Monday, December 09, 2019

ရကဖ(၂)အကြီးအကဲ ရဲမှူးချုပ်တင်ကိုကိုအပါအဝင် ရှမ်းပြည်ရဲတပ်ဖွဲ့မှူး အစရှိသည့် အဆင့်မြှင့်ရဲအရာရှိကြီးအချို့ကို ရာထူးတာဝန်များ အပြောင်းအလဲပြုလုပ်

Image may contain: 4 people, people sittingImage may contain: 2 people, people standing

ရကဖ(၂)အကြီးအကဲ ရဲမှူးချုပ်တင်ကိုကိုအပါအဝင် ရှမ်းပြည်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ဇော်ခင်အောင် အစရှိသည့် အဆင့်မြှင့်ရဲအရာရှိကြီးအချို့ကို ရဲချုပ်က အပြောင်းအလဲပြုလုပ်လိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက တိုင်းနှင့်ပြည်နယ်အဆင့်ရှိ အဆင့်မြှင့်ရဲအရာရှိကြီးအချို့ကိုအပြောင်းအလဲ ပြုလုပ်ပြီး ၃လအကြာ ရဲချုပ်က အပြောင်းအလဲ ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်ကာ ယခု အပြောင်းအလဲတွင် နေပြည်တော်ကောင်စီရဲတပ်ဖွဲ့အကြီးအကဲနေရာ၊ရှမ်းပြည်ရဲတပ်ဖွဲ့အကြီးအကဲနေရာ၊မန္တလေးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့အကြီးအကဲနေရာ၊ရကဖ-၂ ရဲတပ်ရင်းအကြီးအကဲနေရာအစရှိသည့် နေရာတို့ ပါဝင်ကြောင်းသိရသည်။
အပြောင်းအလဲတွင် ရှမ်းပြည်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ဇော်ခင်အောင်က တွဲဖက် ရဲထောက်ချုပ်၊ရကဖ-၂ အကြီးအကဲ ရဲမှူးချုပ်တင်ကိုကိုက ရှမ်းပြည်ရဲတပ်ဖွဲ့မှူး၊ မန္တလေးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးကိုကိုလွင်သည် နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး၊နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းမင်းသိန်းသည် ရဲမှူးချုပ်ရာထူးဖြင့် ရကဖ-၂ အကြီးအကဲအဖြစ်သို့ ရာထူးတိုးမြှင့်ရောက်ရှိသွားကြောင်း သတင်းရရှိသည်။
လက်ရှိရဲထောက်ချုပ်သည် ပင်စင်ယူရန် အချိန်နီးကပ်နေပြီဖြစ်၍ ၎င်းနေရာသို့ ရဲမှူးချုပ်ဇော်ခင်အောင်ကို ချက်ချင်းအစားမထိုးသေးဘဲ တွဲဖက်အနေဖြင့်သာ တာဝန်ပေးထားကြောင်းလည်းသိရှိရသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List