Thursday, December 12, 2019

(ICJ)အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာနိုင်ငံ ကို တရားစွဲပေမယ့် ကိုယ်တိုင်က လူ့အခွင့်အရေးများစွာ ချိုးဖောက်ထားတဲ့ ဂမ်ဘီယာနိုင်ငံ

No photo description available.

ဂမ်ဘီယာမှထူးခြားတာတစ်ခုကနှစ်ဆယ်ပေါင်းများစွာလူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရပါသေးတယ်။လူ့အခွင့်အရေးချိုးဖောက်မှု့အားလုံးကတော့သမ္မတဟောင်းYahya Jammeh ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ Yahya Jammechကျူးလွန်ခဲ့တဲ့ပြစ်မှု့တွေ၊ရာဇာဝတ်မှု့တွေဟာလည်းအများအပြားပါပဲ။

သမ္မတဟောင်းJammechဟာ ၁၉၉၄ ခုနှစ်မှစကာ ၂၀၁၆ခုနှစ်အထိသမ္မတအဖြစ်အုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူအုပ်ချုပ်နေစဉ်ကာလအတွင်းတွင်Jammehက သမ္မတအကြီးအကဲ၊စစ်တပ်အကြီးအကဲစသည့်ရာထူးတာဝန်များကိုသိမ်းကျုံးယူထားပြီးအဲ့ရာထူးတွေမှာသက်တမ်းရှည်ရှည်အုပ်ချုပ်နိုင်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ကြိုက်ရေးဆွဲထားတာလည်းပဲဖြစ်ပါတယ်။
အာဏာလက်ထဲရှိသည့် ၂၂ အတွင်းJammechဟာပြစ်မှု့ပေါင်းစုံကျူးလွန်ခဲ့ပါတယ်။အထင်ရှားဆုံးပြစ်မှု့တစ်ခုကတော့ ၂၀၀၄ ခုနှစ်မှာသတင်းစာဆရာတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ပဲဖြစ်ပါတယ် ။၂၀၀၅ခုနှစ်မှာလည်းရွှေ့ပြောင်းနေထိုင်သူ၅၆ဦးကိုကြေးစားစစ်သားတွေဟုစွပ်စွဲကာသတ်ဖြတ်ခဲ့ပါတယ်။ထိုအပြင်အမေရိကန်နိုင်ငံသား ခံယူထားတဲ့ဂမ်ဘီယာ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး ကိုလည်းလုပ်ကြံသတ်ဖြတ်ခဲ့ရုံသာမက အလောင်းတွေကိုအပိုင်းပိုင်းပြတ်အောင်ခုတ်ထစ်ခဲ့ပါသေးတယ်။
ထိုအပြင်အတိုက်အခံနိုင်ငံရေးသမားတွေနဲ့သတင်းထောက်တွေကိုဖိနှိပ်ဖမ်းဆီးညှင်းပန်းမှု့များရာနှင့်ချီသောအမျိုးသမီးတွေကိုရှာဖွေဖမ်းဆီးကာမုဒိန်းကျင့်သတ်ဖြတ်မှု့များကိုလည်းကျူးလွန်ထားတာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံ ဆိုတာ အာဖရိက အနောက်ပိုင်း က နိုင်ငံသေးသေးလေး တစ်ခုပါ ။နိုင်ငံအကျယ်အဝန်းကလည်း စတုရန်းအကျယ်အဝန်း မိုင်ပေါင်း ၄၁၀၀ ကျော်သာ ကျယ်ဝန်း ပါတယ် ။
ဒီအကျယ်အဝန်းဟာတစ်ကယ်တော့မြန်မာနိုင်ငံမှာအသေးဆုံးပြည်နယ်ဖြစ်တဲ့ကယားပြည်နယ်ထက်တောင်မှအလွန်သေးငယ်ပါတယ်ဒီနိုင်ငံကအကျယ်အဝန်းအပြင်ကိုလူဦးရေအရကလည်းနှစ်သန်းတောင်မှမပြည့်ပါဘူး။ မြန်မာနိုင်ငံနဲ့ယဉ်ကျေးမှု့အရရော၊တည်နေရာအရကောအရမ်းကိုအလှမ်းဝေးတဲ့နေရာတစ်ခုအပြင်ဘာမှကိုဆက်စပ်မှု့မရှိပါဘူး။
ဂမ်ဘီယာနိုင်ငံဟာမြန်မာနိုင်ငံနဲ့ယဉ်ကျေးမှု့၊တည်နေရာအလှမ်းဝေးပြီးမတူညီပေမယ့်တူညီတာတစ်ချို့လည်းရှိနေပါသေးတယ်။အဲ့တာတွေကတော့ဂမ်ဘီယာနိုင်ငံမှာဗြိတိသျှကိုလိုနီလက်ထဲသို့ကျရောက်ခဲ့ပြီး၊မြန်မာနည်းတူစစ်အာဏာရှင်ရဲ့အုပ်ချုပ်မှု့နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။
ယနေ့မှာတော့ထိုကဲ့သို့လူ့အခွင့်အရေးချိုးဖောက်မှု့များစွာကျူးလွန်ထားတဲ့ဂမ်ဘီယာနိုင်ငံဟာ ၎င်းတို့စိတ်နဲ့နှိုင်းပြီးယဉ်ကျေးမှု့မတူတည်နေရာပေါင်းများစွာဆက်စပ်မှု့မရှိသည့်မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်ပါသည်ဆိုသည့်စွပ်စွဲချက်တစ်ခုတည်းနှင့်ICJသို့တရားစွဲဆိုလာတာဖြစ်ပါတယ်။ OICရဲ့ထောက်ပံ့မှု့က ဆင်းရဲလွန်းလှသည့်ဂမ်ဘီယာနိုင်ငံကိုမည်မျှအေကျိုးဖြစ်ထွန်းနိုင်မည်နည်း
OICရဲ့လက်ကိုင်တုတ်အဖြစ်အသုံးချခံအဖြစ်လက်ခံခဲ့တဲ့ဂမ်ဘီယာနိုင်ငံရဲ့လိမ်လည်တိုင်ကြားမှု့ကကောမြန်မာနိုင်ငံအပေါ်မည်မျှအကျိုးသက်ရောက်မည်နည်းဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အရေးကြီးချိန်မြန်မာအားလုံးသွေးနီးဖို့လို့အပ်နေပါပြီ။
REF: SHWE LIKE

No comments:

Post a Comment

My Blog List