Tuesday, December 10, 2019

“အစားမတော်တလုတ် အသွားမတော်တလှမ်းဖြစ်သဖြင့် သီတင်းကျွတ်ကာလတွင်ပင် ဆရာသမားဆီ မရောက်ဖြစ်တော့”(သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်)

Image may contain: 1 person, closeup
မေး - လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ လွှတ်တော်ထဲဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အငြင်းပွားနေမှုတွေရယ်၊ အဲဒီအပေါ် ဘယ်လိုများရှုမြင်သုံးသပ်ပါသလဲ။

ဖြေ - ဒီနေ့နိုင်ငံရေးအခြေအနေကတော့ အမှန်တိုင်းဆိုရင် သတင်းမီဒီယာသမားတွေက တို့များထက်ပိုသိမှာပါ။ ပါတီတခုရဲ့ ခေါင်းဆောင်အနေနဲ့ ပါတီရဲ့အမြင်သဘောထားကို နည်းနည်းလေးပြောပါမယ်။ နိုင်ငံအတွက် ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ လွှတ်တော်ထဲဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံသားများအနေနဲ့ သတိကြီးကြီး ဆောင်ရွက်ရမယ့်အနေအထားဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ လိုချင်တာက သွေးစည်းညီညွတ်ရေး၊ လိုချင်တာက ရင်ကြားစေ့ရေး၊ လိုချင်တာက အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုပေမမဲ့ ဒီနေ့ဖြစ်ပေါ်နေတဲ့အခြေအနေဟာ ဒီလိုအခြေအနေမျိုး မရောက်ဘဲနဲ့ အချို့ကိစ္စတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်နေပါတယ်လို့ ယူဆရမလိုဖြစ်နေပါကြောင်း၊ နိုင်ငံတကာအရေးအခင်းနယ်ပယ် မှာလည်း မိမိတို့ မြန်မာနိုင်ငံဟာ သတိကြီးစွာနဲ့ စည်းလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ရမယ့်အနေအထားမျိုး ဖြစ်နေပါတယ်။
မေး - ရွေးကောက်ပွဲကော်မရှင်က တပ်မဲရုံအပြင်ထုတ်ဖို့ကိစ္စ ပါတီရဲ့သဘောထားလေး သိချင်ပါတယ်။
ဖြေ - ဒါတွေကတော့ ဘာပဲလုပ်လုပ် တရားမျှတမှုရှိဖို့ လိုပါတယ်။ ဒါကြောင့် တရားမျှတမှုကိစ္စအတွက် ဆောင်ရွက်တဲ့ကိစ္စများ၊ ဥပဒေပြုရေးကိစ္စရပ်များဟာ ဘာမှ သဘောမတူစရာ မရှိပါဘူး။ တပ်မဲရုံအပြင်ထွက်ခြင်းဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုနေထိုင်တိုင်းရဖို့ လိုပါတယ်။ လွတ်လပ်မှုမရှိဘူး။ တရားမျှတမှု မရှိဘူးဆိုရင် ပုဂ္ဂိုလ်အတွက်ရော အဖွဲ့အစည်းအတွက်ရော တိုးတက်ဖို့လမ်း မမြင်ပါဘူး။
မေး - သီတင်းကျွတ်အခါသမယမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို ဥက္ကဋ္ဌကြီးအနေနဲ့ သွားရောက်တွေ့ဆုံတာမျိုး ကန်တော့တာမျိုးရှိပါသလား။
