Wednesday, December 11, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက် နားထောင်

Image may contain: 9 people
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ‌ဒေသစံတော်ချိန် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ပြုလုပ် သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures)အတွက် နှုတ်ဖြင့်လျှောက်လဲခြင်း (Oral Proceedings) ပထမနေ့အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက်နားထောင်သည်။

ပထမနေ့အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့် လျှောက်ထားမှုအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်နားထောင်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုအား ထောက်ခံအားပေး ဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသည့်ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြားပြည်ပရောက်နိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)အပြင်၌ လာရောက် ထောက်ခံအားပေး ဝန်းရံကြကြောင်း သိရှိရသည်။
Image may contain: one or more people and outdoor
Image may contain: 3 people, crowd and outdoor
Image may contain: 1 person, indoor
Image may contain: people sitting and indoor
Image may contain: 4 people, people standing and suit
Image may contain: one or more people, people standing and suit
Image may contain: 1 person, indoor
Image may contain: 9 people
Credit း MOFA
The Ladies News

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက် နားထောင်
(၁၀-၁၂-၂၀၁၉ ရက်၊ သည်ဟိဂ်မြို့)
--------------- -------------- --------------------
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ‌ဒေသစံတော်ချိန် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ပြုလုပ် သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures)အတွက် နှုတ်ဖြင့်လျှောက်လဲခြင်း (Oral Proceedings) ပထမနေ့အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအား တက်ရောက်နားထောင်သည်။

ပထမနေ့အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့် လျှောက်ထားမှုအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်နားထောင်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုအား ထောက်ခံအားပေး ဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသည့်ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြားပြည်ပရောက်နိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)အပြင်၌ လာရောက် ထောက်ခံအားပေး ဝန်းရံကြကြောင်း သိရှိရသည်။
Credit း MOFA
The Ladies News

No comments:

Post a Comment

My Blog List