Wednesday, December 11, 2019

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယား သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ပတ်သက်လို့ ရင့်သီးကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ပြောတာ ရပ်သင့်တယ်လို့ မြောက်ကိုရီးယား အကြီးတန်းအရာရှိတယောက်က ဒီဇင်ဘာ ၉ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။  
အင်မတန်ကြီးမားတဲ့ ကပ်ဘေးအကျိုးဆက်တွေကို မမြင်ချင်ဘူးဆိုရင် ထရမ့်အနေနဲ့ သေချာစဉ်းစားသင့်ပြီး မြောက်ကိုရီးယားအနေနဲ့ အခုနှစ်ကုန်မှာ အပြီးသတ် ဆုံးဖြတ်ချက်တခု ချမှတ်သွားမယ်လို့ မြောက်ကိုရီးယားရဲ့ အာဏာရ အလုပ်သမားပါတီဒုဥက္ကဋ္ဌ ရီဆူယောင်က ပြောပါတယ်။
နောက်ထပ် မြောက်ကိုရီးယား အကြီးတန်းအရာရှိတယောက်ကလည်း သမ္မတ ထရမ့်အနေနဲ့ အန္တရာယ်များတဲ့ မှတ်ချက်တွေ ဆက်ပြီးပြောဆိုနေမယ်ဆိုရင် ခေါင်းဆောင်ကင်ရဲ့ အမြင်တွေ ပြောင်းလဲနိုင်တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့က ပြောခဲ့ပါသေးတယ်။
နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုမှာ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ မူဝါဒတွေ ပိုပြီးပျော့ပျောင်းဖို့ အမေရိကန်ကို ကင်ဂျုံအန်းက အခုနှစ်ကုန်အထိ အချိန်ပေးထားပါတယ်။ 
ဒါကြောင့် ၂၀၁၉ နှစ်ကုန်ဖို့ နီးကပ်လာချိန် ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာနေတာပါ။
မြောက်ကိုရီးယားအစိုးရဟာ မကြာသေးခင် သီတင်းပတ်တွေက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
DVB

No comments:

Post a Comment

My Blog List