Wednesday, December 11, 2019

ဒေါ်အောင်ဆန်းစုကြည်အား "အမေအိုကြီး"ဟုရည်ညွှန်းဆွေးနွေးမှုနှင့်ပတ်သက်ပြီး မဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားများ ထည့်သွင်းမသုံးသင့်ဟု ဆိုကာ တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား "အမေအိုကြီး"ဟု NLDအမတ်တဦးက ရည်ညွှန်းကာဆွေးနွေးခဲ့မှုနှင့်ပတ်သတ်ပြီး မဖွယ်မရာပုဂ္ဂိုလ်ရေးစကားများ ထည့်သွင်းမသုံးသင့်ဆိုကာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ကန့်ကွက်ခဲ့သည်။

၎င်းက"နောက်တခုက ကိုယ်စားလှယ်တော်ကြီးဦးမျိုးဝင်း ဆွေးနွေးတဲ့အထဲမှာ အမေအိုကြီး၊ အဖွားအိုကြီး ဒီစကားတွေက ကျွန်တော်တို့လို ပြည်သူတရပ်လုံးကြည့်ရှု့ပြီးတော့ ကမ္ဘာမှာရှိတဲ့ လူထုတွေ အားလုံးကြည့်နေတဲ့အချိန်မှာ ဒီလိုမဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားတွေ အဖိုးကြီး၊ အဖွားကြီး၊ အမေအိုကြီးဒါတွေထည့်သွင်းမသုံးသင့်ပါဘူးလို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ တင်ပြလိုပါတယ်"ဟုဆိုသည်။
ဒီဇင်ဘာ ၁၁ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဦးစိုင်းသန်းနိုင်ကရင်ပြည်နယ်မဲ ဆန္ဒနယ်အမှတ်၅အပါအဝင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၁၄၅ဦးတင်ပြထားသောဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီး လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်လွှတ်‌တော်ကိုယ်စားလှယ်များက ဆွေး‌နွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်၈မှ ဦးမျိုးဝင်းက"ကျွန်တော်တို့ရဲ့ အမေအရွယ်၊ အဖွားအရွယ်၊ အသက်ရ၀ကျော်အမေအိုကြီးက ဘာသာလူမျိုးမခွဲခြားပဲ အားလုံးကိုသွေးသားရင်းလိုသဘောထားပြီး တနိုင်ငံလုံးကိုယ်စား သူ့ဘဝကိုရင်းလို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဒီနေ့ICJမှာ သတ္တိရှိစွာနဲ့ ကာကွယ်နေချိန်မှာ ကျွန်တော်တို့တွေဟာ ဒီလို ကိုယ့်အလိုကိုယ် ရှေ့တန်းတင်ပြောဆိုနေကြရတာဟာ အင်မတန်ရှက်စရာ ကောင်းပါတယ်"ဟု ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင်ဦးမျိုးဝင်း၏ဆွေးနွေးချက်များထဲမှ ဝေ့လည်ကြောင်ပတ်၊ သဝေထိုးဆိုသည့် စကားရပ်ကိုလည်း ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ကန့်ကွက်ခဲ့သည်။

ဆက်လက်ပြီး"ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၊ အခုကိုယ်စားလှယ်တော်ကြီး ဦးမျိုးဝင်းဆွေးနွေးချိန်မှာရော မိမိတို့တဖွဲ့ တပါတီကသာလျှင် ဦးဆောင်ပြီး ဆွေးနွေးပြီးတော့ လုပ်နေသယောင်ပြောတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေတဲ့ တပ်မတော်ရဲ့ ရပ်တည်မှုကို ပြည်သူလူထုထင် ယောင်ထင်မှားဖြစ်စေတာဖြစ်တဲ့အတွက် နာယကကြီးရဲ့ အခွင့်အာဏာနဲ့ ပယ်ဖျက်ပေးဖို့ ကန့်ကွက်လိုပါတယ်"ဟုလည်း ၎င်းကတင်ပြသည်။
No photo description available.
ထွန်း(နေပြည်တော်)၊ဖူးအောင်
ဒေါ်အောင်ဆန်းစုကြည်အား "အမေအိုကြီး"ဟုရည်ညွှန်းဆွေးနွေးမှုနှင့်ပတ်သက်ပြီး မဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားများ ထည့်သွင်းမသုံးသင့်ဟု ဆိုကာ တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်
-------- ------- -------

