Monday, December 09, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi တို့တွေ့ဆုံ


Image may contain: 2 people, people standingImage may contain: 2 people, people sitting and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Wang Yi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ(၈)ရက် မနက်ပိုင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကဖော်ပြပါတယ်။
တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နဲ့တာဝန်ရှိ သူတွေ တက်ရောက်ကြပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ဟာ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နေတဲ့ အခြေအနေတွေ၊ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ နှစ်နိုင်ငံဆက်ဆံရေး သံတမန်နှစ်(၇၀)ပြည့်မြောက်မှာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊ နိုင်ငံတကာနဲ့ မိတ်ဝတ် မပျက်ဆက်ဆံရေး၊ ဘက်မလိုက်ဘဲငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးစတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ တွေအတိုင်း တပ်မတော်က အလေးထား လိုက်နာဆောင်ရွက်နေတဲ့အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်ကကြိုးပမ်း ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ တရုတ်နိုင်ငံအနေနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲအပြီးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဝင်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က Mercure Hotel မှာ ဂုဏ်ပြုနေ့လည်စာနဲ့ တည်ခင်းဧည့်ခံပါတယ်။ နေ့လည်စာ သုံးဆောင်နေစဉ်အတွင်း မြန်မာ့ရိုးရာ ပတ္တလား၊ စောင်းတူရိယာတွေနဲ့ မြန်မာသံစဉ်တေးဂီတွေကို ဖျော်ဖြေခဲ့ပြီး နေ့လည်စာသုံးဆောင်အပြီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေအပြန်အလှန်ပေးအပ်ခဲ့ပါတယ်။

No comments:

Post a Comment

My Blog List