Thursday, December 12, 2019

ဒေါ်အောင်ဆန်းစုကြည်အား"အမေအိုကြီး"ဟု ဒီချုပ်အမတ်ဆွေးနွေးမှု မဖွယ်မရာပုဂ္ဂိုလ်ရေးစကား မသုံးသင့်ဟု တပ်ကိုယ်စားလှယ် ကန့်ကွက်

Image may contain: 4 people, people sitting
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား"အမေအိုကြီး"ဟု ဒီချုပ်အမတ်၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ မဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားများ ထည့်သွင်းမသုံးသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ကန့်ကွက် တင်ပြခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စား လှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက "ကျွန်တော်တို့ရဲ့ အမေအရွယ်၊ အဘွားအရွယ် အသက်(၇၀) ကျော် အမေအိုကြီးဟာ ဘာသာ၊ လူမျိုးမခွဲခြားဘဲ အားလုံးကို သွေးသားရင်းလို သဘောထားပြီး တစ်နိုင်ငံလုံးကိုယ်စား သူ့ဘဝကိုရင်းလို့ တာဝန်ခံမှုအပြည့်နဲ့ဒီနေ့ ICJ မှာ သတ္တိရှိစွာနဲ့ ကာကွယ်နေချိန်မှာ ကျွန်တော်တို့တစ်တွေ ဒီလိုကိုယ့်အလို ကိုယ်ရှေ့တန်း တင်ပြောဆိုနေကြတာဟာ ရှက်စရာကောင်းလှပါတယ်။ ဒါကြောင့် တာဝန်၊ အသိကိုယ်စီ နဲ့အာဃာတကိုခဝါချထားပြီး ခုကစ ရှေ့ဆက်သွားနိုင်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်"ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
အစီရင်ခံစာအပေါ်ဆွေးနွေးခဲ့မှု နှင့်ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ်က အချက်သုံးချက်ကို ကန့်ကွက် တင်ပြခဲ့ခြင်းဖြစ်ပြီး ဦးမျိုးဝင်း၏ ဆွေးနွေးချက်များတွင် ယင်းစကားရပ် ပါဝင်နေခြင်းဖြစ်ကာ လွှတ်တော်သို့ ကန့်ကွက်တင်ပြခဲ့ခြင်းဖြစ်သည်။
"ကိုယ်စားလှယ်တော်ကြီး ဦးမျိုးဝင်း ဆွေးနွေးတဲ့ ဒီအမေအိုကြီး၊ အဘွားအိုကြီး၊ဒီစကားတွေက ကျွန်တော်တို့လို ပြည်သူတစ်ရပ်လုံးကြည့်ရှုပြီးတော့ ကမ္ဘာမှာရှိတဲ့ လူထုတွေအားလုံးကြည့်နေတဲ့ အချိန်မှာ ဒီလိုမဖွယ်မရာပုဂ္ဂိုလ်ရေးစကားတွေ၊ အဘိုး အဘွားကြီးစကားတွေ ထည့်သွင်းမသုံးသင့်ပါဘူးလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်"ဟုတပ်မတော်သား ကိုယ်စားလှယ်က ပြောဆိုသည်။
ထို့ပြင် ဦးမျိုးဝင်း၏ဆွေးနွေးချက်တွင် "ဝေ့လည်ကြောင်ပတ်သဝေထိုး"ဆိုသည့်စကားကို ထည့်သွင်းသုံးစွဲခဲ့သဖြင့် ယင်းစကားရပ်သည် လွှတ်တော်နာယကက လွှတ်တော်တစ်ရပ်လုံးကို အကျုံးမဝင်၍ ဥပဒေနှင့်အညီ ပယ်ဖျက်ကြောင်း ကြေညာထားပြီးဖြစ်ကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ပါတီတစ်ခုက ဦးဆောင်ပြီးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် အမျိုးသားနိုင်ငံရေး တာဝန်ကိုထမ်းဆောင်ရင်း ဥပဒေကို ပြင်သင့်သည့်အချိန်တွင် ပြင်ဆင်ရန်အမြဲတမ်းပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ချိန်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးနှင့် ဦးမျိုးဝင်းတို့ ဆွေးနွေးသည့် အချိန်တွင် ၎င်းတို့တစ်ဖွဲ့၊ တစ်ပါတီကသာလျှင် ဦးဆောင်ပြီး လုပ်နေသယောင် ပြောဆိုခြင်းဖြစ်၍ယင်းအပေါ် အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ရပ်တည်မှုကို ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေခြင်းဖြစ်သည့်အတွက် အဆိုပါဆွေးနွေးချက်ကိုလည်း နာယကကြီး၏ အခွင့်အာဏာဖြင့် ပယ်ဖျက်ပေးရန် ကန့်ကွက်တင်ပြခဲ့သည်။
ထိုသို့ တင်ပြသည့် ကိစ္စများကို မှတ်တမ်းထားရှိပြီး အားလုံးဆွေးနွေးပြီးသည့်အချိန်တွင် လုံးကောက်အား ပြန်လည်စိစစ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလွှတ်တော်နာယကက ပြောကြားခဲ့သည်။
သတင်း - မင်းမင်းထွန်း