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား "အမေအိုကြီး"ဟု NLDအမတ်တဦးက ရည်ညွှန်းကာဆွေးနွေးခဲ့မှုနှင့်ပတ်သတ်ပြီး မဖွယ်မရာပုဂ္ဂိုလ်ရေးစကားများ ထည့်သွင်းမသုံးသင့်ဆိုကာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ကန့်ကွက်ခဲ့သည်။
၎င်းက"နောက်တခုက ကိုယ်စားလှယ်တော်ကြီးဦးမျိုးဝင်း ဆွေးနွေးတဲ့အထဲမှာ အမေအိုကြီး၊ အဖွားအိုကြီး ဒီစကားတွေက ကျွန်တော်တို့လို ပြည်သူတရပ်လုံးကြည့်ရှု့ပြီးတော့ ကမ္ဘာမှာရှိတဲ့ လူထုတွေ အားလုံးကြည့်နေတဲ့အချိန်မှာ ဒီလိုမဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားတွေ အဖိုးကြီး၊ အဖွားကြီး၊ အမေအိုကြီးဒါတွေထည့်သွင်းမသုံးသင့်ပါဘူးလို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ တင်ပြလိုပါတယ်"ဟုဆိုသည်။
ဒီဇင်ဘာ ၁၁ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဦးစိုင်းသန်းနိုင်ကရင်ပြည်နယ်မဲ ဆန္ဒနယ်အမှတ်၅အပါအဝင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၁၄၅ဦးတင်ပြထားသောဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီး လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်၈မှ ဦးမျိုးဝင်းက"ကျွန်တော်တို့ရဲ့ အမေအရွယ်၊ အဖွားအရွယ်၊ အသက်ရဝကျော်အမေအိုကြီးက ဘာသာလူမျိုးမခွဲခြားပဲ အားလုံးကိုသွေးသားရင်းလိုသဘောထားပြီး တနိုင်ငံလုံးကိုယ်စား သူ့ဘဝကိုရင်းလို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဒီနေ့ICJမှာ သတ္တိရှိစွာနဲ့ ကာကွယ်နေချိန်မှာ ကျွန်တော်တို့တွေဟာ ဒီလို ကိုယ့်အလိုကိုယ် ရှေ့တန်းတင်ပြောဆိုနေကြရတာဟာ အင်မတန်ရှက်စရာ ကောင်းပါတယ်"ဟု ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင်ဦးမျိုးဝင်း၏ဆွေးနွေးချက်များထဲမှ ဝေ့လည်ကြောင်ပတ်၊ သဝေထိုးဆိုသည့် စကားရပ်ကိုလည်း ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ကန့်ကွက်ခဲ့သည်။

ဆက်လက်ပြီး"ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၊ အခုကိုယ်စားလှယ်တော်ကြီး ဦးမျိုးဝင်းဆွေးနွေးချိန်မှာရော မိမိတို့တဖွဲ့ တပါတီကသာလျှင် ဦးဆောင်ပြီး ဆွေးနွေးပြီးတော့ လုပ်နေသယောင်ပြောတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေတဲ့ တပ်မတော်ရဲ့ ရပ်တည်မှုကို ပြည်သူလူထုထင် ယောင်ထင်မှားဖြစ်စေတာဖြစ်တဲ့အတွက် နာယကကြီးရဲ့ အခွင့်အာဏာနဲ့ ပယ်ဖျက်ပေးဖို့ ကန့်ကွက်လိုပါတယ်"ဟုလည်း ၎င်းကတင်ပြသည်။
ထွန်း(နေပြည်တော်)၊ဖူးအောင်

No comments:

Post a Comment

My Blog List