ဖြေ - မသွားတာ တော်တော်ကြာပါပြီ။ သီတင်းကျွတ်ကလည်း မသွားဘူး၊ သင်္ကြန်တွင်းနှစ်သစ်ကူးလည်း မသွားဘူး။ ဘာကြောင့်လဲဆိုတော့ အသွားမတော်တလှမ်း အစားမတော်တလုတ်။ ရိုးရိုးသွားသော်လည်း တမျိုးထင်တတ်တယ်။ ကောင်းကျိုးဆောင်ပါတီ UBP ထောင်တာက လက်မည်းကြီးလား၊ ဒါမျိုးတွေမေးခံရတာရှိတယ်။ သုံးသပ်ခံရတာရှိတယ်။ ဖြေခဲ့ပါတယ်။ လက်မည်းကြီးလည်း မရှိဘူး။ လက်ဖြူကြီးလည်း မရှိဘူး။ ကိုယ့်ပါတီ ကိုယ်ထူထောင်တာပါ။ ကိုယ့်မူဝါဒနဲ့ကိုယ် ဖြစ်ပါတယ်။ နိုင်ငံရေးကို တက်တက်ကြွကြွ မှန်မှန်ကန်ကန် ထိထိရောက်ရောက်လုပ်ချင်လို့ ဒီပါတီကိုထောင်တာပါ။ အကယ်လို့များ ဟိုးတုန်းက အတူတကွနေခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတယောက်အနေနဲ့ ရိုးရိုးသားသား ဂါရဝပြုချင်တာ တမျိုးထင်နိုင်တယ်။ ဒါကြောင့် မသွားပါဘူး။ နိုင်ငံရေးစကားလည်း မပြောပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေအများကြီးရထားပါတယ်။ နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရထားပါတယ်။ ဒီအတိုင်းပဲ လိုချင်တာက ပြည်သူတွေဆီက အကြံဉာဏ်ပါဘဲ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ မူဝါဒ ၂၂ ချက်ရှိပါတယ်။ လုပ်ငန်းစဉ် (၈၁)ခုရှိပါတယ်။ မူဝါဒက မိမိတို့ရေးဆွဲထားတဲ့ မူဝါဒဖြစ်ပါတယ်။ ပြည့်စုံတယ်မထင်သေးပါဘူး။ ပြည်သူတွေဆီ က အကြံဉာဏ်များပေးမယ်ဆိုရင် ထည့်မှာပါ။ လူပုဂ္ဂိုလ်တယောက်အတွက် ဒီပါတီကိုထူထောင်ခြင်း မဟုတ်ပါဘူး။ သူ့ရဲ့သြဇာခံဖို့ ထူထောင်တာလည်း မဟုတ်ပါဘူး။
မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဥက္ကဋ္ဌကြီးနဲ့ တွေ့တာမျိုးရှိပါသလား။
ဖြေ - ပါတီထူထောင်တာအခြေအနေနဲ့ တောင်းဆိုချက်၊ နိုင်ငံရဲ့လိုအပ်ချက်ကိုပဲ ပြောချင်ပါတယ်။ လူတယောက်ရဲ့ လိုအပ်ချက်ကြောင့်မဟုတ်ပါဘူး။ နိုင်ငံရဲ့လိုအပ်ချက်ကြောင့်ပါ။ ပါတီထောင်ဖို့ တချို့သောပြည်သူတွေက အားပေးကြတယ်၊ လာပြောကြပါတယ်။ မေတ္တာရပ်ခံကြပါတယ်။ ဒါကြောင့် ပါတီထောင်တယ်။ လွှတ်တော်ထဲမှာ ပြောတာက ပါတီထောင်ရင် ကော်မရှင်လွှတ်တော်ထဲရှိရင် မသင့်ဘူး။ ဒါကြောင့် ကော်မရှင်ရဲ့ သက်တမ်းမတိုးပေးတာလို့ ပြောကြတယ်။ ဆိုတော့ ပါတီဟာ သီးခြားလွတ်လပ်တဲ့ပါတီတခုဖြစ်တယ်။ ဘယ်သူနဲ့မှ ပါတီကိစ္စ ထူးထူးခြားခြားတိုင်ပင်တာ မရှိဘူး။ ဒါကြောင့် နိုင်ငံရေးမှာ လွတ်လပ်ပါတယ်။ လူမှုရေးမှာတော့ အခါအားလျော်စွာ တွေ့ဆုံတာမျိုးရှိပါတယ်။ လူမှုရေးနဲ့ နိုင်ငံရေး၊ ဒီနေရာမှာ မရောပါဘူး။ သို့ရာတွင် နိုင်ငံရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးသဘောတရားပဲ ပြောလို့မရပါဘူး။ နိုင်ငံရေးလုပ်ချင်ရင် စီးပွားရေးကောင်းရပါမယ်။ လူမှုရေးကောင်းအောင် တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ မိမိတို့ပါတီထူထောင်တဲ့ကိစ္စမှာတော့ လူပုဂ္ဂိုလ်အရပြောရရင် နိုင်ငံရေးနဲ့ပတ်သက်လို့ သဘောထားခြင်း တဦးနဲ့တဦး တထပ်ခြင်းမဟုတ်ပါဘူး။ လူမှုရေးအရတော့ အခါအားလျော်စွာ တွေ့ဆုံတာတွေတော့ ရှိပါတယ်။

မေး - ICJ ကိစ္စ အတိုင်ပင်ခံဦးဆောင်ဖြေရှင်းတဲ့အပေါ် ပါတီရဲ့သဘောထားလေး သိချင်ပါတယ်။
