Friday, December 13, 2019

အထိကရ ဆရာတော်ကြီးများနဲ့ပညာရှင်များက ‌ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော မိန့်ကြားခဲ့သော နိမိတ်များ”

Image may contain: 2 people

အထိကရ ဆရာတော်ကြီးများ ပညာရှင်များက ‌ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မိန့်ကြားခဲ့သော နိမိတ်များ”အကြောင်းကို စာဖတ်သူများလေ့လာသိရှိနိုင်စေရန် ဖော်ပြလိုက်ပါတယ်။

အမေစုကို သာမညဆရာတော်ဘုရားက-
ဒကါမလေးက အဖေဗိုလ်အောင်ဆန်းထက် အသက် ၃ဆရှည်ပြီး အိုမင်းတဲ့အရွယ်မှာ သူမတူအောင် ထိပ်တန်းရောက်မယ့် ဘုရင်မ ဖြစ်မယ့် ဘုန်းကံဣဒ္ဓိပါဒ်ပ ါတာဘဲ ဆိုပြီးမိန့်ဘူးတယ်။ ဒါကို ဦးခင်ညွန့် တို့ကအမျိုးမျိုး နာမ်နှိမ်ခဲ့တာလို့ ကောလာဟလ သတင်းတွေထွက်ခဲ့ဖူးတယ်။
ရွှေပေါ်ကျွန်းဆရာတော်ကတော့-
အမေစုနဲ့ပက်သတ်ပြီး ဘေးက တစ်ကြို နိမိတ်မေးလျောက်ကြတော့ အေးအေး သာနေ ပူမနေနဲ့ ဘာမှမဖြစ်ဘူး။ သူ့အရှုတ်နဲ့သူရှင်းလိမ့်မယ်ဆိုပြီး မှန်တစ်ချပ်စွန့်လိုက်တယ်လို့ ကြားဖူးတယ်။
အမေလူထုဒေါ်အမာက-
ငါ့သမီးလေး မိစု အတွက် သူ့အဖေလို ဥပစ္ဆေဒကကံပါမပါ မင်းသိင်္ခတို့ စံတင်အောင်တို့ ငါတွက်ခိုင်းထားတာ ဥပစ္ဆေဒကကံ မပါ ရုံ မက ငါ့တို့ထက်တောင်အသက်ရှည်အုံးမယ်ဆိုပြီး စာရေးဆရာကြီးအင်းဝဂုဏ်ရည်ဦးကိုလေး ဆရာတင်မိုး ဟံသာဝတီဦးဝင်းတင်တို့နှင့် ဆုံခိုက်ပြောဖူးကြောင်း ဦးကိုလေး က ၂၀၁၅ အာဇာနည်နေ့ဟောပြောပွဲမှာပြောခဲ့တယ်။
ဆရာကြီးမင်းသိင်္ခကတော့-
၁၉၉၅လောက်က ထောင်ထဲမှာ အမေစုနဲ့ပက်သတ်ပြီး ဟောစာတမ်းရေးကာ သူ့တပည့်တွေပေးခဲ့ဖူးတယ်။ ငါလည်း ဟောပြောတွက်ချက်နေရတာ အပုပ်တွေကြား အယုတ်တွေကြားဆိုတော့ ကံဇာတာ တပ်အပ်ပြောမရဘူး။ ဒီတော့ ထောင်ထဲငါမသေနိုင်ပေမယ့် မတော်တဆ ထောင်ထဲသေခဲ့ရင် မင်းတို့သိအောင် ဒီဟောစာတမ်းယူသွားဆိုပြီး၂၀၁၅ ဇူလိုင်လကစ ဘုန်းစန်း အရှိန်ဝါထိပ်တန်းရောက်မယ့် အကြောင်း ၂၀၁၂ ကနေ ၂၀၁၅ကြားကာလ ဘာသာရေး လူမျိုးရေးနဲ့ချောက်တွန်းချမယ့် အရေး ကြိုသိထားဖို့ သတိမပျက်နေဖို့လိုကြောင်းဟောပြခဲ့တယ်။ ဒီစကားဖောက်သယ်ချ ပြန် ဟောပြတာက ဇင်ယော်နီ ပါ။
အထက်ပါ ပုဂ္ဂိုလ်တွေဟာ သီလသမာဓိပညာ အကျင့်သိက္ခာနဲ့ ကျော်စောနေသူများအဖြစ် တစ်နိုင်ငံလုံးက အသိအမှတ်အပြုခံရသူများကပင် လေးစားချစ်ခင်တဲ့ အမေစု အတွက် သိပ်တော့ ပူစရာမလိုပေမဲ့ ဆရာကြီးမင်းသိင်္ခပြောသလို အပုပ်တွေအယုတ်တွေကြား ဆိုတော့ ဘုရားရှင်ကဲ့သို့အတုမရှိပုဂ္ဂိုလ်တောင် ဒေဝ ဒတ်လိုယုတ်မာတဲ့ရဟန်းယုတ်က လုပ်ကြံရင်း ကျောက်ကွဲစ ခြေမမှန်ခဲ့ဖူးလေတော့ အမေစုလည်း သာမာန်ပုထုဇဉ်အဖို့ သတိတစ်လုံး အရှိသုံး အရှုံးမရှိဆိုသလို သတိကြီးကြီးထားပီး ဝန်းရံပေးကြ ဖို့လို့ပါတယ်။
REF: XYZ NEWS
ShweBa-Daily News

No comments:

Post a Comment

My Blog List