(Unicode Version)
 ဒေါ်အောင်ဆန်းစုကြည်အား"အမေအိုကြီး"ဟု ဒီချုပ်အမတ်ဆွေးနွေးမှု မဖွယ်မရာပုဂ္ဂိုလ်ရေးစကား မသုံးသင့်ဟု တပ်ကိုယ်စားလှယ် ကန့်ကွက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား"အမေအိုကြီး"ဟု ဒီချုပ်အမတ်၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ မဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားများ ထည့်သွင်းမသုံးသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ကန့်ကွက် တင်ပြ ခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စား လှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက "ကျွန်တော်တို့ရဲ့ အမေအရွယ်၊ အဘွားအရွယ် အသက်(၇၀) ကျော် အမေအိုကြီးဟာ ဘာသာ၊ လူမျိုးမခွဲခြားဘဲ အားလုံးကို သွေးသားရင်းလို သဘောထားပြီး တစ်နိုင်ငံလုံးကိုယ်စား သူ့ဘ၀ကိုရင်းလို့ တာဝန်ခံမှုအပြည့်နဲ့ဒီနေ့ ICJ မှာ သတ္တိရှိစွာနဲ့ ကာကွယ်နေချိန်မှာ ကျွန်တော်တို့တစ်တွေ ဒီလိုကိုယ့်အလို ကိုယ်ရှေ့တန်း တင်ပြောဆိုနေကြတာဟာ ရှက်စရာကောင်းလှပါတယ်။ ဒါကြောင့် တာဝန်၊ အသိကိုယ်စီ နဲ့အာဃာတကိုခဝါချထားပြီး ခုကစ ရှေ့ဆက်သွားနိုင်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်"ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
အစီရင်ခံစာအပေါ်ဆွေးနွေးခဲ့မှု နှင့်ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ်က အချက်သုံးချက်ကို ကန့်ကွက် တင်ပြခဲ့ခြင်းဖြစ်ပြီး ဦးမျိုးဝင်း၏ ဆွေးနွေးချက်များတွင် ယင်းစကားရပ် ပါဝင်နေခြင်းဖြစ်ကာ လွှတ်တော်သို့ ကန့်ကွက်တင်ပြခဲ့ခြင်းဖြစ်သည်။
"ကိုယ်စားလှယ်တော်ကြီး ဦးမျိုးဝင်း ဆွေးနွေးတဲ့ ဒီအမေအိုကြီး၊ အဘွားအိုကြီး၊ဒီစကားတွေက ကျွန်တော်တို့လို ပြည်သူတစ်ရပ်လုံးကြည့်ရှုပြီးတော့ ကမ္ဘာမှာရှိတဲ့ လူထုတွေအားလုံးကြည့်နေတဲ့ အချိန်မှာ ဒီလိုမဖွယ်မရာပုဂ္ဂိုလ်ရေးစကားတွေ၊ အဘိုး အဘွားကြီးစကားတွေ ထည့်သွင်းမသုံးသင့်ပါဘူးလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်"ဟုတပ်မတော်သား ကိုယ်စားလှယ်က ပြောဆိုသည်။
ထို့ပြင် ဦးမျိုးဝင်း၏ဆွေးနွေးချက်တွင် "ဝေ့လည်ကြောင်ပတ်သဝေထိုး"ဆိုသည့်စကားကို ထည့်သွင်းသုံးစွဲခဲ့သဖြင့် ယင်းစကားရပ်သည် လွှတ်တော်နာယကက လွှတ်တော်တစ်ရပ်လုံးကို အကျုံးမဝင်၍ ဥပဒေနှင့်အညီ ပယ်ဖျက်ကြောင်း ကြေညာထားပြီးဖြစ်ကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ပါတီတစ်ခုက ဦးဆောင်ပြီးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် အမျိုးသားနိုင်ငံရေး တာဝန်ကိုထမ်းဆောင်ရင်း ဥပဒေကို ပြင်သင့်သည့်အချိန်တွင် ပြင်ဆင်ရန်အမြဲတမ်းပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ချိန်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးနှင့် ဦးမျိုးဝင်းတို့ ဆွေးနွေးသည့် အချိန်တွင် ၎င်းတို့တစ်ဖွဲ့၊ တစ်ပါတီကသာလျှင် ဦးဆောင်ပြီး လုပ်နေသယောင် ပြောဆိုခြင်းဖြစ်၍ယင်းအပေါ် အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ရပ်တည်မှုကို ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေခြင်းဖြစ်သည့်အတွက် အဆိုပါဆွေးနွေးချက်ကိုလည်း နာယကကြီး၏ အခွင့်အာဏာဖြင့် ပယ်ဖျက်ပေးရန် ကန့်ကွက်တင်ပြခဲ့သည်။
ထိုသို့ တင်ပြသည့် ကိစ္စများကို မှတ်တမ်းထားရှိပြီး အားလုံးဆွေးနွေးပြီးသည့်အချိန်တွင် လုံးကောက်အား ပြန်လည်စိစစ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလွှတ်တော်နာယကက ပြောကြားခဲ့သည်။
သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List