Wednesday, December 11, 2019

ထိုင်းနိုင်ငံရာဘာခြံလုပ်သားမြန်မာ ၃ ဦးကို ပိုင်ရှင်၏တူဖြစ်သူက သေနတ်ဖြင့်အဆောင်အတွင်းဝင်ရောက်ပစ်ခတ်

Image may contain: one or more people

ရော်ဘာခြံလုပ်သားမြန်မာ ၃ ဦးတို့အဆောင်၌အိပ်နေစဉ်တွင် ခြံပိုင်ရှင်၏တူဖြစ်သူက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံတွင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ၊ ဖန်းငါး(Phang Nga)ခရိုင်၊ ကုန်စီရီကျေးရွာအမှတ်(၇)ရှိ ရာဘာခြံ၌ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်အစောပိုင်းတွင် အဆောင်အတွင်းအိပ်နေကြသည့် မြန်မာလုပ်သားများဖြစ်ကြသော ဦးလှိုင်ဝင်း(၅၀)နှစ်၊ ကိုကျော့(၂၈)နှစ်နှင့် အမည်စိစစ်ဆဲတို့ ၃ ဦးတို့ကို ရာဘာခြံပိုင်ရှင်၏တူနိုင်ရော့စဖတ်(အွတ်)ဆိုသူက ဓားဖြင့်ထိုးသည့်အပြင်သေနတ်နှင့်လည်း ဝင်ရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မြန်မာလုပ်သားဦးလှိုင်ဝင်း(၅၀)နှစ်ပါ ၃ ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖန်းငါးဆေးရုံသို့တင်ပို့ပေးထားပြီး တစ်ဦးမှာပြင်းထန်ကြောင်း၊ ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသား နိုင်ရော့စဖတ်(အွတ်)ဆိုသူကိုလည်းဖမ်းဆီးရမိထားပြီဖြစ်သည်။
၎င်းသည် ဦးလေးဖြစ်သူ၏ရာဘာခြံ၌လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများကိုအမြင်စောင်းနေသူဖြစ်ပြီး အခြားအကြောင်းပြချက်မရှိဘဲ ယခုလိုပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသဖြင့်လက်ရှိတွင် ဖန်းငါးနယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကိုကိုကြီး(မြဝတီ)အကုန်သိသတင်းဌာန 
Unicode Version
ထိုင်းနိုင်ငံရာဘာခြံလုပ်သားမြန်မာ ၃ ဦးကို ပိုင်ရှင်၏တူဖြစ်သူက သေနတ်ဖြင့်အဆောင်အတွင်းဝင်ရောက်ပစ်ခတ်
--------- ကိုကိုကြီး(မြဝတီ)အကုန်သိသတင်းဌာန --------

ရော်ဘာခြံလုပ်သားမြန်မာ ၃ ဦးတို့အဆောင်၌အိပ်နေစဉ်တွင် ခြံပိုင်ရှင်၏တူဖြစ်သူက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံတွင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ဖန်းငါး(Phang Nga)ခရိုင်၊ ကုန်စီရီကျေးရွာအမှတ်(၇)ရှိ ရာဘာခြံ၌ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်အစောပိုင်းတွင် အဆောင်အတွင်းအိပ်နေကြသည့် မြန်မာလုပ်သားများဖြစ်ကြသော ဦးလှိုင်ဝင်း(၅၀)နှစ်၊ ကိုကျော့(၂၈)နှစ်နှင့် အမည်စိစစ်ဆဲတို့ ၃ ဦးတို့ကို ရာဘာခြံပိုင်ရှင်၏တူနိုင်ရော့စဖတ်(အွတ်)ဆိုသူက ဓားဖြင့်ထိုးသည့်အပြင်သေနတ်နှင့်လည်း ဝင်ရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မြန်မာလုပ်သားဦးလှိုင်ဝင်း(၅၀)နှစ်ပါ ၃ ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖန်းငါးဆေးရုံသို့တင်ပို့ပေးထားပြီး တစ်ဦးမှာပြင်းထန်ကြောင်း၊ ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသား နိုင်ရော့စဖတ်(အွတ်)ဆိုသူကိုလည်းဖမ်းဆီးရမိထားပြီဖြစ်သည်။
၎င်းသည် ဦးလေးဖြစ်သူ၏ရာဘာခြံ၌လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများကိုအမြင်စောင်းနေသူဖြစ်ပြီး အခြားအကြောင်းပြချက်မရှိဘဲ ယခုလိုပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသဖြင့်လက်ရှိတွင် ဖန်းငါးနယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List