Tuesday, December 10, 2019

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော်အပေါ် ရည်ရှည်ဖိအားတစ်ခုဖြစ်ဟုဆို

Image may contain: 1 person, eyeglasses and phoneImage may contain: one or more people, people sitting and indoor
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းသည် နိုင်ငံနှင့်တပ်မတော် အပေါ် ရည်ရှည်ဖိအားတစ်ခုဖြစ်ကြောင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာနေဇင်လတ်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ယနေ့နံနက် ၉နာရီအချိန်က နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲအပြီး ပြောြကားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံကိုအနာဂါတ်မှာထောက်လျောက်ဖိအားပေးထားဖို့အတွက်ကို ဒီအမှုဖြစ်လာတာ လို့ပြောရင် အဲ့ဒါပိုများလိမ့်မယ်။ဟိုက ၂၀၂၀ ရွေးကောက်ပွဲကို ခဏဘဲကျော်သွားမယ်။တစ်ခါပြီးရင် ပြီးပြီ။ICJ မှာ က ကြားနာစစ်ဆေးတာ။ဆုံးဖြတ်တာစသဖြင့်ပေါ့။အဲ့ကာလတစ်လျောက်မှာ နိုင်ငံရော၊စစ်တပ်ရော ဖိအား ပေးထားတာဘဲလေ။အဲ့လိုပြောလို့ရတယ်။ICJ က လောဆယ် အဖြူအမဲမကွဲသေးဘူး။လောလောဆယ် ကြောက်စရာမကောင်းပါဘူး။လောလောဆယ်ဆိုတာက လောလောဆယ်နဲ့ မပြီးသွားပါဘူး။အနာဂါတ် အကြာ ကြီးကိုလျှောက်ရမှာပါ။နိုင်ငံပေါ်မှာထောက်လျှောက်ရှိနေမယ့် ဖိအား ၊တပ်ကို ထောက်လျှောက်ရှိနေမယ့် ဖိ အား။တစ်ကယ်လို့များ နောက်အစိုးရသည် အနောက်နိုင်ငံနဲ့အဆင်မပြေတဲ့အစိုးရဖြစ်နေမယ်ဆိုရင် ICJ ၊ဟိုဘက်မှာ သွားမယ့် ICC အဲ့ဒါတွေက နိုင်ငံအတွက်ကို ဖိအားတွေ ဖြစ်လာလိမ့်မယ်။အဲ့ဒါကို တစ်ဖက် အချိန်မရွေးသုံးနိုင်တယ်။အဲ့ဒါတော့ ရှိတယ်လို့ ပြောချင်ပါတယ်။”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ဒေါက်တာနေဇင်လတ်က “နံပါတ် (၁) က ဒီ ICJ ကို စပြီးတရားကြားနာတဲ့အချိန်မှာ ကျွမ်းကျင်သူကနေလျှောက်လွဲတာပိုကောင်းတယ်။ဥပမာ နှစ်ဖက် ဌားထားတဲ့ရှေ့နေတွေပေါ့။အဲ့ဒါတွေက သူတို့ရဲ့တာဝန်ပေါ့။အဲ့တော့ ဒီဥပဒေထဲက သူမဟုတ်ဘဲနဲ့သွားပြီး လျှောက်လွဲမယ်ဆိုရင် ဘာဘဲပြောပြော ဥပဒေသမားလောက် မပီပြင်နိုင်ဘူး။ဒါငြင်းလို့ကို မရဘူး။နောက် တစ်ခုက ဘာလဲဆိုရင် အတိုင်ပင်ခံသွားတဲ့အတွက်ကြောင့်မို့ အတိုင်ပင်ခံက ဥပဒေသမားမဟုတ်ဘူး။နိုင်ငံ တကာရေးရာကိုလဲ အင်မတန်ကျွမ်းကျင်တယ်လို့ ယူဆဖို့ အင်မတန်ခက်ခဲတယ်။ဘာကြောင့်လဲ ဆိုတော့ သူသည် ဒီစိုးရတက်လာကတည်းက နိုင်ငံတကာဆက်ဆံရေးကိုလွန်းထိုးသွားနေပြီ။နိုင်ငံခြားရေးဝန်ကြီးရဲ့တာဝန်ကိုထမ်းဆောင်နိုင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံတကာရေးရာပါ အတော်အသင့် ကျွမ်းကျင်တယ်လို့ ယူ ဆနိုင်စရာရှိတယ်။အခုဟာက အဲ့ဒီလောက်မမြင်ဘူးပေါ့။ကောင်းပြီ။ICJ ဖြစ်လာပြီ။ဥပဒေပိုင်းဆိုင်ရာမှာ အထောက်အကူပြုကော်မတီတစ်ခု ခေါ်သွားသင့်တယ်ပေါ့။ခေါ်သွားသင့်တယ်ဆိုတော့ ဘာနဲ့ ပြန်ဆက်စပ် နေသလဲဆိုတော့ တပ်နဲ့ ပြန်ဆက်စပ်နေတယ်။အစိုးရအမိန့်ပေးတယ်။တပ်က အရေးယူတယ်။ထိတွေ့ရတာ တပ်ဖြစ်နေတယ်။ပထမကြားလိုက်တာက တပ်ဖက်က လည်း ဘယ်သူ ပါမယ်။၃ယောက် ၄ ယောက်လောက် ပါမယ်ဆိုပြီးကြားလိုက်တယ်။အဲ့ဒါတွေ အကုန်လုံးကို အစည်းအဝေးတွေ အများကြီးထိုင်ပြီးတော့မှ ကြားပြီးတော့မှ အနားလည်းနီးလည်း နီးရော ၊အစိုးရရဲ့ညွှန်ကြားချက်ကြောင့် မခေါ်သွားဘူးဆိုတော့ ဒါစိုးရိမ် စိတ်မရှိစရာ အကြောင်းကို မရှိတော့ဘူး ဖြစ်သွားတယ်။”ဟု ပြောသည်။
ယနေ့ပြုလုပ်သော နိုင်ငံရေးပါတီများတွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၃၀ တက်ရောက်ဆွေးနွေးခဲ့သည်။

No comments:

Post a Comment

My Blog List