ဖြေ - ICJ ကိစ္စ ယနေ့မြန်မာနိုင်ငံသားများ အထူးစိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်ပါတယ်။ ICJ မှာ ဘမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တိုင်ကြားထားတယ်။ တိုင်ကြားချက်က နိုင်ငံတခုလုံးနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် တိုင်ကြားမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ဦးဆောင်သွားရောက်ပြီး ဖြေရှင်းတယ်ဆိုတဲ့ ကိစ္စ မိမိတို့ပါတီအနေနဲ့ ကြိုဆိုပါတယ်။ သူ့ရည်ရွယ်ချက်ကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက် သွားတဲ့ကိစ္စဖြစ်တဲ့အတွက် ပိုပြီးလေးနက်သလို ပိုပြီးတော့ ကြိုဆိုထောက်ခံအားပေးရမှာဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ သမ္မတမဟုတ်ပါဘူး။ သမ္မတမဟုတ်သော်လည်း နိုင်ငံရဲ့ခေါင်းဆောင်ပါ။ ပါတီတခုရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာတာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့် ခုလို တာဝန်သိပြီးတော့ သွားပြီးတော့ ရင်ဆိုင်ဖြေရှင်းတယ်ဆိုတာ အင်မတန်မှကောင်းပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီလိုတာဝန်သိမှ ကောင်းပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီလိုတာဝန်သိ သွားရောက်တာအပြင် တာဝန်ခံပြီး ဖြေရှင်းတာကို မိမိတို့ကြိုဆိုသလို တာဝန်ကိုကျေအောင်ဆောင်ရွက်ဖို့အတွက်လည်း မိမိတို့မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေကို နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို ပကတိအခြေအနေအတိုင်း မှန်မှန်ကန်ကန် တင်ပြနိုင်မယ့်အခွင့်အရေးတရပ်လို့ ယူဆပါတယ်။ တဖက်သတ်စွပ်စွဲပြောဆိုချက်ကို ဒီလိုပဲ လက်ခံလိုက်မယ်(သို့မဟုတ်) အခြားသူတဦးက ခေါင်းဆောင်ပြီး သွားရောက်ဖြေရှင်းမယ်ဆိုရင်ထက် ဥပဒေအကြောင်းအရာထက် ဖြစ်စဉ်အကြောင်းအရာပေါ်မှာ လေးနက်မှုပိုရှိမှာကြောင့် အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ဖြေရှင်းခြင်းက ပိုကောင်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အဲလိုဆောင်ရွက်တာကြောင့် နိုင်ငံတွင်းက ပြည်သူတွေအရေးကြီးမှ သွေးစည်းရမယ်ဆိုတဲ့စကားထက် မြန်မာနိုင်ငံသားတွေ ထာဝရသွေးစည်းညီညွတ်နေရမှာ ဖြစ်ပါတယ်။ အရေးကြီးရင် သွေးနီးမှတို့ အရေးကြီးရင် သွေးစည်းညီညွတ်ကြ ဆိုတဲ့စကား နောက်ကျပါတယ်။ မိမိတို့မြန်မာနိုင်ငံတိုးတက်စေချင်တယ်ဆိုရင် သွေးစည်းညီညွတ်ရေး သိပ်ပြီးအဓိကကျပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာသာမက တောက်လျှောက်နိုင်ငံတည်ရှိနေသ၍ မြန်မာနိုင်ငံသားများဟာ သွေးစည်းညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ပြောချင်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်များဟာ ICJ ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လို့ ICJ ရဲ့ အဆုံးအဖြတ်များကို နာခံရမှာဖြစ်ပါတယ်။ ဒီနေ့ မြန်မာနို်င်ငံကို တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံဟာ ဟိုး အာဖရိက အနောက်ဘက်ဆုံးက နိုင်ငံတနိုင်ငံဖြစ်တယ်။ ဆီနီဂေါနိုင်ငံနဲ့ ကပ်လျက်ဖြစ်တယ်။ ပြောရရင် မြန်မာနိုင်ငံရဲ့ မြို့နယ်တမြို့နယ်စာလောက်သာ အကျယ်အဝန်းရှိတယ်။ ရှိချင်မှလည်း ရှိမယ်။ လူဦးရေက ၂ သန်းလောက်ပဲရှိတယ်။ နိုင်ငံငယ်သော်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ စွပ်စွဲတိုင်ကြားခြင်းကို မိမိတို့နိုင်ငံက ဖြေရှင်းရမယ့်တာဝန်ရှိတယ်။ တာဝန်ရှိတာကို တာဝန်သိသိနဲ့ သွားရောက်ဖြေရှင်းရာမှာ တာဝန်ကိုကျေအောင် ဆောင်ရွက်နိုင်ဖို့အတွက်လည်း မိမိတို့မျှော်လင့်ပါတယ်။ လိုလားပါတယ်။ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ဖို့ မိမိတို့ဝိုင်းဝန်းပြီးတော့ တတ်နိုင်တဲ့ဘက်ကပါဝင်ဖို့ လိုတယ်လို့ပြောချင်ပါတယ်။
ICJ တရားစွဲဆိုခံရမှုနဲ့ ပတ်သက်ပြီး သင်ခန်းစာယူစရာတွေက အများကြီးပါ။ ဖြစ်စဉ်ဖြစ်လာတဲ့ အကြောင်းက ရခိုင်ဒေသမှာ အခုမှဖြစ်တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီကာလမှာတော့ ပိုပြီးကြီးထွားလာတဲ့ သဘောဖြစ်လာတယ်။ မီးလောင်လေပင့်ခဲ့တဲ့ ARSA ကိစ္စတွေကိုလည်း မမေ့ဖို့လိုပါမယ်။ နောက်ကြောင်းတွေ မေ့ပြီးဆောင်ရွက်ရင် နိုင်ငံနစ်နာနိုင်ပါတယ်။ ဒါကြောင့် သင်ခန်းစာဆိုတာက တချို့ကိစ္စတွေမှာ အပ်နဲ့ထွင်းရမယ့်ကိစ္စ အပ်နဲ့ထွင်းပါ၊ အပ်နဲ့မထွင်းဘဲ ပေါက်ဆိန်နဲ့ထွင်းခဲ့တာကို သင်ခန်းစာယူရပါမယ်။ ဒီလိုဖြစ်ခြင်းဟာ ပြောရရင်တော့ စည်းလုံးညီညွတ်မှုအားနည်းလို့ ဖြစ်သလားဆိုတာကိုလည်း ပြန်သုံးသပ်ရပါမယ်။ တကယ်လို့သာ စည်းလုံးညီညွတ်မှုရှိခဲ့ရင် ဒါမျိုးဖြစ်ချင်မှ ဖြစ်မယ်။ စည်းလုံးညီညွတ်မှုမရှိခဲ့လို့ ဒီနေ့မြန်မာနိုင်ငံအပေါ် ဘေးကနေပြီး အခုလိုနိုင်ငံလေးတနိုင်ငံကနေပြီးတော့ တရားစွဲတာ ဒို့နိုင်ငံဟာ စည်းလုံးမှုလည်းရှိမယ်၊ ကာကွယ်ရေးအင်အားကလည်း ကောင်းမယ်ဆိုရင် ဒီလိုဖြစ်စရာအကြောင်း မရှိပါဘူး။ ဒါကြောင့် သင်ခန်းစာကတော့ မြန်မာနိုင်ငံသားများ သွေးစည်းညီညွတ်ကြပါ။ ပြီးရင် အလုပ်လုပ်တဲ့နေရာမှာ ကောက်ရိုးမီးလို မလုပ်ပါနဲ့။ အခုကျမှ ICJ လာတယ်။ ဒါကြောင့်ဝန်းရံကြပါ စည်းရုံးကြပါ။ ဒါဟာ ကောက်ရိုးမီးပါ ရှေးကတည်းက စည်းလုံးညီညွတ်ကြရင် ဒါမျိုးမဖြစ်ဘူး။ ဒါဟာ သင်ခန်းစာပဲ။ ဒါကြောင့် ဘာလုပ်လုပ် စည်းလုံးညီညွတ်မှုကို ပျက်ပြယ်စေသောကိစ္စများကို မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။
ထွန်း (နေပြည်တော်)
(Zawgyi)
