Wednesday, December 11, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုချုပ် စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ ၄ ဦးကို အမေရိကန်က အမည်ပျက်စာရင်းသွင်းပိတ်ဆို့ အရေးယူ

Image may contain: 2 people, hat
အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ကို မွတ်စလင်များနှင့် လူနည်းစု များအပေါ် လူ့အခွင့်ရေးချိုးဖောက်မှု ကျူးလွန်မှုဖြင့် အမည်ပျက်စာရင်းသွင်းကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုမှု စတင် ကြားနာချိန်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာ စစ်ခေါင်းဆောင် ၄ ဦးကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်အရေးယူလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်၏ နယ်မြေရှင်းလင်းမှုများ ကြောင့် ရိုဟင်ဂျာ မွတ်စလင် ၇သိန်း ၃ သောင်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခဲ့ရကြောင်း၊ နယ်မြေရှင်းလင်းမှုများတွင် တပ်မတော်က လူသတ်မှုများ၊ အုပ်စုလိုက် မုဒိမ်းကျင့်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု အမေရိကန်၏ ကြေညာချက်အရ သိရှိရသည်။
စစ်တပ်ကမူ လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသော ပြောဆိုမှုများကို ငြင်းပယ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်သည် လူနည်းစု တိုင်းရင်းသားများအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှ မွတ်စလင် သိန်းချီ ထွက်ပြေးရမှုနှင့် ဖိနှိပ်ဖြိုခွင်းမှုတွင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။
လူနည်းစု တိုင်းရင်းသားများကို သတ်ဖြတ်ခြင်း၊ ပစ်ခတ်တိုက်ခြင်း၊ လူရှိနေသော အိမ်များကို မီးတင်ရှို့ခြင်းကဲ့သို့သော ရက်စက်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်သားများ ကျူးလွန်ကြောင်း ထုတ်ပြန်ချက် ဖော်ပြထားသည်။
ဝါရှင်တန်၏ အရေးယူပိတ်ဆို့မှုနှင့် အမည်ပျက်စာရင်းသွင်းမှုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ကို အမေရိကန်ပြည်ဝင်ခွင့် တားမြစ်ထားခြင်းနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အမေရိကန်များကို ၎င်းတို့နှင့် စီးပွားရေး လုပ်ကိုင်မှုများကို တားမြစ်မှုများ ပါဝင်သည်။

No comments:

Post a Comment

My Blog List