Monday, December 09, 2019

မြန်မာနိုင်ငံကို သပိတ်မှောက်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေစတင်

Image may contain: text
ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုစတင် မကြားနာခင် တရက်အလိုမှာ ရိုဟင်ဂျာအရေးအစည်းအရုံး လှုပ်ရှားသူတွေက တကမ္ဘာလုံး မြန်မာနိုင်ငံကို သပိတ်မှောက်ဖို့ Boycott Myanmar Campaign လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်နေတဲ့ ကော်ပိုရေးရှင်းတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ၊ ပညာရပ်ဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့စည်း တွေအနေနဲ့ မြန်မာနိုင်ငံကို သပိတ်မှောက်ဖို့ တိုက်တွန်းလိုက်တာပါ။ ၁၀ နိုင်ငံက လူ့အခွင့်အရေးအဖွဲ့တွေ၊ ပညာရပ်ဆိုင်ရာနဲ့ အသက်မွေးပညာဆိုင်ရာ အဖွဲ့အစည်း စုစုပေါင်း ၃၀ က ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်ရေးနေ့မှာ မြန်မာနိုင်ငံကို သပိတ်မှောက်ရေး ပူပေါင်းလှုပ်ရှားမှု စတင်ပါတယ်။
ဒီအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ၊ ICJ နိုင်ငံတကာ တရားရုံးရှိရာ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။
- Unicode
~~~~~~~~~~~~~

မြန်မာနိုင်ငံကို သပိတ်မှောက်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေစတင်
~~~~~~~~~~

- Zawgyi
~~~~~~~~~~~~~

Photo: Boycott Myanmar Campaign - Teitter

No comments:

Post a Comment

My Blog List