Monday, December 09, 2019

ကမ္ဘာ့နေထိုင်ရမကောင်းဆုံးမြို့တွင် ရန်ကုန်ပါဝင်နေခြင်းက ရှက်စရာမဟုတ်ဟု မြို့တော်ဝန်ပြောကြား

Image may contain: one or more people, people sitting and indoor
လန်ဒန်အခြေစိုက် InterNations အဖွဲ့၏ တတိယမြောက်နိုင်ငံရပ်ခြားတွင်နေထိုင်သူများကိုမေးမြန်းသုတေသနပြုချက်အရ ၂၀၁၉စာရင်းအရ ကမ္ဘာပေါ်တွင် နေထိုင်ရမကောင်းဆုံးမြို့များစာရင်းတွင် ရန်ကုန်မြို့တော်ပါဝင်နေပြီး ယင်းစစ်တမ်းတွင် ရန်ကုန်ပါဝင်နေခြင်းအပေါ်ရှက်စရာမဟုတ်သလို ဂုဏ်ယူစရာလည်းမဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

ယနေ့ကျင်းပသောရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏သတင်းစာရှင်းလင်းပွဲတွင်မီဒီယာများမေးမြန်းရာတွင်မြို့တော်ဝန်ကယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတကာကမြို့ကြီးတွေနဲ့ယှဉ်ရင်တော့ ဟုတ်ချင်ဟုတ်မှာပေါ့ ဒီစစ်တမ်းကဘယ်လိုကောက်တာလည်းဆိုတာလည်းမသိသလို စစ်တမ်းကောက်သူရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာလည်းသိဖို့လိုတယ် ဒီလိုစာရင်းမှာပါတာကရှက်စရာမဟုတ်သလို ဂုဏ်ယူစရာမဟုတ်ပါဘူး"ဟုဦးမောင်မောင်စိုးကပြောသည်။

အဆိုပါ InterNations အဖွဲ့အနေဖြင့် တတိယမြောက်နိုင်ငံနေထိုင်သူ ၂၀၂၅၉ ဦးကိုမေးမြန်းစစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်းစစ်တမ်းဖော်ပြချက်အရသိရသည်။

ထူးမြတ်

No comments:

Post a Comment

My Blog List