“အစားမတော်တလုတ် အသွားမတော်တလှမ်းဖြစ်သဖြင့် သီတင်းကျွတ်ကာလတွင်ပင် ဆရာသမားဆီ မရောက်ဖြစ်တော့”
(သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်)
------ ------ ------ ----- -----

မေး - လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ လွှတ်တော်ထဲဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အငြင်းပွားနေမှုတွေရယ်၊ အဲဒီအပေါ် ဘယ်လိုများရှုမြင်သုံးသပ်ပါသလဲ။
ဖြေ - ဒီနေ့နိုင်ငံရေးအခြေအနေကတော့ အမှန်တိုင်းဆိုရင် သတင်းမီဒီယာသမားတွေက တို့များထက်ပိုသိမှာပါ။ ပါတီတခုရဲ့ ခေါင်းဆောင်အနေနဲ့ ပါတီရဲ့အမြင်သဘောထားကို နည်းနည်းလေးပြောပါမယ်။ နိုင်ငံအတွက် ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ လွှတ်တော်ထဲဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံသားများအနေနဲ့ သတိကြီးကြီး ဆောင်ရွက်ရမယ့်အနေအထားဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ လိုချင်တာက သွေးစည်းညီညွတ်ရေး၊ လိုချင်တာက ရင်ကြားစေ့ရေး၊ လိုချင်တာက အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုပေမမဲ့ ဒီနေ့ဖြစ်ပေါ်နေတဲ့အခြေအနေဟာ ဒီလိုအခြေအနေမျိုး မရောက်ဘဲနဲ့ အချို့ကိစ္စတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်နေပါတယ်လို့ ယူဆရမလိုဖြစ်နေပါကြောင်း၊ နိုင်ငံတကာအရေးအခင်းနယ်ပယ် မှာလည်း မိမိတို့ မြန်မာနိုင်ငံဟာ သတိကြီးစွာနဲ့ စည်းလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ရမယ့်အနေအထားမျိုး ဖြစ်နေပါတယ်။
မေး - ရွေးကောက်ပွဲကော်မရှင်က တပ်မဲရုံအပြင်ထုတ်ဖို့ကိစ္စ ပါတီရဲ့သဘောထားလေး သိချင်ပါတယ်။
ဖြေ - ဒါတွေကတော့ ဘာပဲလုပ်လုပ် တရားမျှတမှုရှိဖို့ လိုပါတယ်။ ဒါကြောင့် တရားမျှတမှုကိစ္စအတွက် ဆောင်ရွက်တဲ့ကိစ္စများ၊ ဥပဒေပြုရေးကိစ္စရပ်များဟာ ဘာမှ သဘောမတူစရာ မရှိပါဘူး။ တပ်မဲရုံအပြင်ထွက်ခြင်းဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုနေထိုင်တိုင်းရဖို့ လိုပါတယ်။ လွတ်လပ်မှုမရှိဘူး။ တရားမျှတမှု မရှိဘူးဆိုရင် ပုဂ္ဂိုလ်အတွက်ရော အဖွဲ့အစည်းအတွက်ရော တိုးတက်ဖို့လမ်း မမြင်ပါဘူး။
မေး - သီတင်းကျွတ်အခါသမယမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို ဥက္ကဋ္ဌကြီးအနေနဲ့ သွားရောက်တွေ့ဆုံတာမျိုး ကန်တော့တာမျိုးရှိပါသလား။
