Thursday, December 12, 2019

၄၅ဦးကော်မတီ၏ လုပ်ဆောင်ချက်များကို Live လွှင့်ပေးရန် တပ်မတော်သားကိုယ်စားလှယ် တိုက်တွန်းအကြံပြု

Image may contain: 4 people, people sitting
ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးထားသည့် ၄၅ ဦးပါဝင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ၏ နေ့စဉ်အစည်းအဝေးဆောင် ရွက် ချက်များကို Live လွှင့်ပေးရန် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကအကြံပြုပြောဆိုလိုက်သည်။

“ဒီနေရာမှာ တိုင်းရင်းသားပြည်သုူလုူထုတစ်ရပ်လုံး (၄၅)ဦးကော်မတီရဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာ သိအောင်ဖော်ပြဖို့ ဆန္ဒများရှိမလားလို့ပါ. ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုရှိအောင် တိုင်းရင်းသားများအရေး ဦးစားပေးတယ်ဆိုတာလဲ ပေါ်လွင်လာအောင် ယခု ဆွေးနွေးနေတဲ့ (၄၅)ဦးကော်မတီရဲ့ နေ့စဉ်အစည်းအဝေးဆောင်ရွက်နေမှုများကို သတင်းရယူခွင့်ပြုခြင်း၊ တစ်နိုင်ငံလုံးစောင့်ကြည့်နေသော ပြည်သူလုူထု တစ်ရပ်လုံးအတွက် အစည်းအဝေးကျင်းပနေချိန် (Live) လွှင့်ပေးလိုက်ရင်ကောင်းမလားလို့ပါ”ဟု ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကပြောသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကရင်ပြည်နယ်မဲ ဆန္ဒနယ် အ မှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၅)ဦး တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာ စိစစ် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအားဆွေးနွေးရာတွင် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
(၄၅)ဦးကော်မတီ၏ တာဝန်အပိုဒ်(၄)၊အပိုဒ်ခွဲ(ဌ)ကိုဆောင်ရွက်နေ သည့်အချိန်ကိုရောက်ရှိနေခြင်း ဖြစ် သကဲ့သို့ တိုင်းရင်းသားပြည် သူလုူထု တစ် ရပ်လုံးအတွက် ပြင်ဆင်နေခြင်းဖြစ်သောကြောင့် အစည်း အဝေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လျှို့ဝှက်ရန်မလိုအပ်ကြောင်း သုံးသပ်မိသည့် အတွက် Live လွှင့်ရန် အကြံပြု တင်ပြရခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကအကြံပြုတင်ပြခဲ့သည်။
လက်ရှိအခြေအနေတွင် (၄၅)ဦးဖြင့် ဖွဲ့စည်းထားသည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဥပဒေမူကြမ်းစိ စစ်ရေးဆွဲနေဆဲဖြစ်ပြီး တစ်နည်းအားဖြင့် မြေစမ်းခရမ်းပျိုးအဆင့်သာဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကပြောသည်။
ထို့အတူ (၃၀)ဦးဖြင့်ဖွဲ့စည်းထားသည့်လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ၏တာဝန်သည် လွှတ်တော်သို့ တင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို စိစစ်ပြီး လွှတ်တော်ကိုတင်ပြ ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေကြမ်း(၃၀)ဦးကော်မတီက လေ့လာစိစစ်ခြင်းမပြုဘဲ(၄၅)ဦးဖြင့်ဖွဲ့စည်းထားသည့် ကော်မတီနှင့် ပူးပေါင်းရန် ဆောင်ရွက်ခြင်းသည် (၃၀)ဦးပါ လေ့လာစိစစ်ရေးပူးပေါင်းကော် မတီ၏လုပ် ဆောင် ချက်ကိုပျောက်ကွယ်သွားအောင်လုပ်နေသည်ဟု ထင်မြင်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို လွှမ်းခြုံပြင်မည်ဆိုပြီး ဆောင်ရွက် လာကြခြင်း သည် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီ (၁၄)ခုမှ ပြင်ဆင်ရန်အကြံပြုချက် (၃၇၆၅) ချက် ရှိသည်ကိုတွေ့ရပြီး ယင်း (၃၇၆၅)ချက်လုံးကို ဆွေးနွေးညှိုနှိုင်းတိုင်ပင်အတည်ပြုကြမည်ဆိုလျှင် ဥပဒေ ကြမ်း အနေဖြင့် ဖြစ်လာနိုင်ဖွယ် လုံးဝမရှိကြောင်း လည်း ၎င်းကပြောသည်။
ထိုသို့ မပြီးပြီးအောင် မဲစနစ်ဖြင့်သာ ဆုံးဖြတ်ချက် ရယူလုပ်ဆောင်မည် ဆိုပါက နာယကကြီး အမိန့်ရှိခဲ့သည့်အတိုင်း လွှတ်တော်သက်တမ်း အတွင်း ပြီးစီး နိုင်မည်ဟု တွက်ဆကြောင်း ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေက ပြောဆိုခဲ့သည်။
လက်ရှိမှာတော့ ၄၅ ဦး ပါဝင်သည့် ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၃ ဦးမှ နှုတ်ထွက်ထားသည့် အတွက် ၄၂ ဦးဖြင့်သာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Unicode
၄၅ဦးကော်မတီ၏ လုပ်ဆောင်ချက်များကို Live လွှင့်ပေးရန် တပ်မတော်သားကိုယ်စားလှယ် တိုက်တွန်းအကြံပြု
ဒီဇင်ဘာ ၁၂
ယဉ်ကေနွယ်

ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးထားသည့် ၄၅ ဦးပါဝင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ၏ နေ့စဉ်အစည်းအဝေးဆောင် ရွက် ချက်များကို Live လွှင့်ပေးရန် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကအကြံပြုပြောဆိုလိုက်သည်။
“ဒီနေရာမှာ တိုင်းရင်းသားပြည်သုူလုူထုတစ်ရပ်လုံး (၄၅)ဦးကော်မတီရဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာ သိအောင်ဖော်ပြဖို့ ဆန္ဒများရှိမလားလို့ပါ. ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုရှိအောင် တိုင်းရင်းသားများအရေး ဦးစားပေးတယ်ဆိုတာလဲ ပေါ်လွင်လာအောင် ယခု ဆွေးနွေးနေတဲ့ (၄၅)ဦးကော်မတီရဲ့ နေ့စဉ်အစည်းအဝေးဆောင်ရွက်နေမှုများကို သတင်းရယူခွင့်ပြုခြင်း၊ တစ်နိုင်ငံလုံးစောင့်ကြည့်နေသော ပြည်သူလုူထု တစ်ရပ်လုံးအတွက် အစည်းအဝေးကျင်းပနေချိန် (Live) လွှင့်ပေးလိုက်ရင်ကောင်းမလားလို့ပါ”ဟု ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကပြောသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကရင်ပြည်နယ်မဲ ဆန္ဒနယ် အ မှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၅)ဦး တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာ စိစစ် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအားဆွေးနွေးရာတွင် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် (၄၅)ဦးဖြင့် ဖွဲ့စည်းထားသည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဥပဒေမူကြမ်းစိ စစ်ရေးဆွဲနေဆဲဖြစ်ပြီး တစ်နည်းအားဖြင့် မြေစမ်းခရမ်းပျိုးအဆင့်သာဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေကပြောသည်။
ထို့အတူ (၃၀)ဦးဖြင့်ဖွဲ့စည်းထားသည့်လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ၏တာဝန်သည် လွှတ်တော်သို့ တင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို စိစစ်ပြီး လွှတ်တော်ကိုတင်ပြ ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေကြမ်း(၃၀)ဦးကော်မတီက လေ့လာစိစစ်ခြင်းမပြုဘဲ(၄၅)ဦးဖြင့်ဖွဲ့စည်းထားသည့် ကော်မတီနှင့် ပူးပေါင်းရန် ဆောင်ရွက်ခြင်းသည် (၃၀)ဦးပါ လေ့လာစိစစ်ရေးပူးပေါင်းကော် မတီ၏လုပ် ဆောင် ချက်ကိုပျောက်ကွယ်သွားအောင်လုပ်နေသည်ဟု ထင်မြင်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို လွှမ်းခြုံပြင်မည်ဆိုပြီး ဆောင်ရွက် လာကြခြင်း သည် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီ (၁၄)ခုမှ ပြင်ဆင်ရန်အကြံပြုချက် (၃၇၆၅) ချက် ရှိသည်ကိုတွေ့ရပြီး ယင်း (၃၇၆၅)ချက်လုံးကို ဆွေးနွေးညှိုနှိုင်းတိုင်ပင်အတည်ပြုကြမည်ဆိုလျှင် ဥပဒေ ကြမ်း အနေဖြင့် ဖြစ်လာနိုင်ဖွယ် လုံးဝမရှိကြောင်း လည်း ၎င်းကပြောသည်။
ထိုသို့ မပြီးပြီးအောင် မဲစနစ်ဖြင့်သာ ဆုံးဖြတ်ချက် ရယူလုပ်ဆောင်မည် ဆိုပါက နာယကကြီး အမိန့်ရှိခဲ့သည့်အတိုင်း လွှတ်တော်သက်တမ်း အတွင်း ပြီးစီး နိုင်မည်ဟု တွက်ဆကြောင်း ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေက ပြောဆိုခဲ့သည်။
လက်ရှိမှာတော့ ၄၅ ဦး ပါဝင်သည့် ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၃ ဦးမှ နှုတ်ထွက်ထားသည့် အတွက် ၄၂ ဦးဖြင့်သာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

My Blog List