Friday, December 13, 2019

မြန်မာနိုင်ငံကို တရားစွဲဆိုထားမှု ပယ်ဖျက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

Image may contain: 1 person, closeup
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုတရားစွဲဆိုထားမှုအား ပယ်ဖျက်ပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုမှုနဲ့ပတ်သက်လို့ တတိယနေ့ ကြားနာပွဲမှာ မြန်မာဘက်က ဒုတိယအကြိမ် ပြန်လည်လျှောက်လှဲချက်ပေးရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုသွားတာပါ။
မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေရှိပြီး အဲဒီကိစ္စရပ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ စိန်ခေါ်မှုများ ရှိနေကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုက ရခိုင်ပြည်နယ်မှာ ပြဿနာတွေပြန်ဖြစ်အောင် လှုံ့ဆော်ပေးသလိုမျိုးဖြစ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်ဖွယ်ရှိနေပြီး ၂၀၁၆-၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမျိုးထပ်မံမဖြစ်ပွားအောင်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
တရားသူကြီးများရဲ့ဆုံးဖြတ်ချက်နဲ့ အမြင်များသည် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မတူကွဲပြားမှုတွေကို စုစည်းညီညွတ်မှုဖြစ်အောင်လုပ်ဆောင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။
သတင်း - ZMO
Ref; Strait Times ၊ Reuters
Photo - EPA
.................................................................
(Unicode Version)
#LatestNews

No comments:

Post a Comment

My Blog List