ဖြေ - မသွားတာ တော်တော်ကြာပါပြီ။ သီတင်းကျွတ်ကလည်း မသွားဘူး၊ သင်္ကြန်တွင်းနှစ်သစ်ကူးလည်း မသွားဘူး။ ဘာကြောင့်လဲဆိုတော့ အသွားမတော်တလှမ်း အစားမတော်တလုတ်။ ရိုးရိုးသွားသော်လည်း တမျိုးထင်တတ်တယ်။ ကောင်းကျိုးဆောင်ပါတီ UBP ထောင်တာက လက်မည်းကြီးလား၊ ဒါမျိုးတွေမေးခံရတာရှိတယ်။ သုံးသပ်ခံရတာရှိတယ်။ ဖြေခဲ့ပါတယ်။ လက်မည်းကြီးလည်း မရှိဘူး။ လက်ဖြူကြီးလည်း မရှိဘူး။ ကိုယ့်ပါတီ ကိုယ်ထူထောင်တာပါ။ ကိုယ့်မူဝါဒနဲ့ကိုယ် ဖြစ်ပါတယ်။ နိုင်ငံရေးကို တက်တက်ကြွကြွ မှန်မှန်ကန်ကန် ထိထိရောက်ရောက်လုပ်ချင်လို့ ဒီပါတီကိုထောင်တာပါ။ အကယ်လို့များ ဟိုးတုန်းက အတူတကွနေခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတယောက်အနေနဲ့ ရိုးရိုးသားသား ဂါရဝပြုချင်တာ တမျိုးထင်နိုင်တယ်။ ဒါကြောင့် မသွားပါဘူး။ နိုင်ငံရေးစကားလည်း မပြောပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေအများကြီးရထားပါတယ်။ နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြံုတွေ အများကြီးရထားပါတယ်။ ဒီအတိုင်းပဲ လိုချင်တာက ပြည်သူတွေဆီက အကြံဉာဏ်ပါဘဲ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ မူဝါဒ ၂၂ ချက်ရှိပါတယ်။ လုပ်ငန်းစဉ် (၈၁)ခုရှိပါတယ်။ မူဝါဒက မိမိတို့ရေးဆွဲထားတဲ့ မူဝါဒဖြစ်ပါတယ်။ ပြည့်စုံတယ်မထင်သေးပါဘူး။ ပြည်သူတွေဆီ က အကြံဉာဏ်များပေးမယ်ဆိုရင် ထည့်မှာပါ။ လူပုဂ္ဂိုလ်တယောက်အတွက် ဒီပါတီကိုထူထောင်ခြင်း မဟုတ်ပါဘူး။ သူ့ရဲ့သြဇာခံဖို့ ထူထောင်တာလည်း မဟုတ်ပါဘူး။
မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဥက္ကဋ္ဌကြီးနဲ့ တွေ့တာမျိုးရှိပါသလား။
ဖြေ - ပါတီထူထောင်တာအခြေအနေနဲ့ တောင်းဆိုချက်၊ နိုင်ငံရဲ့လိုအပ်ချက်ကိုပဲ ပြောချင်ပါတယ်။ လူတယောက်ရဲ့ လိုအပ်ချက်ကြောင့်မဟုတ်ပါဘူး။ နိုင်ငံရဲ့လိုအပ်ချက်ကြောင့်ပါ။ ပါတီထောင်ဖို့ တချို့သောပြည်သူတွေက အားပေးကြတယ်၊ လာပြောကြပါတယ်။ မေတ္တာရပ်ခံကြပါတယ်။ ဒါကြောင့် ပါတီထောင်တယ်။ လွှတ်တော်ထဲမှာ ပြောတာက ပါတီထောင်ရင် ကော်မရှင်လွှတ်တော်ထဲရှိရင် မသင့်ဘူး။ ဒါကြောင့် ကော်မရှင်ရဲ့ သက်တမ်းမတိုးပေးတာလို့ ပြောကြတယ်။ ဆိုတော့ ပါတီဟာ သီးခြားလွတ်လပ်တဲ့ပါတီတခုဖြစ်တယ်။ ဘယ်သူနဲ့မှ ပါတီကိစ္စ ထူးထူးခြားခြားတိုင်ပင်တာ မရှိဘူး။ ဒါကြောင့် နိုင်ငံရေးမှာ လွတ်လပ်ပါတယ်။ လူမှုရေးမှာတော့ အခါအားလျော်စွာ တွေ့ဆုံတာမျိုးရှိပါတယ်။ လူမှုရေးနဲ့ နိုင်ငံရေး၊ ဒီနေရာမှာ မရောပါဘူး။ သို့ရာတွင် နိုင်ငံရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးသဘောတရားပဲ ပြောလို့မရပါဘူး။ နိုင်ငံရေးလုပ်ချင်ရင် စီးပွားရေးကောင်းရပါမယ်။ လူမှုရေးကောင်းအောင် တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ မိမိတို့ပါတီထူထောင်တဲ့ကိစ္စမှာတော့ လူပုဂ္ဂိုလ်အရပြောရရင် နိုင်ငံရေးနဲ့ပတ်သက်လို့ သဘောထားခြင်း တဦးနဲ့တဦး တထပ်ခြင်းမဟုတ်ပါဘူး။ လူမှုရေးအရတော့ အခါအားလျော်စွာ တွေ့ဆုံတာတွေတော့ ရှိပါတယ်။

မေး - ICJ ကိစ္စ အတိုင်ပင်ခံဦးဆောင်ဖြေရှင်းတဲ့အပေါ် ပါတီရဲ့သဘောထားလေး သိချင်ပါတယ်။
