Friday, December 13, 2019

ဂမ်ဘီယာသည် OIC ကိုယ်စားတရားစွဲခြင်းဖြစ်၍ ICJ တွင် စီရင်ခွင့်မရှိဟု မြန်မာရှေ့နေပြော၊ ICOE အစီရင်ခံစာ ထွက်ရှိလာပါက အရေးယူမှုများ ဆက်တိုက်ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည် အသိပေး

Image may contain: 8 people
မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းသည် အစ္စလမ်မစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စားတရားစွဲဆိုခြင်းဖြစ်၍ ဂျနီဗာကွန်ဗန်းရှင်းနှင့် ညီညွတ်ခြင်းမရှိသဖြင့် ICJ တွင် တရားစွဲဆိုမှုအပေါ် စီရင်ပိုင်ခွင့်မရှိကြောင်း မြန်မာနိုင်ငံဘက်မှ ICJ တရားရုံးသို့ တင်ပြသည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုရာတွင် အသုံးပြုသော ငွေကြေးနှင့်ပတ်သက်၍ ပွင့်လင်းမှု မရှိကြောင်း၊ OIC အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ဆုံးဖြတ်ချက်များ နှင့်ပတ်သက်၍ တရား၀င် အထောက်အထားများရှိကြောင်း၊ ICJ တွင် နိုင်ငံအချင်းချင်း အငြင်းပွားမှုကိုသာ စီရင်ဆုံးဖြတ်နိုင်သော တရားရုံးဖြစ်ပြီး အဖွဲ့အစည်းများက တရားစွဲနိုင်သော နေရာမဟုတ်ကြောင်း၊ ထို့ကြောင့် OIC အစ္စလမ်မစ်နိုင်ငံများ ကိုယ်စား တရားစွဲဆိုမှုဖြစ်၍ ICJ အနေဖြင့် စီရင်ပိုင်ခွင့်မရှိဟု မြန်မာအစိုးရ ရှေ့နေက တင်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရအနေဖြင့် နှစ်ဖက် လူ့အဖွဲ့အစည်း နှစ်ခုအကြား သဟဇာတဖြစ်ရေး ကြိုးပမ်းလျက်ရှိပြီး လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ စုံစမ်းဖော်ထုတ်မှုများ ထွက်ပေါ်လာပါက စစ်ခုံရုံးများဖြင့် အရေးယူမှုများ ဆက်တိုက်ထွက်ပေါ်လာမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ဂူတာပြင် ကိစ္စကို စစ်ခုံရုံးဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံက လျှောက်ထားသော ကြားဖြတ် အမိန့်ကို မပေးသင့်ကြောင်း လျှောက်လဲတင်ပြသွားသည်။
မြန်မာအစိုးရက ဖွဲ့စည်းထားသော ICOE လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ကော်မရှင်က ရခိုင်ပြည်နယ်ဖြစ်စဉ်များအတွင်းက ထိခိုက်ခံစားခဲ့ရသူသက်သေ (၁၅၀၀) ဦးထံမှ လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးများမှာ တာဝန်ထမ်း ဆောင်ခဲ့သော တပ်မတော်သား (၂၉) ဦးထံမှလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် အတိုက်ခိုက်ခံခဲ့ရတဲ့ ရဲစခန်းများမှာ တာဝန်ကျခဲ့သောရဲတပ်ဖွဲ့ဝင် (၂၀) ဦးထံမှ လည်းကောင်း ထွက်ဆိုချက်များကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ပြောဆိုသွားသည်။
Photo Credit - ICJ

No comments:

Post a Comment

My Blog List