Friday, December 13, 2019

ဂမ်ဘီယာနိုင်ငံဘက်မှ ရှေ့နေက ဝီလျံရှားဘတ်၏ Al Jazeera သတင်းဌာသို့ ပြောကြားချက်ကို တင်ပြချေပ

Image may contain: 2 people, eyeglasses and text

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံ၏ အပြီးသတ်လျှောက်လဲချက်ကို ကြားနာလျက်ရှိရာ ဂမ်ဘီယာနိုင်ငံဘက်မှာ ရှေ့နေ Professor Philippe Sands က မြန်မာဘက်မှရှေ့နေ Professor William Schabas ၏ ၂၀၁၃ ခုနှစ်အတွင်းက Al Jazeera သတင်းဌာသို့ ပြောကြားချက်အပေါ် ပြန်လည်ကိုးကား၍ ချေပသွားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေသော ရှေ့နေဝီလျံရှားဘတ်သည် ၂၀၁၃ အောက်တိုဘာ ၃၀ ရက်တွင် Aljazeera သတင်းဌာကထုတ်လွှင့်ခဲ့သည့် The Hidden Genocide မှတ်တမ်းဗီဒီယိုတွင် ရခိုင်ပြည်နယ်ပြဿနာနှင့်ပတ်သက်၍ ပြောကြားခဲ့ရာတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုသော အသုံးအနှုံးကို သုံးစွဲနိုင်လောက်သော သတိပေးချက်လက္ခဏာများရှိနေသည်ဟု ပြောကြားခဲ့သည်။
“အဲဒီမှာဖြစ်နေတာတွေက ဒီစကားလုံးကိုသုံးနိုင်လောက်တဲ့အနေအထားကို ဦးတည်နေတယ်။ ကလေးမွေးခွင့်နဲ့ လူမျိုးစုရဲ့ Identity သတ်မှတ်မှုကို ငြင်းပယ်ခြင်း၊ ဒီလူမျိုးတွေဟာ နောက်ဆုံးမှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ပြီး သူတို့ရဲ့သမိုင်းကို အသိအမှတ်မပြုတာ၊ သူတို့ရဲ့နေရာမှာ နေထိုင်ခွင့်ကို ငြင်းပယ်တာ၊ ဒီအချက်တွေအားလုံးက လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားလုံးကိုသုံးနှုံးလောက်တဲ့ အလေးအနက် ရှုမြင်လို့ရတဲ့ သတိပေးချက် အရိပ်လက္ခာဏာတွေဖြစ်ပါတယ်”ဟု ဝီလျံရှားဘတ်က Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဂမ်ဘီယာနိုင်ငံဘက်မှ လျှောက်လဲချက်များပြီးစီး၍ မြန်မာဘက်မှ တန်ပြန်လျှောက်လဲချက်ကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ဆက်လက်ကြားနာမည်ဖြစ်သည်။
မော်ရိုး
(Zawgyi)
ဂမ်ဘီယာနိုင်ငံဘက်မှ ရှေ့နေက ဝီလျံရှားဘတ်၏ Al Jazeera သတင်းဌာသို့ ပြောကြားချက်ကို တင်ပြချေပ
------ ------ ------ ----- -----

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံ၏ အပြီးသတ်လျှောက်လဲချက်ကို ကြားနာလျက်ရှိရာ ဂမ်ဘီယာနိုင်ငံဘက်မှာ ရှေ့နေ Professor Philippe Sands က မြန်မာဘက်မှရှေ့နေ Professor William Schabas ၏ ၂၀၁၃ ခုနှစ်အတွင်းက Al Jazeera သတင်းဌာသို့ ပြောကြားချက်အပေါ် ပြန်လည်ကိုးကား၍ ချေပသွားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေသော ရှေ့နေဝီလျံရှားဘတ်သည် ၂၀၁၃ အောက်တိုဘာ ၃၀ ရက်တွင် Aljazeera သတင်းဌာကထုတ်လွှင့်ခဲ့သည့် The Hidden Genocide မှတ်တမ်းဗီဒီယိုတွင် ရခိုင်ပြည်နယ်ပြဿနာနှင့်ပတ်သက်၍ ပြောကြားခဲ့ရာတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုသော အသုံးအနှုံးကို သုံးစွဲနိုင်လောက်သော သတိပေးချက်လက္ခဏာများရှိနေသည်ဟု ပြောကြားခဲ့သည်။
“အဲဒီမှာဖြစ်နေတာတွေက ဒီစကားလုံးကိုသုံးနိုင်လောက်တဲ့အနေအထားကို ဦးတည်နေတယ်။ ကလေးမွေးခွင့်နဲ့ လူမျိုးစုရဲ့ Identity သတ်မှတ်မှုကို ငြင်းပယ်ခြင်း၊ ဒီလူမျိုးတွေဟာ နောက်ဆုံးမှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ပြီး သူတို့ရဲ့သမိုင်းကို အသိအမှတ်မပြုတာ၊ သူတို့ရဲ့နေရာမှာ နေထိုင်ခွင့်ကို ငြင်းပယ်တာ၊ ဒီအချက်တွေအားလုံးက လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားလုံးကိုသုံးနှုံးလောက်တဲ့ အလေးအနက် ရှုမြင်လို့ရတဲ့ သတိပေးချက် အရိပ်လက္ခာဏာတွေဖြစ်ပါတယ်”ဟု ဝီလျံရှားဘတ်က Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဂမ်ဘီယာနိုင်ငံဘက်မှ လျှောက်လဲချက်များပြီးစီး၍ မြန်မာဘက်မှ တန်ပြန်လျှောက်လဲချက်ကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ဆက်လက်ကြားနာမည်ဖြစ်သည်။
မော်ရိုး

No comments:

Post a Comment

My Blog List