ဖြေ - ICJ ကိစ္စ ယနေ့မြန်မာနိုင်ငံသားများ အထူးစိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်ပါတယ်။ ICJ မှာ ဘမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တိုင်ကြားထားတယ်။ တိုင်ကြားချက်က နိုင်ငံတခုလုံးနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် တိုင်ကြားမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ဦးဆောင်သွားရောက်ပြီး ဖြေရှင်းတယ်ဆိုတဲ့ ကိစ္စ မိမိတို့ပါတီအနေနဲ့ ကြိုဆိုပါတယ်။ သူ့ရည်ရွယ်ချက်ကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက် သွားတဲ့ကိစ္စဖြစ်တဲ့အတွက် ပိုပြီးလေးနက်သလို ပိုပြီးတော့ ကြိုဆိုထောက်ခံအားပေးရမှာဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ သမ္မတမဟုတ်ပါဘူး။ သမ္မတမဟုတ်သော်လည်း နိုင်ငံရဲ့ခေါင်းဆောင်ပါ။ ပါတီတခုရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာတာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့် ခုလို တာဝန်သိပြီးတော့ သွားပြီးတော့ ရင်ဆိုင်ဖြေရှင်းတယ်ဆိုတာ အင်မတန်မှကောင်းပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီလိုတာဝန်သိမှ ကောင်းပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီလိုတာဝန်သိ သွားရောက်တာအပြင် တာဝန်ခံပြီး ဖြေရှင်းတာကို မိမိတို့ကြိုဆိုသလို တာဝန်ကိုကျေအောင်ဆောင်ရွက်ဖို့အတွက်လည်း မိမိတို့မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေကို နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို ပကတိအခြေအနေအတိုင်း မှန်မှန်ကန်ကန် တင်ပြနိုင်မယ့်အခွင့်အရေးတရပ်လို့ ယူဆပါတယ်။ တဖက်သတ်စွပ်စွဲပြောဆိုချက်ကို ဒီလိုပဲ လက်ခံလိုက်မယ်(သို့မဟုတ်) အခြားသူတဦးက ခေါင်းဆောင်ပြီး သွားရောက်ဖြေရှင်းမယ်ဆိုရင်ထက် ဥပဒေအကြောင်းအရာထက် ဖြစ်စဉ်အကြောင်းအရာပေါ်မှာ လေးနက်မှုပိုရှိမှာကြောင့် အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ဖြေရှင်းခြင်းက ပိုကောင်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အဲလိုဆောင်ရွက်တာကြောင့် နိုင်ငံတွင်းက ပြည်သူတွေအရေးကြီးမှ သွေးစည်းရမယ်ဆိုတဲ့စကားထက် မြန်မာနိုင်ငံသားတွေ ထာဝရသွေးစည်းညီညွတ်နေရမှာ ဖြစ်ပါတယ်။ အရေးကြီးရင် သွေးနီးမှတို့ အရေးကြီးရင် သွေးစည်းညီညွတ်ကြ ဆိုတဲ့စကား နောက်ကျပါတယ်။ မိမိတို့မြန်မာနိုင်ငံတိုးတက်စေချင်တယ်ဆိုရင် သွေးစည်းညီညွတ်ရေး သိပ်ပြီးအဓိကကျပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာသာမက တောက်လျှောက်နိုင်ငံတည်ရှိနေသ၍ မြန်မာနိုင်ငံသားများဟာ သွေးစည်းညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ပြောချင်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်များဟာ ICJ ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လို့ ICJ ရဲ့ အဆုံးအဖြတ်များကို နာခံရမှာဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံကို တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံဟာ ဟိုး အာဖရိက အနောက်ဘက်ဆုံးက နိုင်ငံတနိုင်ငံဖြစ်တယ်။ ဆီနီဂေါနိုင်ငံနဲ့ ကပ်လျက်ဖြစ်တယ်။ ပြောရရင် မြန်မာနိုင်ငံရဲ့ မြို့နယ်တမြို့နယ်စာလောက်သာ အကျယ်အဝန်းရှိတယ်။ ရှိချင်မှလည်း ရှိမယ်။ လူဦးရေက ၂ သန်းလောက်ပဲရှိတယ်။ နိုင်ငံငယ်သော်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ စွပ်စွဲတိုင်ကြားခြင်းကို မိမိတို့နိုင်ငံက ဖြေရှင်းရမယ့်တာဝန်ရှိတယ်။ တာဝန်ရှိတာကို တာဝန်သိသိနဲ့ သွားရောက်ဖြေရှင်းရာမှာ တာဝန်ကိုကျေအောင် ဆောင်ရွက်နိုင်ဖို့အတွက်လည်း မိမိတို့မျှော်လင့်ပါတယ်။ လိုလားပါတယ်။ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ဖို့ မိမိတို့ဝိုင်းဝန်းပြီးတော့ တတ်နိုင်တဲ့ဘက်ကပါဝင်ဖို့ လိုတယ်လို့ပြောချင်ပါတယ်။
ICJ တရားစွဲဆိုခံရမှုနဲ့ ပတ်သက်ပြီး သင်ခန်းစာယူစရာတွေက အများကြီးပါ။ ဖြစ်စဉ်ဖြစ်လာတဲ့ အကြောင်းက ရခိုင်ဒေသမှာ အခုမှဖြစ်တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီကာလမှာတော့ ပိုပြီးကြီးထွားလာတဲ့ သဘောဖြစ်လာတယ်။ မီးလောင်လေပင့်ခဲ့တဲ့ ARSA ကိစ္စတွေကိုလည်း မမေ့ဖို့လိုပါမယ်။ နောက်ကြောင်းတွေ မေ့ပြီးဆောင်ရွက်ရင် နိုင်ငံနစ်နာနိုင်ပါတယ်။ ဒါကြောင့် သင်ခန်းစာဆိုတာက တချို့ကိစ္စတွေမှာ အပ်နဲ့ထွင်းရမယ့်ကိစ္စ အပ်နဲ့ထွင်းပါ၊ အပ်နဲ့မထွင်းဘဲ ပေါက်ဆိန်နဲ့ထွင်းခဲ့တာကို သင်ခန်းစာယူရပါမယ်။ ဒီလိုဖြစ်ခြင်းဟာ ပြောရရင်တော့ စည်းလုံးညီညွတ်မှုအားနည်းလို့ ဖြစ်သလားဆိုတာကိုလည်း ပြန်သုံးသပ်ရပါမယ်။ တကယ်လို့သာ စည်းလုံးညီညွတ်မှုရှိခဲ့ရင် ဒါမျိုးဖြစ်ချင်မှ ဖြစ်မယ်။ စည်းလုံးညီညွတ်မှုမရှိခဲ့လို့ ဒီနေ့မြန်မာနိုင်ငံအပေါ် ဘေးကနေပြီး အခုလိုနိုင်ငံလေးတနိုင်ငံကနေပြီးတော့ တရားစွဲတာ ဒို့နိုင်ငံဟာ စည်းလုံးမှုလည်းရှိမယ်၊ ကာကွယ်ရေးအင်အားကလည်း ကောင်းမယ်ဆိုရင် ဒီလိုဖြစ်စရာအကြောင်း မရှိပါဘူး။ ဒါကြောင့် သင်ခန်းစာကတော့ မြန်မာနိုင်ငံသားများ သွေးစည်းညီညွတ်ကြပါ။ ပြီးရင် အလုပ်လုပ်တဲ့နေရာမှာ ကောက်ရိုးမီးလို မလုပ်ပါနဲ့။ အခုကျမှ ICJ လာတယ်။ ဒါကြောင့်ဝန်းရံကြပါ စည်းရုံးကြပါ။ ဒါဟာ ကောက်ရိုးမီးပါ ရှေးကတည်းက စည်းလုံးညီညွတ်ကြရင် ဒါမျိုးမဖြစ်ဘူး။ ဒါဟာ သင်ခန်းစာပဲ။ ဒါကြောင့် ဘာလုပ်လုပ် စည်းလုံးညီညွတ်မှုကို ပျက်ပြယ်စေသောကိစ္စများကို မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။
ထွန်း (နေပြည်တော်)

No comments:

Post a Comment

My Blog List