Tuesday, December 10, 2019

အိုင်စီဂျေ၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော်အပေါ် ရေရှည်ဖိအားတစ်ခုဖြစ်ဟုဆို

Image may contain: 1 person, eyeglasses
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ)၌ မြန်မာ နိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော် အပေါ် ရေရှည်ဖိအားတစ်ခုဖြစ်ကြောင်း အမျိုးသားတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ တို့ စုပေါင်းတွေ့ဆုံပွဲအပြီး ဒေါက်တာနေဇင်လတ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံကို အနာဂတ်မှာ တောက်လျှောက် ဖိအားပေးထားဖို့အတွက်က ဒီအမှုဖြစ်လာတာလို့ ပြောရင် အဲဒါပိုများလိမ့်မယ်။ ဟိုက၂၀၂၀ ရွေးကောက်ပွဲကို ခဏပဲကျော်သွားမယ်။တစ်ခါပြီးရင် ပြီးပြီ။ ICJ မှာက ကြားနာစစ်ဆေးတာ၊ ဆုံးဖြတ်တာ စသဖြင့်ပေါ့။အဲဒီကာလတစ်လျှောက်မှာ နိုင်ငံရော၊စစ်တပ်ရော ဖိအားပေးထားတာပဲလေ။ အဲဒီလိုပြောလို့ရတယ်။ှုဃဲက လောလောဆယ် အဖြူအမည်းမကွဲသေးဘူး။လောလောဆယ် ကြောက်စရာ မကောင်းပါဘူး။လောလောဆယ်ဆိုတာက လောလောဆယ်နဲ့ မပြီးသွားပါဘူး။အနာဂတ်အကြာကြီးကို လျှောက်ရမှာပါ။ နိုင်ငံပေါ်မှာ တောက်လျှောက်ရှိနေ မယ့် ဖိအား၊တပ်ကိုတောက်လျှောက်ရှိနေမယ့် ဖိအား။ တကယ်လို့များ နောက်အစိုးရသည် အနောက်နိုင်ငံနဲ့ အဆင်မပြေတဲ့ အစိုးရဖြစ်နေမယ်ဆိုရင် ICJ၊ ဟိုဘက်မှာ သွားမယ့် ICC အဲဒါတွေက နိုင်ငံအတွက်ကို ဖိအားတွေ ဖြစ်လာလိမ့်မယ်၊ အဲဒါကို တစ်ဖက် အချိန်မရွေး သုံးနိုင်တယ်။ အဲဒါတော့ ရှိတယ်လို့ ပြောချင်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက်ကြားနာမှု ပြုလုပ်၍ လျှောက်လဲချက်ပေးရာတွင်ဥပဒေ ကျွမ်းကျင်သည့် ဥပဒေပညာရှင်များသာ လျှောက်လဲချက်ပေးခြင်းသာ ပိုမို ကောင်းမွန်သည်ဟု ထင်ကြောင်း ဒေါက်တာ နေဇင်လတ်က ပြောဆိုသည်။
"နံပါတ် (၁) က ဒီ ICJ ကို စပြီး တရားကြားနာတဲ့အချိန်မှာ ကျွမ်းကျင်သူကနေ လျှောက်လဲတာ ပိုကောင်းတယ်။ဥပမာ နှစ်ဖက်ငှားထားတဲ့ ရှေ့နေတွေပေါ့။ အဲဒါတွေက သူတို့ရဲ့ တာဝန်ပေါ့။ အဲဒီတော့ ဒီဥပဒေထဲက သူမဟုတ်ဘဲနဲ့ သွားပြီး လျှောက်လဲမယ်ဆိုရင် ဘာပဲပြောပြောဥပဒေသမားလောက် မပီပြင်နိုင်ဘူး။ ဒါငြင်းလို့ကို မရဘူး။နောက်တစ်ခုက ဘာလဲဆိုရင် အတိုင်ပင်ခံသွားတဲ့အတွက်ကြောင့်မို့ အတိုင်ပင်ခံက ဥပဒေသမား မဟုတ်ဘူး။ နိုင်ငံတကာရေးရာကိုလည်း အင်မတန်ကျွမ်းကျင်တယ်လို့ ယူဆဖို့ အင်မတန် ခက်ခဲတယ်။ဘာကြောင့်လဲဆိုတော့ သူသည် ဒီအစိုးရတက်လာကတည်းက နိုင်ငံတကာဆက်ဆံရေးကို လွန်းထိုးသွားနေပြီ။ နိုင်ငံခြားရေးဝန်ကြီးရဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်ဆိုရင်တော့နိုင်ငံတကာရေးရာပါ အတော်အသင့် ကျွမ်းကျင်တယ်လို့ယူဆနိုင်စရာ ရှိတယ်။ အခုဟာက အဲဒီလောက်မမြင်ဘူးပေါ့။ ကောင်းပြီ။ICJ ဖြစ်လာပြီ။ဥပဒေပိုင်းဆိုင်ရာမှာအထောက်အကူပြု ကော်မတီတစ်ခု ခေါ်သွားသင့်တယ်ပေါ့။ခေါ်သွားသင့်တယ်ဆိုတော့ ဘာနဲ့ ပြန်ဆက်စပ်နေသလဲဆိုတော့ တပ်နဲ့ ပြန်ဆက်စပ်နေတယ်။အစိုးရအမိန့်ပေးတယ်။ တပ်က အရေးယူတယ်။ ထိတွေ့ရ တာ တပ်ဖြစ်နေတယ်။ ပထမကြားလိုက်တာကတပ်ဘက်ကလည်းဘယ်သူ ပါမယ်။ သုံးယောက်၊ လေးယောက်လောက်ပါမယ်ဆိုပြီး ကြားလိုက်တယ်။ အဲဒါတွေ အကုန်လုံးကိုအစည်းအဝေးတွေ အများကြီးထိုင်ပြီးတော့မှ၊ ကြားပြီးတော့မှ အနားလည်းနီးလည်း နီးရော၊ အစိုးရရဲ့ ညွှန်ကြားချက်ကြောင့် မခေါ်သွားဘူးဆိုတော့ ဒါစိုးရိမ်စိတ် မရှိစရာအကြောင်းကို မရှိတော့ဘူးဖြစ်သွားတယ်"ဟု ပြောဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ ၃၀တက်ရောက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာထိပ်ပိုင်း ခေါင်းဆောင်များကို တရားစွဲဆိုခံထားရမှုနှင့် ပတ်သက် သည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ရဲထက်ကျော်
(Unicode Version)

No comments:

Post a Comment

My Blog List