ်ပါသလား “ဟု ဦးသောင်းအေးက မေးခွန်းထုတ်ခဲ့သေးကာသမ္မတ အပါအဝင် နိုင်ငံသားအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာရန်လိုအပ်ကြောင်းပါ ပြောဆိုခဲ့သည်။
ဦးသောင်းအေးက ကိုယ်စားလှယ်များတင်ပြထားသော ခြေဥပြင်ကြမ်းများကို ဖွဲ့စည်းပုံပါ ပြင်ဆင်ရေးပြဌာန်းချက်အတိုင်းသာ ဆောင်ရွက်သင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ယင်းအပြင် စီစစ်ရေးကော်မတီ၏ လုပ်ဆောင်ချက်များကို ဥပဒေနှင့်အညီဆောင်ရွက် စီစစ်ရန်လည်း နာယက ကို ဦးသောင်းအေးက တိုက်တွန်းတောင်းဆိုခဲ့သည်။
ဇေဝေယံ/Myanmar Harp

No comments:

Post a Comment

My Blog List